ထူထပ်လွန်းတဲ့ အမွှေးကျပ်ခဲကြီးကြောင့် ဒုက္ခရောက်ခဲ့ရာမှ နေပြန်ကောင်းလာပြီဖြစ်တဲ့ ခွေးလေး

twitter/Nebraska Humane

အယ်လီမေအမည်ရတဲ့ ခွေးမလေးတစ်ကောင်ဟာ တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာကို ရောက်လာစတုန်းက အခြေအနေတော်တော်ဆိုးနေတာပါ။ ဘယ်လောက်ထိအောင် အခြေအနေဆိုးလည်းဆိုရင် သူ့ကိုယ်မှာ အမွှေးတွေက ရှည်ထွက်ပြီး ကျပ်ခဲကြီးဖြစ်နေတဲ့အတွက် ဘာကောင်လို့ ခေါ်ရမှန်းတောင် မသိတဲ့ အနေအထားမျိုး ဖြစ်ခဲ့တာပါ။

twitter/Nebraska Humane
twitter/Nebraska Humane

ဒါကြောင့် နီဘရာစကာဂေဟာကနေ အယ်လီကို လုံးဝအသွင်ပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။ အယ်လီဟာ သူရဲ့ ရှုပ်ပွညစ်ထွေးနေတဲ့ အမွှေးတွေကြောင့် ရုပ်တောင်မပေါ်ခဲ့ပါဘူး။ ဒါပေမယ့် ဂေဟာက ၀န်ထမ်းတွေက စိတ်ရှည်လက်ရှည်နဲ့ အယ်လီကို ပြင်ဆင်သုတ်သင်ပေးပြီးနောက်မှာတော့ အယ်လီဟာ ပြန်လည်လန်းဆန်းပြီး တောက်ပလာခဲ့တာကို Boredpanda ကနေ တွေ့ရပါတယ်။

twitter/Nebraska Humane

ဂေဟာက အယ်လီ နေအမြန်ဆုံးပြန်ကောင်းလာဖို့နဲ့ သခင်သစ်ရှာတွေ့နိုင်ဖို့အရေးကို အကူညီပေးခဲ့ပါတယ်။ အယ်လီရဲ့ ဒဏ်ရာတွေကိုလည်း ကုသပေးခဲ့ပါတယ်။ အယ်လီမှာ ရောဂါတွေလည်း အများကြီးပါလာခဲ့ပါသေးတယ်။ အယ်လီရဲ့သခင်က ဆုံးသွားပြီးတဲ့နောက် သူမမှာ ဂရုစိုက်ပြုစုစောင့်ရှောက်မယ့်သူမရှိပဲ နေလာခဲ့ရာက အခုလို အမွှေးတွေကြောင့် မလှုပ်မရှားနိုင်နဲ့ ဘ၀ဆုံးလုနီးဖြစ်ခဲ့ရတာပါ။

READ
ဆင်းဒွစ် တစ်ခုက အစပြုခဲ့တဲ့ မီးရထားပေါ်က စိတ်လှုပ်ရှားစရာရန်ပွဲ ဗီဒီယို
twitter/Nebraska Humane

ဒါပေမယ့် ဂေဟာဝန်ထမ်းတွေကြောင့် မေတ္တာ၊စေတနာတွေကြောင့် အယ်လီက အခုဆို အရင်ရုပ်နဲ့တောင် မတူတော့ပါဘူး။ ဂေဟာအနေနဲ့ကတော့ အယ်လီကို သုတ်သင်ရှင်းလင်းရေးလုပ်ပေးရတာ အချိန်တော်တော်ကြာပါတယ်။ ဒီထဲက အခက်ဆုံးအပိုင်းကတော့ အယ်လီကို ယုံကြည်မှုပြန်ရအောင် လုပ်ပေးရတဲ့အပိုင်းပါ။ သူမဟာ လေးဖက်နာ၊ ကြွက်သားတွေလျော့နေတဲ့ရောဂါနဲ့ အူကျွံနာတွေလည်း ပါလာပါသေးတယ်။ အောက်မှာ တွေ့ရမှာကတော့ ဂေဟာရောက်ပြီး နှစ်ပတ်အကြာမှာ တွေ့ရတဲ့ အယ်လီရဲ့ ပုံရိပ်တွေဖြစ်ပြီး အခုတော့ အယ်လီကို ဂေဟာက သခင်သစ်ရှာပေးနေကြောင်း သိရပါတယ်။

twitter/Nebraska Humane
twitter/Nebraska Humane

လင်းလင်း (ShweMom)

SHARE