အကင်ဝယ်ဖို့ လူတွေအတိုင်း စည်းကမ်းလိုက်နာနေတဲ့ ခွေးလေးရဲ့ချစ်စရာပုံရိပ်လေး

Facebook- Nasi Lemak Jambatan Tamparuli

တိရိစ္ဆာန်လေးတွေ ဥာဏ်မရှိဘူးဆိုတာ ဘယ်ဟုတ်မလဲ။ လူတွေနဲ့ပဲ အနေများလို့လားမသိဘူး။ ခွေးလေးတွေ၊ ကြောင်လေးတွေဆိုရင် လူစကားလည်း နားလည်နေပြီး အလိုက်လည်းတော်တော်လေးကို သိတတ်နေကြပြီ။ အခုလည်း မလေးရှားမှာ ခွေးလေးတစ်ကောင်ကြောင့် အင်တာနက်ပေါ်မှာ အချစ်တွေပိုနေရပြန်ပါပြီ။

Sarawak မှာပေါ့။ ထမင်းကြော်ဆိုင်တစ်ဆိုင်ရှိတယ်။ အဲဒီဆိုင်က အရမ်းကောင်းပြီး နာမည်ကြီးလွန်းလို့ အမြဲတမ်း လူတွေတန်းစီပြီးကို စောင့်ဝယ်နေရတာပါ။ အဲီမှာ နေ့တိုင်းလိုလို လာရောက်စားသုံးနေကျ ဖောက်သည်ကြီးတစ်ယောက်လည်း ရှိပါသေးတယ်။ သူပါပဲ။

Facebook-Nasi Lemak Jambatan Tamparuli

ခွေးလေးတစ်ကောင်ဟာ အဲဒီဆိုင်ကို အမြဲတမ်းလာပြီး ဆိုင်ရှင်ဆီကနေ ထမင်းကြော်နဲ့အကင်လာလာတောင်းစားလေ့ရှိသတဲ့။ ဒါပေမဲ့ သူအကင်လာတောင်းစားပုံက တခြားခွေးတွေနဲ့မတူဘဲ အဆန်းလေးနော်။ ဘာလို့လဲဆိုတော့ လူတွေ်ထမင်းကြော်ဝယ်ဖို့ တန်းစီနေတဲ့ လမ်းကြောင်းအတိုင်း သူကလည်း လူတွေလိုပဲ ငြိမ်ငြိမ်လေး တန်းစီနေခဲ့တာပါ။

COVID စည်းကမ်းကိုလည်း လိုက်နာပြီး စည်းအဖြူတားထားတဲ့နေရာမှာပဲ စောင့်နေတာနော်။ ရှေ့ကတစ်ယောက်အရှေ့တိုးမှ သူလည်း နောက်စည်းအဖြူကို လိုက်တိုးတာတဲ့ဗျာ။ တော်တော်လေး သိတတ်တဲ့ခွေးလေး။

READ
အလုပ်အစည်းအဝေးကို Video Call နဲ့လုပ်နေတုန်း မေ့ပြီးအိမ်သာတက်မိတဲ့ အမျိုးသမီး
Facebook-Nasi Lemak Jambatan Tamparuli

ခွေးလေးကို ချစ်လွန်းလို့ဆိုပြီး ဆိုင်ရှင်က ဓာတ်ပုံရိုက်တင်ခဲ့ရာမှ အခုဆိုရင် react ပေးထားတဲ့လူပေါင်း 6.5K တောင်ရှိနေပါပြီ။ Post ရဲ့အောက်က comment တွေထဲမှာ ဗီဒီယိုတွေလည်းရှိသေးတယ်နော်။

Gerai Nasi lemak ini bukan sahaja dikunjungi orang ramai namun abang long kawasan juga tidak melepaskan peluang bagi…

Posted by Nasi Lemak Jambatan Tamparuli on Monday, July 27, 2020

penny

SHARE