ရုပ်တည်ကြီးတွေနဲ့ စာတွေဖတ်ပြီးအိမ်စာတွေလုပ်နေကြတဲ့ ခွေးကလေးများ

[email protected] [email protected]@ryanoss123

ခွေးကလေးတွေဆိုတာ လူတွေရဲ့ အချစ်ဆုံးအိမ်မွေးတိရစ္ဆာန်လေးတွေဖြစ်ပြီး လူတွေအပေါ်မှာ သံယောဇဉ်အရှိဆုံးနဲ့ အခင်တွယ်တတ်ဆုံး အိမ်မွေးတိရစ္ဆာန်လေးတွေပဲ ဖြစ်ပါတယ်။ သခင်ဖြစ်သူတွေကို အမြဲလိုလို မျက်နှာချိုသွေးတတ်ပြီး သခင်ဖြဟ်သူတွေက ဆူနေရင်လည်း မျက်နှာငယ်လေးနဲ့ သခင်တွေကို ကြည့်နေတတ်တာလည်း ခွေးကလေးတွေပါပဲ။ အခုပြောပြချင်တာကတော့ ရုပ်တည်ကြီးတွေနဲ့ ဟုတ်သည်ရှိ မဟုတ်သည်ရှိ စာအုပ်တွေဖတ်ပြီး အိမ်စာတွေ လုပ်နေကြတဲ့ ခွေးကလေးတွေပါပဲ။

[email protected]_Nurik

လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါဖြစ်နေတဲ့အချိန် ဖြစ်တာကြောင့် စာသင်ကျောင်းတွေ၊ တက္ကသိုလ်တွေ ပိတ်ထားပြီး သင်ခန်းစာတွေကို အွန်လိုင်းကနေပဲ ပို့ချသင်ကြားပေးနေရတာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ North Carolina ပြည်နယ်ရှိ Wake Forest Law တက္ကသိုလ်မှာ စာသင်ကြားနေတဲ့ ဆရာမတစ်ဦးဖြစ်သူ ပရော်ဖက်ဆာ Marie-Amelie George ဟာ တစ်ရက်မှာတော့ သူတို့ကျောင်းက ကျောင်းသူကျောင်သားတွေအတွက် ပို့စ်တစ်ခုတင်ခဲ့ပါတယ်။

 

အဆိုပါပို့စ်ကတော့ အိမ်မှာမွေးထားတဲ့ ခွေးကလေးတွေ ကျောင်းသင်ခန်းစာတွေ လုပ်နေတဲ့ ပုံကို ဓာတ်ပုံရိုက်ပြီး သူမဆီကို ပို့ပေးဖို့ပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ Marie-Amelie George ရဲ့ ကျောင်းသားကျောင်းသူတွေ ပို့လာတဲ့ ပုံတစ်ချို့ကတော့ ရယ်စရာကောင်းသလို တစ်ချိုကခွေးလေးတွေကျပြန်တော့လည်း တစ်ကယ် စာလုပ်နေတယ်လို့ကို ထင်ရအောင် မှင်သေသေနဲ့ စာလုပ်နေတဲ့ ပုံတွေပဲ ဖြစ်ပါတယ်။ တစ်ချို့ခွေးလေးတွေကျပြန်တော့လည်း စာအုပ်ပေါ်မှာ ခေါင်းအုံးပြီး အိပ်ပျော်နေကြပြန်ပါတယ်။ အောက်မှာ သူတို့လေးတွေရဲ့ စာလုပ်နေတဲ့ပုံလေးတွေကို တစ်ချက်လောက် ကြည့်ကြည့်လိုက်ရအောင်။

READ
လုပ်ငန်းခွင်ထဲမှာ ကြိုးကြိုးစားစားအလုပ်လုပ်နေတဲ့ ချစ်စဖွယ် ကြောင်လေးများ

 

 

“ကျွန်မကတော့ ပုံတွေကြည့်ပြီး တော်တော်လေးကို ရယ်လိုက်ရပါတ်။ ဘာပဲဖြစ်ဖြစ် ဒါသူတို့ကြိုးစားနေတာပဲလေ။ တစ်ချို့ခွေးလေးတွေဆိုရင် မျက်မှန်ကြီးတွေတပ်ပြီး စာကို သည်းကြီးမည်းကြီး ဖတ်နေကြတာ။ တစ်ကယ်စာလုပ်နေတဲ့အတိုင်းပဲ။ တစ်ချို့ခွေးလေးတွေကျတော့လည်း စာအုပ်တွေ့တာနဲ့ စာအုပ်ပေါ်ကို ခေါင်းလှဲချပြီး အိပ်ပျော်သွားကြတဲ့ ပုံတွေပါ တွေ့ပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့လေးတွေက တစ်ကယ့်ကို ချစ်ဖို့ကောင်းတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေပါပဲ”လို့ Marie-Amelie George က ပြောကြားခဲ့ပါတယ်။

 

 

Pyi Hein Kyaw

SHARE