ဒုတိယအကြိမ် ထပ်မံတွေ့ဆုံကြတော့မယ့် ကမ္ဘာ့အင်အားကြီး ခေါင်းဆောင်နှစ်ဦး

VAN VUCCI, AP

အမေရိကနိုင်ငံကို ပြတ်ပြတ်သားသား ဦးဆောင်နေသူ Donald Trump ဟာ မကြာသေးခင်ကမှ နိုင်ငံတော်တော်များများနဲ့ ရင်းနှီးမှု ရယူထားခဲ့တဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ဟာ ဒုတိယအကြိမ်မြောက် တွေ့ဆုံတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီသတင်းဟာ အမေရိကန်သမ္မတ Trump မှ အိမ်ဖြူတော်မှ တရားဝင်သတင်းထုတ်မပြန်ခင် State of the Union အစည်းအဝေးပွဲမှာ ကြိုပြီး သတင်းမီဒီယာတစ်ခုကို ပြောကြားခဲ့တာဖြစ်ပါတယ်။

VAN VUCCI, AP

သူတို့နှစ်ဦးရဲ့တွေ့ဆုံမှုဟာ ဒီတစ်ကြိမ်နဲ့ဆိုရင်တော့ ဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။ Trump နဲ့ Kim Jong Un တို့ရဲ့ ပထမဦးဆုံးသမိုင်းတွင်ခဲ့တဲ့ တွေ့ဆုံမှုကတော့ ၂၀၁၈ ခုနှစ် ဇွန်လတုန်းက စင်္ကာပူနိုင်ငံမှာပဲဖြစ်ပါတယ်။ တွေ့ဆုံပွဲမှာ အနာဂတ်အတွက် ညှိနှိုင်းချက်တွေနဲ့ နျူကလီးယားအကြောင်းတွေပါဝင်ပါတယ်။

မြောက်ကိုရီးယားဟာ ကမ္ဘာပေါ်မှာ နျူကလီးယားလက်နှက်များ ပိုင်ဆိုင်ထားတဲ့ အင်အားကြီးနိုင်ငံတစ်ခု ဖြစ်အမှန်းမသိဖြစ်ခဲ့ပါတယ်။ ဒီအပြင် လွန်ခဲ့တဲ့နှစ်တွေတုန်းကလည်း အမေရိကနဲ့ မြောက်ကိုရီးယားတို့အကြား ကုန်သွယ်ရေးပြဿနာတချို့ကြောင့် ပြဿနာတက်ခဲ့ကာ နျူကလီးယားစစ်ပွဲဖြစ်ဖို့ကိုတောင် ဦးတည်ခဲ့ပါသေးတယ်။

READ
ကတိုက်ကရိုက်နဲ့ ဈေးဝယ်စင်တာက မှန်တံခါးကိုမမြင်ဘဲ အရှိန်နဲ့ဝင်တိုးခဲ့တဲ့ ကိုရှပ်ပြာ
VAN VUCCI, AP

ဒီအရေးကိစ္စတွေကြောင့်ပဲ စင်္ကာပူု တွေ့ဆုံဆွေးနွေးရေးပွဲမှာ ညှိနှိုင်းမှုများ ရယူကာ အချင်းချင်းငြိမ်းချမ်းရေးယူခဲ့ကြတာပဲဖြစ်ပါတယ်။

ဒုတိယအကြိမ်မြောက်တွေ့ဆုံဆွေးနွေးမှုကိုတော့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၇ နဲ့ ၂၈ ရက်နေ့၊ ဗီယက်နမ်နိုင်ငံမှာ ပြုလုပ်သွားမယ်လို့လည်း Trump ကပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ လတုန်းက Washington မှာ Trump နဲ့ US Secretary of State Mike Pompeo တို့ဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားသံတမန် Kim Yong Chol နဲ့ တွေ့ဆုံဆွေးနွေးမှု လုပ်ခဲ့ပါသေးတယ်။

Yong Tec Lim, AP

ဒီအပြင် Stockholm မှာလည်း မြောက်ကိုရီးယားအတွက် အမေရိကန်အထူးသံတမံ Stephen Biegun, မြောက်ကိုရီးယားမှ နိုင်ငံခြားရေးဝန်ကြီးချုပ် Choe Son Hui နဲ့ တောင်-မြောက်ကိုရီးယားနှစ်နိုင်ငံအတွက် တောင်ကိုရီးယားအထူးသံတမန် Lee Do Hoon တို့ အနာဂတ်ဆက်ဆံရေး၊ နျူကလီးယားအရေးတို့နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါသေးတယ်။

READ
သခင်တွေက ဘာကြောင့်စွန့်ပစ်သွားမှန်း နားမလည်နိုင်ဖြစ်နေခဲ့ရှာတဲ့ ခွေးလေး

အမေရိကန်နိုင်ငံရဲ့ မြောက်ကိုရီးယားအပေါ် အဓိကထားနေတဲ့ ရည်ရွယ်ချက်ကို ကောက်နုတ်ရမယ်ဆိုရင်တော့ နှစ်နိုင်ငံအကြား ဆက်ဆံရေးပိုမိုပြေပြစ်မှုရှိစေရန်အတွက်နဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အနာဂတ်မှာဆောက်လုပ်မယ့် အဆောက်အဦးတွေ၊ စက်ရုံတွေ တည်ဆောက်ရေးမှာ ပါဝင်ချင်နေတဲ့ပုံပဲလို့ တောင်ကိုရီးယားဘက်က တာဝန်ရှိသူတွေကတော့ သုံးသပ်ခဲ့ကြပါတယ်။

Evan Vucci, AP

Source: Asia One, US Today, SCMP

PEnnny

SHARE