တစ်နာရီလောက်ကြာအောင် ကားကိုနောက်ပြန် ပတ်မောင်းနေခဲ့တဲ့ ခွေးလေး

facebookPort, St. Lucie Police Department

တိရစ္ဆာန်လေးတွေဟာ လူတွေအတွက် ရယ်စရာကောင်းတဲ့ ထူးထူးဆန်းဆန်း အပြုအမူလေးတွေကို လုပ်တတ်ကြပါတယ်။ အခုတစ်ခါမှာလည်း လစ်ဘရာဒေါ်ရီထရီဗာ ခွေးလေးတစ်ကောင်ရဲ့ဗီဒီယိုကို storypick ကနေတဆင့် အွန်လိုင်းပေါ်မှာ တွေ့မြင်ရပါတယ်။ ဒီဗီဒီယိုကိုတော့ ပေါ့တ်စိန့်လူစီ ရဲဌာနကနေ မကြာသေးခင်ကမှ မျှဝေထားတာပါ။

ရဲဌာနကတော့ သူတို့ဟာ ခွေးတစ်ကောင် ကားထဲပိတ်မိနေတယ်ဆိုတဲ့ သတင်းကြောင့် အခင်းဖြစ်တဲ့နေရာကို ရောက်လာခဲ့ကြတယ်လို့ ဆိုပါတယ်။ ဟိုရောက်တော့ ကားထဲမှာ ငြိမ်ငြိမ်လေး ထိုင်ပြီး စိတ်လှုပ်ရှားစွာနဲ့ အူနေမယ့် ခွေးအစား ကားကို ပြောင်းပြန်ပတ်မောင်းနေတဲ့ ခွေးတစ်ကောင်ကိုသာ အံ့သြစဖွယ် တွေ့လိုက်ရတာ ဖြစ်ပါတယ်။

facebookPort, St. Lucie Police Department

ယာဉ်မောင်းနေတဲ့ ခွေးလေးဟာ အနက်ရောင်ဖြစ်ပြီး နာမည်ကတော့ မက်စ်လို့ သိရပါတယ်။ ဖြစ်ပုံကတော့ ခွေးပိုင်ရှင်ဟာ မက်စ်ကို မေ့ပြီး ကားထဲမှာ ထားခဲ့ကာ တံခါးပိတ်ခဲ့မိတာ ဖြစ်ပါတယ်။ ဒါနဲ့ပဲ မက်စ်ဟာ ဂီယာကို ရုတ်တရက် ထိမိခဲ့တာ ဖြစ်နိုင်ပြီး ကားဟာ နောက်ပြန် တစ်ပတ်လည်ပတ်ပြီး သွားနေခဲ့တာပါ။ လမ်းသွားလမ်းလာတစ်ဦးကတော့ “ပထမတော့ ကားက နောက်ပြန်ကြီး တစ်ပတ်ပြီး တစ်ပတ်သွားနေလို့ ဒီယာဉ်မောင်းက ဘာလုပ်နေတာလဲ ထင်နေတာ။ ရဲတွေ ရောက်လာမှပဲ အဆင်ပြေတော့တယ်…” လို့ ပြောပြပါတယ်။

READ
သခင်တွေရဲ့ စိတ်ကို အရည်ပျော်အောင်လုပ်နိုင်ကြတဲ့ တိရစ္ဆာန်လေးတွေရဲ့ ပုံရိပ်များ


မက်စ်ကတော့ အထဲမှာ ကားကို ပတ်စီးပြီး ပျော်နေမလားတော့ မသိပါဘူး။ ဒါပေမယ့် မက်စ်ရဲ့ အပျော်ဟာ ရဲသားကြီးတွေ ရောက်လာတဲ့အခါမှာတော့ ပြေပျောက်သွားရပါတော့တယ်။ ကားအရှိန်နှေးသွားတဲ့အခါ ရဲတွေဟာ ကားတံခါးကို လော့ခ်ဖြည်နိုင်ခဲ့ပါတယ်။ မျက်မြင်သက်သေတစ်ဦးဖြစ်တဲ့ ဆာဘော်ကလည်း “ကျွန်တော် ဒီကားကို စက်ဝိုင်းပုံ တစ်ပတ်ပြီးတစ်ပတ်သွားနေတာ မြင်ခဲ့ရတယ်။ တစ်နာရီလောက်တော့ ကြာမယ်ထင်တယ်။ ရဲတွေရောက်လာလို့ ကားတံခါးလည်း ပွင့်သွားရော ခွေးတစ်ကောင်က ကားထဲနေ ခုန်ထွက်လာတယ်။ ကျွန်တော်တော့ ဒီခွေးကို လိုင်စင်ပေးသင့်တယ် ထင်တာပဲ…” လို့ပြောပြခဲ့ပါတယ်။ ဖော်ပြါ အခင်းဖြစ်စဉ်မှာ တစ်ဦးတစ်ဦးမှ ထိခိဒဏ်ရာ မရရှိဘူးလို့ သိရပါတယ်။

လင်းလင်း (ShweMom)

SHARE