နေမကောင်းတဲ့ ခွေးအကိုကြီးအတွက် သူ့ရဲ့အိပ်ရာယူလာပြီး ခင်းပေးခဲ့တဲ့ ခွေးညီလေး

[email protected]_spanky

ခွေးကလေးတွေဆိုတာ လူတွေရဲ့ အချစ်ဆုံး အိမ်မွေးတိရစ္ဆာန်လေးတွေ ဖြစ်ကြသလို လူတွေရဲ့ အကောင်းဆုံးမိတ်ဆွေ တွေဆိုလည်း မမှားပါဘူး။ လူတေ့အပေါ် သစ္စာအရှိဆုံးကလည်း ခွေးကလေးတွေပဲ ဖြစ်သလို တိရစ္ဆာန်အချင်းချင်း ချစ်ခင်ကြင်နာကြတာလည်း ခွေးကလေးတွေပါပဲ။ အခုလည်း နေမကောင်းဖြစ်နေတဲ့ ခွေးအကိုကြီးအတွက် အိပ်ဖို့အိပ်ရာကို ခွေးညီကလေးက သူ့ရဲ့ အိပ်ရာကို တကူးတကယူလာပြီး ခင်းပေးခဲ့ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ခွေးအကိုကြီးကတော့ အသက် ၈ နှစ်အရွယ် Roman ဖြစ်ပြီး ခွေးညီကလေးကတော့ အသက် ၆ နှစ်အရွယ် Spanky ပဲ ဖြစ်ကြပါတယ်။ သူတို့ညီအကို နှစ်ယောက်စလုံးဟာ သခင်တစ်ယောက်တည်းဆီမှာပဲ ငယ်ငယ်လေးကတည်းက အတူတူကြီးပြင်းလာခဲ့ကြတဲ့ ငယ်မွေးခြံပေါက် ခွေးညီနောင်ပဲ ဖြစ်ပါတယ်။ ညီအကိုဖြစ်တာနဲ့အညီ တစ်ကောင်နဲ့တစ်ကောင်လဲ အရမ်းသံယောဇဉ်ကြီးရှာကြပါတယ်။

မကြာသေခင်အချိန်က Roman ဟာ နားဒဏ်ရာအတွက် ခွဲစိတ်ကုသမှု ယူထားရပြီး အနာအရှိန်နဲ့ ဖျားနေတာကြာပါပြီ။ ဒါ့ကြောင့် တစ်နေ့တစ်နေ့ အမြဲတမ်းလဲလျောင်းပြီး အရင်လို သူ့ညီ Spanky နဲ့ တက်တက်ကြွကြွ မဆော့နိုင်တော့ပါဘူး။ ဒါပေမယ့် တစ်နေ့မှာတော့ အိမ်ထဲမှာတပ်ထားတဲ့ CCTV ကနေ အလွန်ချစ်စဖွယ်ကောင်းတဲ့ မြင်ကွင်းလေးတစ်ခုကို မြင်ခဲ့ရပါတယ်။ အဲဒါကတော့ Spanky လေးဟာ သူ့အကို Roman တစ်ယောက် ဒီအတိုင်းအိပ်နေတာကို တွေ့သွားပြီး သိပ်မကြာခင်မှာပဲ သူ့အိကုအတွက် သူ့ရဲ့ အိပ်ရာလေးယူလာပြီး သူ့အကို Roman ကို နွေးနွေးထွေးထွေး အိပ်စက်ခိုင်းခဲ့ပါတယ်။

READ
Las Vegas မြို့အနှံ့မှာ Cowboy ဦးထုပ်လေးဆောင်ပြီး လျှေက်သွားနေတဲ့ ခိုကလေးတွေ

https://www.instagram.com/p/BQJvF8ZDxFF/

“သူတို့နှစ်ကောင်က ချစ်တာထက် သံယောဇဉ်ကြီးတာဗျ။ ငယ်ငယ်လေးကတည်းက ညီအကိုနှစ်ယောက်အတူတူ ကြီးလာတာကြောင့်လည်းပါမယ်။ ဆော့ရင်လည်း နှစ်ကောင်အတူတူ၊ အိပ်ရင်လည်းအတူတူ၊ ရေချိုးရင်တောင် အတူတူချိုးပေးရတယ်။ တစ်ယောက်နဲ့တစ်ယောက် မတွေ့ရင်လည်း အသံတွေပေးပြီးလိုက်ရှာရတာအမော။ သူတို့နှစ်ကောင်ကြောင့်နဲ့ တစ်နေ့တစ်နေ့ အိမ်မှာ ပျင်းရတယ်ဆိုတာကို မရှိသလောက်ပါပဲဗျာ” လို့ သခင်ဖြစ်သူ Jackie Rogers က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE