လူတွေရဲ့ပုံစံကို အတုခိုးပြီး လိုက်ထိုင်နေကြတဲ့ ခွေးကလေးတွေရဲ့ ချစ်စရာ ပုံရိပ်များ

[email protected]_mov [email protected]_RHLP

ခွေးကလေးတွေဆိုတာ လူတွေရဲ့ အချစ်ဆုံး အိမ်မွေးတိရစ္ဆာန်လေးတွေဖြစ်သလို လူတွေအပေါ် သစ္စာအရှိဆုံး အိမ်မွေးတိရစ္ဆာန်လေးတွေဆိုလည်း မမှားပါဘူး။ သခင်ဖြစ်သူတွေအပေါ်လဲ အရွယ်ကြီးတွေနဲ့ မလိုက်အောင် အမြဲလိုလို ချွဲတတ်ကြတာလဲ ခွေးကလေးတွေပါပဲ။ အခုပြောပြချင်တဲ့ ခွေးကလေွးေကတော့ လူတွေထိုင်တဲ့ပုံစံတွေကို လိုက်တုပြီး လူလိုထိုင်လေ့ရှိကြတဲ့ ခွေးကလေးတွေပါပဲ။ အောက်ကပုံမှာ ပြထားတဲ့ ခွေးကလေးကတော့ မိသားစုဝင်တွေနဲ့ တီဗ္ဗီကြည့်ရင် ရုပ်တည်ကြီးနဲ့ ဆိုဖာပေါ်တက်ထိုင်ပြီး ကြည့်တတ်တဲ့ ခွေးကလေးတစ်ကောင်ပါပဲ။ သူ့ကို ဖယ်ခိုင်းရင်လည်း မိုက်ကြည့်ကြည့်တတ်ပါသေးတယ်။

The_RHLP

တစ်ကယ်လို့ သင်အပြင်က ပြန်လာတဲ့အချိန် သင့်ရဲ့ခွေးကလေးက လူတစ်ကောင်လို ထိုင်ပြနေတာတွေ့ရင် သင်ဘယ်လိုနေမလဲ။ Brittany လို့ အမည်ရတဲ့ ကောင်မလေးကတော့ သူ့ရဲ့ခွေးကလေးပုံကို ချက်ချင်းဓာတ်ပုံရိုက်ပြီး Twitter ပေါ်တင်ခဲ့ပါတယ်။ အဲဒီပို့စ်ဟာ Like 1.2M အထိ likes ရရှိခဲ့ပြီး Retweet လုပ်သူ 192k အထိပါ ရှိခဲ့ပါတယ်။ ပုံကတော့ အောက်ကပုံပါ။

အဆိုပါပို့စ်ရဲ့ အောက်မှာ ခွေးပိုင်ရှင်တစ်ချို့ကလည်း သူတို့ခွေးကလေးတွေလည်း လူလို ထိုင်နေတတ်တဲ့ပုံကို comment တွေ လာပေးခဲ့ကြပါတယ်။ အောက်မှာရှိတဲ့ ပုံက ခွေးကလေးကတော့ သူ့ကို ရှေ့ကားခေါင်းခန်းမှာ နေရာပေးရင် လူတွေလိုပဲ အနောက်ခုံကို မှီပြီး ထိုင်တတ်ပါတယ်။ တစ်ချက်တစ်ချက် ဘေးကသွားနေတဲ့ ကားတွေကိုပါ ကြည့်ပေးသေးကြောင်း သိရပါတယ်။

READ
နာမည်ကြီးနေတဲ့ memes နောက်ကွယ်က မိန်းကလေးနှစ်ယောက်ရဲ့ဇာတ်လမ်းလေး
Dash_Amber6
jay_mov

အပေါ်ပုံမှာတွေ့ရတဲ့ Dalamtion ခွေးကြီးကတော့ သခင်ဖြစ်သူ သူ့ကို ဂရုမစိုက်ပဲ ပစ်ထားတဲ့အချိန်တို့၊ အစာကျွေးဖို့ မေ့နေတဲ့ အချိန်တို့ဆိုရင် သခင်အနားကိုရောက်လာပြီး ရုပ်တည်ကြီးနဲ့ စိုက်စိုက်ကြည့်နေတတ်ကြောင်း သိရပါတယ်။

Kreyol_Konvenk

ဒီတစ်ကောင်ကတော့ ပုံစံမျိုးစုံနဲ့ နေနေတတ်တဲ့ ကောင်လေးပါ။ ပုဆစ်တုထိုင်မလား၊ ဝမ်းလျားမှောက်ပြီး ထိုင်မလား၊ ပက်လက်လှန်ပြီး ထိုင်မလား။ နည်းလမ်းပေါင်းစုံနဲ့ နေတတ်တဲ့ အရူးကလေးပါ။

LisaTheGemini_

ပုံစံကတော့ ပုံထဲမှာ တွေ့ရတဲ့ အတိုင်းပါပဲ။ ထိုင်နေတာလား၊ အသည်းကွဲလို့ ဆွေးနေတာလား၊ ဗိုက်ဆာနေတာလား၊ ဒေါသထွက်နေတာလား ဆိုတာ ဘယ်လို ဝေခွဲလို့မရတဲ့ မျက်နှာပေးနဲ့ ထိုင်နေတဲ့ ပုံစံပဲ ဖြစ်ပါတယ်။

Pyi Hein Kyaw

SHARE