အရပ်ပုသူတွေ အပေါ်စီးရှုခင်းကြည့်ဖို့မျက်မှန်အပါအဝင် ပေါက်ကရတီထွင်မှု (၆) ခု

dominicwilcox.com

Dominic Wilcox ဟာ ပုံမှန်မဟုတ်ဘဲ ဆန်းသစ်တဲ့ တီထွင်မှုပေါင်းများစွာကို ပေါက်ပေါက်ရှာရှာဖန်တီးနေသူတစ်ယောက်ပါ။ သူ့ရဲ့ တီထွင်မှုတွေနဲ့ အသေးစိတ်အချက်အလက်တွေအကြောင်းကို Dominic Wilcox ဆိုတဲ့ website မှာ ကြည့်ရှုလို့ရသလို Twitter နဲ့ Facebook တို့မှာလည်း ဖန်တီးမှုအသစ်အဆန်းတွေအကြောင်း အမြဲတမ်း တင်နေတတ်ပါတယ်။ Dominic Wilcox ရဲ့ တီထွင်ဖန်တီးမှု ဆန်းဆန်းပြားပြားလေးတွေကို Boredpanda မှ ဖော်ပြထားတဲ့အတွက် ကောက်နုတ်ပြီး ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

(၁) Dominic ရဲ့ တီထွင်မှုတွေထဲက အကျော်ကြားဖုံးကတော့ မျက်မှန်ပါ။ သာမန်မျက်မှန်တွေနဲ့မတူဘဲ ဂျပုလေးတွေအတွက် အထူးသဖြင့် ရည်ရွယ်ပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဥပမာ ကိုယ့်အရပ်က ၅ ပေ ၆ လက်မပဲရှိနေတယ်ဆိုပါစို့။ လမ်းလျှောက်တိုင်း မျက်လုံးနဲ့ ခပ်တန်းတန်းဖြစ်နေတဲ့ အမြင့်လောက်ကိုပဲ ကြည့်ကြည့်ပြီး လျှောက်တတ်တဲ့အတွက် ကိုယ့်ရဲ့မြင်ကွင်းဟာ ခေါင်းတည့်တည့်ထားထားမယ်ဆိုရင် အနည်းဆုံး ၅ ပေ နဲ့ ၄ လက်မပဲရှိတဲ့ မြင်ကွင်းကိုပဲ မြင်တွေ့ရမှာပါ။

တစ်ခါတစ်လေတော့ ကိုယ့်ထက်အရပ်ရှည်တဲ့လူတွေရဲ့ လောကမြင်ကွင်းကို စမ်းကြည့်ချင်သူတွေအတွက် ဒီမျက်မှန်လေးက ကူညီပေးမှာပါ။ အမြင့် ၁ ပေအထိ မြှင့်တင်လို့ရပြီး ကိုယ်တတ်နိုင်တာထက်ပိုမြင့်တဲ့ အပေါ်စီးမြင်ကွင်းကို မှန်တွေကနေတစ်ဆင့် မျက်လုံးကိုပို့ပေးမှာပဲဖြစ်ပါတယ်။

READ
ရည်းစားရော၊ ရည်းစားရဲ့ ခင်ပွန်းနဲ့ရော အတူသွား အတူစား အတူနေနေတဲ့ အမျိုးသမီး
dominicwilcox.com

(၂) နောက်ထပ်တီထွင်မှုတစ်ခုကတော့ လမ်းပြအင်္ကျီလေးပါ။ လမ်းလျှောက်နေတိုင်း ကိုယ်နဲ့ မျက်နှာချင်းဆိုင်ကတစ်ယောက်နဲ့ ရှောင်ပေးရတဲ့အခါမျိုး ကိုယ်ကညာဖက်ရှောင်ရင် သူကလည်းညာဖက်လိုက်ရှောင်တာ၊ ဘယ်ဖက်ဆိုအဲဒီလူကလည်း ဘယ်ဖက်ကိုလိုက်ရှောင်တာမျိုးတွေ ကြုံဖူးကြတယ်မဟုတ်လား။ ဒီအင်္ကျီကတော့ အခုလိုပြဿနာကို ဖြေရှင်းပေးဖို့ ဘယ်၊ညာအချက်ပြမြှားနဲ့ ထုတ်ပေးထားတာပါ။ လက်မှာရှိတဲ့ ခလုတ်လေးကို နှိပ်လိုက်ရုံနဲ့ တစ်ဖက်ကလူကို ဘယ်ဖက်ကိုရှောင်ပေးရမလဲဆိုတာ မြှားပြပေးမှာပါတဲ့။

(၃) နှင်းတောထဲမှာ ခြေထောက်မမြုပ်ဘဲ လျှောက်သွားစေနိုင်ဖို့

READ
လုပ်ရပ်တစ်ခုကြောင့် 'ထီးတောင်မပိတ်တတ်တဲ့ သမ္မတ' လို့ troll ခံနေရတဲ့ ထရမ့်
dominicwilcox.com
dominicwilcox.com

(၄) အိမ်ကိုလမ်းပြပေးမယ့် GPS ဖိနပ်

dominicwilcox.com
dominicwilcox.com

(၅) ဗိုက်ဆာတာကို လူတွေသိအောင်လုပ်ဖို့ တဂွီဂွီမြည်တဲ့အချိန် ဒါလေးကို တပ်လိုက်ပါတဲ့။ အစီးအဝေးခန်းတွေထဲဆို မဆိုးဘူးနော်။ 

(၆) Binaudios လို့ နာမည်ပေးထားတဲ့ ကိရိယာလေးကတော့ မြို့ရဲ့သံတွေကို ခံစားဖို့ပါတဲ့။

dominicwilcox.com

Penny

SHARE