တစ်ကိုယ်တော် ကားစီးပြီး နေ့တိုင်း ပန်းခြံဆီ အလည်သွားလေ့ရှိတဲ့ ခွေးမလေး

အမေရိကန် ဆီယာတယ်မြို့က အီကလစ်အမည်ရတဲ့ ခွေးမလေးတစ်ကောင်ဟာ အမှီအခိုကင်းပြီး ဥာဏ်ကောင်းလွန်းတဲ့ ခွေးတစ်ကောင် ဖြစ်ပါတယ်။ သူမက တစ်ကောင်တည်း ဘတ်စ်ကား တက်စီးလေ့ရှိပြီး ပန်းခြံဆီ အလည်သွားလေ့ရှိပါတယ်။ အစတုန်းကတော့ အီကလစ်ဟာ ပန်းခြံကို သခင်ဖြစ်သူ ဂျက်ဖ်ယန်းနဲ့ အတူ သွားလေ့ရှိပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ (၂) နှစ်သမီးအရွယ် လဘရာဒေါခွေးအမျိုးအစားဖြစ်တဲ့ အီကလစ်ဟာ သခင်နဲ့ အတူ ပန်းခြံသွားဖို့ ကားဂိတ်ဆီ ထွက်လာပါတယ်။

weloveanimals

သခင်အလစ်မှာ အီကလစ်ဟာ ကားတစ်စီးပေါ်ကို  လှစ်ခနဲ တက်လိုက်သွားခဲ့ပါတယ်။ ဂျက်ဖ်ယန်းကတော့ သူမပါဘဲ ဘတ်စ်ကားတက်စီးသွားတဲ့ အီကလစ်ကို တအံ့တသြနဲ့ ကြည့်နေရင်း နောက်လာတဲ့ ဘတ်စ်ကားပေါ်တက်တာ အီကလစ်နောက်ကို အမြန်လိုက်လာခဲ့ပါတယ်။ ဥာဏ်ကောင်းတဲ့ အီကလစ်က သူဘယ်မှတ်တိုင်မှာ ဆင်းရမလဲဆိုတာ သိပါတယ်။ ခါတိုင်းသခင်နဲ့ သူဆင်းနေကျ မှတ်တိုင်မှာ ဆင်းပြီး ပန်းခြံထဲသွားဖို့ ဂျက်ဖ်ယန်းကို ကြိုစောင့်နေခဲ့ပါတယ်။

READ
ကင်ဂျုံအန်ကို ပြုံးနေပုံပေါက်အောင် ဖိုတိုရှော့နဲ့ပြင်ခဲ့တဲ့ ရုရှားရုပ်သံလိုင်းတစ်ခု
weloveanimals

သခင်ဖြစ်သူက ဒါကို တွေ့လိုက်ရတဲ့အခါ အရမ်းအံ့သြသွားခဲ့ပါတယ်။ ဂျက်ဖ်ယန်းက အီကလစ်ဟာ ဘတ်စ်ကားစီးကြတဲ့အခါ ပြတင်းပေါက်ဘေးမှာ ထိုင်ရတာကို နှစ်သက်ကြောင်းနဲ့ အပြင်ဘက်က ရှုခင်းတွေကို လိုက်ကြည့်လိုက်မှတ်ရင်း နေတတ်ကြောင်း ဆိုပါတယ်။ အီကလစ်ဟာ ကိုယ်တိုင် ကားစီးပြီး ပန်းခြံဆီသွားတတ်ပြီ ဖြစ်တာကြောင့် ဂျက်ဖ်ယန်းဟာ အခုဆိုရင် အီလစ်ကို တစ်ကောင်တည်း ပန်းခြံဆီသွားဖို့ လွှတ်ပေးနေပါပြီ။

အီကလစ်ဟာ လူနဲ့ အရမ်းယဉ်ပါးတဲ့ ခွေးမလေးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ပန်းခြံသွား ခရီးစဉ်တစ်လျှောက်မှာ ကြုံဆုံရတဲ့ ခရီးသွားဖော်တွေကိုလည်း ဖော်ဖော်ရွေရွေနဲ့ နှုတ်ဆက်တတ်ပါတယ်။ ဘတ်စ်ကားစီးတတ်တဲ့ အီကလစ်နဲ့ မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရတဲ့ သူတွေကတော့ ဒီလောက်လည်တဲ့ ခွေးရှိမှန်း ကိုယ့်မျက်စိကိုယ်မယုံနိုင်တာကြောင့် အီကလစ်နဲ့ တွဲပြီး ဓာတ်ပုံတွေတောင် ရိုက်ကြကြောင်းလည်း သိရပါတယ်။

လင်းလင်း (ShweMom)

Ref: weloveanimals

SHARE