Home Alone 2 ဇာတ်ကားထဲ ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်ခဲ့ဖူးတဲ့ Trump

instagram/brain.candy.apparel instagram/realdonaldtrump

ဒါရိုက်တာ Chris Columbus ရိုက်ကူးတဲ့ Home Alone 2: Lost in New York ဇာတ်ကားထဲမှာ အမေရိကန်သမ္မတ Trump ဟာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ဖူးတယ်လို့ People သတင်းစာမျက်နှာအရ သိရပါတယ်။ အသက် ၆၂နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရုပ်ရှင်ရိုက်ကူးသူ ဒါရိုက်တာ Columbus က သူ့ရဲ့၁၉၉၂ ခုနှစ်ထွက် ခရစ္စမတ်ရုပ်ရှင် Home Alone အကြောင်း Insider နဲ့ အင်တာဗျူးထဲမှာ ပြောခဲ့တာပါ။

Plaza ဟိုတယ်ရဲ့ဧည့်ကြိုခန်းမှာ ဇာတ်ဝင်ခန်းတစ်ခန်း ရိုက်ကူးချင်တဲ့အတွက် Chris Columbus ဟာ အဲ့ဒီအချိန်က ဟိုတယ်ပိုင်ရှင်ဖြစ်တဲ့ Trump နဲ့ စကားပြောဆိုခဲ့ရတယ်လို့ ဆိုပါတယ်။

READ
ထီလက်မှတ်မှာ ပေါက်ဂဏန်းကို ကော်နဲ့ကပ်ပြုပြင်ပြီး ဆုငွေထုတ်ဖို့ ကြိုးစားခဲ့သူများ

“Tump က အိုကေလို့ပြောတယ်။ ကျွန်တော်တို့ အခကြေးငွေလည်းပေးထားပြီးပြီ။ ပြီးတော့မှ သူကပြောသေးတယ်။ ဟိုတယ်ကိုသုံးချင်ရင် သူ့ကိုပါ ရုပ်ရှင်ထဲပါခိုင်းရမယ်တဲ့။ ဒါကြောင့် သူ့ကို ရုပ်ရှင်ထဲမှာထည့်သုံးဖို့ သဘောတူလိုက်ရတယ်။”

 

View this post on Instagram

 

A post shared by Robin Masters (@therobinmasters)

“အဲ့ဒီမှာ ထူးထူးဆန်းဆန်းအဖြစ်တစ်ခုဖြစ်လာတယ်။ လူတွေက Trump လည်း တီဗီမှာပေါ်လာရော သဘောကျကြတယ်။ ဒါနဲ့ အယ်ဒီတာကိုပြောရတာပေါ့။ သူ့ကို ဒီတိုင်းပဲထည့်ပေးလိုက်ပါလို့။ ဒါပေမဲ့လည်း ဘာပဲပြောပြော Trump က သူရုပ်ရှင်ထဲပါရဖို့ ကျွန်တော်တို့ကို အနိုင်ကျင့်ခဲ့တာပဲလေ။”

People ကတော့ ဒီအကြောင်းနဲ့ပတ်သက်လို့ အိမ်ဖြူတော်ကို မှတ်ချက်ပေးဖို့တောင်းဆိုခဲ့ပေမယ့် အိမ်ဖြူတော်က ချက်ချင်းအဖြေမပေးခဲ့ပါဘူး။ Home Alone 2: Lost in New York မှာတော့ Macaulay Culkin က Kevin McCallister အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ Kevin ဟာ ခရစ္စမတ်အားလပ်ရက်ခရီးမှာ မိသားစုနဲ့ကွဲကွာခဲ့တာဖြစ်ပြီး နယူးယောက်မှာသောင်တင်နေခဲ့တာဖြစ်ပါတယ်။ ဇတ်ကားထဲက ဇာတ်ဝင်ခန်းတစ်ခန်းမှာတော့ Kevin က Plaza ဟိုတယ်ကို ရောက်လာတဲ့အချိန် သူက Trump ကို ဧည့်ကြိုခန်းဘယ်နားမှာလဲဆိုပြီး မေးခဲ့တာဖြစ်ပါတယ်။ Trump ကတော့ ဧည့်ကြိုခန်းဆီသွားတဲ့လမ်းကို Kevin ဆီညွှန်ပြပေးခဲ့တာပါ။ Home Alone 2 အပြင် Little Rascals, The Associate နဲ့ Zoolander တို့မှာလည်း Trump ဟာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ဖူးကြောင်းလည်း သိရပါတယ်။

READ
ဒုက္ခရောက်နေတဲ့ အီဘိုယေးအတွက် အသင်းဟောင်း ဂါလာတာစာရေးရဲ့ရက်ရောတဲ့ကမ်းလှမ်းမှု

ShweMom

SHARE