ခွေးလေလည်တာ အနံ့ပြင်းလွန်းလို့ အန်ထွက်တဲ့အထိ ဖြစ်ရတဲ့ ကြောင်လေးရဲ့ ဗီဒီယို

အိမ်မွေးတိရစ္ဆာန်လေးတွေဟာ အိမ်ရှင်တွေကို မဆုံးနိုင်တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့အတူ အတောမသတ်နိုင်တဲ့ ရယ်သံတွေ၊ပျော်ရွှင်မှုတွေကို ပေးနိုင်ပါတယ်။ ကိုယ်မွေးထားတဲ့ ကြောင်လေး ခွေးလေးတွေက ကိုယ်အလုပ်က ပြန်လာတဲ့အခါ ကိုယ့်နားပြေးလာပြီး ကြိုဆိုတာ၊ တီဗီကြည့်နေရင်း ကိုယ့်ဆီ ပွတ်သီးပွတ်သတ် ကျီစယ်တာမျိုးတွေဟာ တစ်နည်းတစ်ဖုံအားဖြင့် စိတ်အပန်းပြေစရာပါ။ ဒါပေမယ့် အိမ်မွေးတိရစ္ဆာန် မွေးထားလို့ ကောင်းကျိုးချည်းပဲ ပေးတာလားဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ တစ်ခါတစ်လေ ကိုယ်မွေးထားတဲ့ ကြောင်လေးက ကြွက်ကို ကိုယ့်ကုတင်ဘေးနား ချီလာတာ၊ ပစ္စည်းတွေကို ကုတ်ဖြဲပစ်တာ စတဲ့ တိရစ္ဆာန်လေးတွေနဲ့ပတ်သက်လို့ စိတ်ညစ်ညူးစရာလေးတွေလည်း ရှိပါသေးတယ်။

အောက်မှာ တွေ့ရတဲ့ ဗီဒီယိုဖိုင်ကတော့ အိမ်တစ်အိမ်မှာ မွေးထားတဲ့ ခွေးတစ်ကောင်နဲ့ ကြောင်တစ်ကောင်တို့ကို ဗီဒီယိုရိုက်ကူးထားတဲ့ ပုံပါ။ ဗီဒီယိုထဲမှာတော့ အညိုရောင်ခွေးကြီးတစ်ကောင်ဟာ ကြမ်းပြင်ပေါ်မှာ ကျကျနန ထိုင်ပြီး ရုပ်တည်ကြီးနဲ့  သံရှည်ဆွဲပြီး လေလည်နေတာပါ။ ခွေးကြီး လေလည်ပြီး မကြာပါဘူး။ နံရံထောင့်အပေါ်မှာ ရှိနေတဲ့ ကြောင်တစ်ကောင်ဟာ ပျို့လာပြီး အစာတွေ အကုန်အန်ထွက်ထုတ်ခဲ့တာပါ။ ကြောင်လေးတောင်မှ အန်ထွက်တဲ့အထိ ဖြစ်ရတယ်ဆိုတော့ အနံ့က ဘယ်လောက်ထိပြင်းမှန်း မဆိုနိုင်ပါဘူး။ အောက်မှာတော့ ရယ်စရာလည်းကောင်းတဲ့ သူတို့နှစ်ဦးရဲ့ ဗီဒီယိုဖိုင်လေးကို တင်ပေးလိုက်ပါတယ်။

READ
ကိုယ့်အိမ်ကိုယ့်ယာအလား လေယာဉ်ပေါ်မှာ လုပ်ချင်ရာ လုပ်နေကြသူများ…

လင်းလင်း (ShweMom)

Ref: Unilad

SHARE