ချစ်စရာလည်းကောင်းပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ Succulent အပင်လေးတွေ

Instagram/allybat22

သစ်ပင်စိုက်တာလည်းဝါသနာပါတယ်။ဒါပေမယ့်အချိန်လည်းမပေးနိုင်ဘူးဆိုတဲ့ သစ်ပင်ချစ်သူလေးတွေအတွက် ချစ်စရာလည်းကောင်း၊ ကျန်းမာရေးနဲ့လည်းညီညွတ်၊ အချိန်လည်းသိပ်မပေးရတဲ့ Succulent အပင်လေးတွေကို စိုက်ကြဖို့ အကြံပေးချင်ပါတယ်။ ဒီအပင်လေးတွေဟာ ပုံစံအမျိုးမျိုးရှိတာကြောင့် မြင်လိုက်တာနဲ့တင် အရမ်းကိုချစ်စရာကောင်းပါတယ်။

ဒီအပင်ကို အိမ်ပတ်ဝန်းကျင်၊ ဒါမှမဟုတ် အလုပ်စားပွဲပေါ်မှာ စိုက်ပျိုးထားမယ် ဆိုရင် အပင်ရှိရာနေရာဝန်းကျင်ရဲ့လေထုဟာ သန့်စင်သွားပြီး၊ အောက်ဆီဂျင်ကိုထုတ်ပေးတာကြောင့်လည်း ကျန်းမာရေးနဲ့အများကြီးညီညွတ်ပါတယ်။ ဒါ့အပြင် လေထုညစ်ညမ်းမှုတွေကိုပါဖယ်ရှားပေးပြီး သိပ်ပြီးဂရုစိုက်စရာမလိုတဲ့ အပင်လေးတွေပဲဖြစ်ပါတယ်။

ဒီအပင်လေးတွေဟာ ကြမ်းတမ်းတဲ့အချိန်တွေမှာတောင် အသက်ရှင်နိုင်ကြပါတယ်။ အပင်ရှင်သန်ရေးအတွက် အများကြီးဂရုစိုက်စရာမလိုပါဘူး။ရေလောင်းဖို့အချိန်မရှိသူတွေ၊ မြေသြဇာထည့်ဖို့မေ့တတ်သူတွေအပြင် ချစ်ရာပုံစံအမျိုးစုံရှိတာကြောင့် အပင်ချစ်သူတွေအတွက်လည်း အရမ်းကိုသဘောကျရမယ့်အပင်တစ်မျိုးပဲဖြစ်ပါတယ်။

Instagram/itsasucculentworld

မကြာသေးခင်နှစ်တွေကစပြီး ဒီအပင်တွေဟာ အတော်လေးရေပန်းစားနေခဲ့တာဖြစ်ပါတယ်။ ကုန်ကျစရိတ်နည်းပြီး ချစ်စရာပုံစံ၊ချစ်စရာမျက်နှာပြင်တွေနဲ့အရောင်မျိုးစုံရှိတဲ့ ဒီအပင်တွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ အရမ်းကိုရေပန်းစား နေတဲ့အပင်တစ်ပင်လည်းဖြစ်ပါတယ်။

ဒီအပင်လေးတွေဟာ ကြွက်အသေးစားလေးပုံစံမျိုးတွေ၊ လင်းပိုင်ငယ်လေးပုံစံမျိုးတွေ၊ ယုန်နားရွက်ပုံစံမျိုးလေး တွေရှိတာကြောင့် လူအများရဲ့စိတ်ဝင်စားခြင်ကိုခံရပါတယ်။အဓိကကတော့ ဂရုစိုက်စရာမလိုပဲ စိုက်ပျိုးနိုင်တာကြောင့်လည်းဖြစ်ပါတယ်။

READ
ကမ္ဘာတစ်လွှားက ထူးထူးခြားခြား ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်များ

ဒီအပင်တွေကို ပျိုးပင်တွေရောင်းချတဲ့နေရာမှာမရရှိပဲ ဒီအပင်တွေကိုပဲ အထူးစိုက်ပျိုးသူတွေက အွန်လိုင်းကနေသာရောင်းချတတ်ကြပါတယ်။

အပင်ရဲ့အမြင့်ဟာ (၁၅)စင်တီမီတာရှိပြီး အချိန်အတော်ကြာစိုက်ပျိုးပြီးတဲ့အချိန်မှာ သေးငယ်တဲ့ ပန်းရောင်ပန်းလေး တွေထွက်ပေါ်လာတတ်ပါတယ်။

Instagram/plantsaloe

ဒီအပင်တွေကိုစိုက်ပျိုးမယ်ဆိုရင် အလင်းရောင်ရရမယ့်နေရာမှာထားပေးရမယ်ဆိုပေမယ့် အလင်းတိုက်ရိုက်ရရှိတဲ့ နေရာမှာတော့ မထားသင့်ပါဘူး။ အပင်စိုက်တဲ့ အိုးဟာလည်း ရေကိုအပြင်ကိုစိမ့်ထွက်နိုင်တဲ့ ဇကာပေါက်အိုးတွေနဲ့ သာစိုက်ပျိုးရပါမယ်။အရမ်းအေးတဲ့လတွေမှာဆိုရင်တော့ ဒီအပင်တွေ အိပ်သွားတတ်ကြပါတယ်။ တစ်လနေလို့ တစ်ခါသာရေလောင်းပေးရတဲ့အပင်တွေလည်းဖြစ်ပါတယ်။

ဒီအပင်တွေကိုစိုက်ပျိုးချင်တဲ့ဆိုရင်တော့ succulent အရွက်တစ်ရွက်ကို စိုနေတဲ့မြေကြီးထဲမှာစိုက်ထားလိုက်ပြီး မကြာခင်မှာပဲ အမြစ်တွေထွက်လာမှာဖြစ်ပါတယ်။တိရစ္ဆာန်လေးတွေကိုချစ်သလို သစ်ပင်ကိုချစ်တဲ့သူတွေအတွက် တော့ ဒီအပင်လေးတွေကိုမြင်လိုက်တာနဲ့တင် မစိုက်ချင်ပဲမနေနိုင်အောင် ဖြစ်သွားတတ်ကြပါတယ်။

Thae Su

SHARE