ကိုဗစ်ကိုဂရုမစိုက်ဘူး ကြွေးကြော်ခဲ့ပြီးမှ ကိုဗစ်အကူးခံခဲ့ရတဲ့ အမျိုးသမီးရက်ပ်ပါ Doja Cat

[email protected] dojacat

လက်ရှိအချိန်ဟာ COVID 19 ဖြစ်ပွားနေတဲ့ ကာလတစ်ခုဖြစ်ပြီး လူတိုင်းသတိထားနေမယ့် အချိန်ပါပဲ။ အခုအချိန်မှာတော့ အရင်ကထက် COVID 19 ကူးစက်နှုန်းလျော့ကျသွားပြီ ဖြစ်ပေမယ့် ရောဂါဖြစ်ပွားတဲ့လူတွေ ရှိနေဆဲဖြစ်တာကြောင့် ဘာမှပေါဆလို့မရတဲ့ အနေအထားပါပဲ။ ရောဂါကာကွယ်ဆေးလည်း မပေါ်သေးတာကြောင့် အပြင်သွားရင် လက်ခဏခဏဆေးပြီး Mask တပ်ကာ COVID 19 ကူးဆက်ရောဂါကို ကာကွယ်သင့်ပါတယ်။ အခုလည်း COVID 19 ကူးစက်ရောဂါကို ဂရုမစိုက်ကြောင်း ခဏခဏကြွေးကြော်ခဲ့တဲ့ နာမည်ကြီး အမျိုးသမီးရက်ပ်ပါတစ်ယောက်ဟာလည်း မကြခင်အချိန်က COVID 19 ရောဂါပိုး ကူးစက်ခံခဲ့ရကြောင်း Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

https://www.instagram.com/p/B9hiLa6jHFt/

သူမကတော့ အခုနောက်ပိုင်းမှာ နာမည်ကြီးလာတဲ့ အမေရိကန် အမျိုးသမီးရက်ပ်ပါတစ်ယောက်ဖြစ်တဲ့ Doja Cat ပဲ ဖြစ်ပါတယ်။ Doja ဟာ မကြာသေးခင်အချိန်က ကမ္ဘာကျော် အမျိုးသမီးရက်ပ်ပါ Nicki Minaji နဲ့ collab လုပ်ထားတဲ့ Say So လို့ အမည်ရတဲ့ သီချင်းဟာ Billboard ရရရဲ့ နံပါတ် ၁ နေရာအထိ ချိန်ခဲ့ပြီး Tiktok မှာလည်း အင်မတန်မှ လူကြိုက်များတဲ့ သီချင်းဖြစ်ပါတယ်။

READ
စစ်မှန်တဲ့ အချစ်တစ်ခု ရှာဖွေတွေ့ရှိဖို့ စောင့်မျှောေ်နတဲ့ အောင်လေး

Doaja ဟာ လွန်ခဲ့တဲ့ မတ်လကတည်းက သူမရဲ့ Instagram အကောင့်ကနေပြီးတော့ COVID 19 ရောဂါကို လုံးဝမကြောက်ကြောင်း၊ COVID 19 ဟာ ကပ်ရောဂါမဟုတ်ကြောင်း၊ ဒီအတိုင်းတုပ်ကွေးပုံစံ ရောဂါတစ်မျိုးသာဖြစ်ကြာင်း၊ အိမ်ထဲမှာနေပြီး လက်ဖက်ရည်သောက်ပြီး အိပ်နေရုံနဲ့နေနိုင်ကြောင်း၊ ဘာမှကြောက်သင့်တဲ့ ရောဂါမဟုတ်ကြောင်း အစရှိသဖြင့် ပေါက်ကရလေးဆယ်တွေ လျှောက်ရေးပြီး ပို့စ်တင်ခဲ့ပါတယ်။ အခုမကြာခင်အချန်ကပဲ COVID 19 ရောဂါလက္ခဏာတွေ Doja ဆီမှာပေါ်နေတာကြောင့် စစ်ဆေးကြည့်တဲ့အချိန်မှာ COVID 19 ကပ်ရောဂါရှိနေကြောင်း သိရှိရပါတယ်။

https://www.instagram.com/p/B7wiEpjj9G-/

“ဘယ်ကနေပြီးတော့ ဘယ်လိုပုံစံနဲ့ ကူးမှန်းတောင် မသိလိုက်ရပါဘူး။ အခုတော့ ရောဂါက နည်းနည်းသက်သာနေပါပြီ။ စဖြစ်ခါစ ၄ ရက်လောက်ကတော့ တော်တော်ခံလိုက်ရပါတယ်။ မကြာခင် ပျောက်ကင်းသွားမှာပဲလို့ မျှော်လင့်ရပါတယ်”လို့ Doaja က ပြောကြားခဲ့ပါတယ်။

READ
ချစ်စရာကောင်းလွန်းတဲ့ အတွင်းရေးမှူးမလေးအဖြစ်တွေ့ရတဲ့ နော်ဖောအယ်ထား

Pyi Hein Kyaw

SHARE