ဝေလမင်းသား ချားလ်စ်ကို ဝေလငါးမင်းသား ဖြစ်စေခဲ့သူ ဒေါ်နယ်ထရမ့်

အမေရိကန်နိုင်ငံ သမ္မတ ဒေါနယ်ထရမ့်ဟာ ၄င်းအနေနဲ့ နေ့စဉ် တခြားသော နိုင်ငံ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ စကားပြောဖြစ်ကြောင်းကို  ဇွန်လ ၁၃ ရက်နေ့က ၄င်းရဲ့ တွစ်တာ အကောင့်ကနေ ဖော်ပြခဲ့ပါတယ်။

ပိုစ့်မှာ ထရမ့်က အရာကိစ္စအဖြာဖြာကို ဘယ်သူ ဘယ်ဝါတွေနဲ့ ပြောဖြစ်ဆိုဖြစ်တယ်ဆိုတာကို မန်းရှင်းကို လုပ်ခဲ့ပါတယ်။ အဲ့ဒီလို လုပ်ရာမှာတော့ ဝေလနိုင်ငံကို စာလုံးပေါင်းတာ လျှမ်းသွားခဲ့ပြီး “The Prince of Whales” ဆိုပြီး ပိုစ့်ခဲ့တာပါ။

အဲ့ဒီ့နောက်မှာ ပိုစ့်ကို ပြန်ဖျက်သွားခဲ့ပြီး Wales ကို စာလုံးပေါင် မှန်မှန်နဲ့ ပြန်တင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အင်တာနက်ကြီးက သိပ်သွက်ပါတယ်။ နည်းနည်လေးမှ အတိမ်းအစောင်းမခံတာပါ။ အဲ့ကနေစလို့ တွစ်တာပေါ်မှာ လှောင်ပြောင် ကျီစယ်တဲ့ reply တွေလည်း တန်းစီပေါ်လာခဲ့ပါတယ်။

ချားလ်စ်မင်းသားဟာ အဲလိဇဘက်ဘုရင်မကြီးရဲ့ အကြီးဆုံးသားဖြစ်ပြီး ဝေလနိုင်ငံရဲ့ အိမ်ရှေ့မင်းသားဘွဲ့ကို ဗြိတိန်ရဲ့ ထီးနန်းအစဉ်အလာအတိုင်း အပ်နှင်ခံခဲ့ရသူဖြစ်တယ်။ ဝေလနိုင်ငံကတော့  အင်္ဂလန်၊ စကော့တလန်၊ မြောက်အိုင်ယာလန်တို့နဲ့အတူ United Kingdom အဖြစ်ပေါင်းစည်းတဲ့ လေးနိုင်ငံထဲက တစ်နိုင်ငံဖြစ်တယ်။

READ
Instagram ပေါ်မှာ ရေပန်းစားနေတဲ့ ခွေးလေးတွေရဲ့ ဟာသဗီဒီယိုလေးတွေ

သမ္မတ ဒေါနယ်ထရမ့်နဲ့ ချားလ်စ်မင်းသားတို့ဟာ လွန်ခဲ့တဲ့ တစ်ပတ်က လန်ဒန်မှာ လက်ဖက်ရည်သောက်ရင်း တွေ့ဆုံခဲ့ကြပါသေးတယ်။

https://www.instagram.com/p/ByUmhR-h1MZ/

အစကတော့ ၁၅ မိနစ်လောက်ပဲပြောမယ်လုပ်ထားပြီး ပြောလိုက်တာ နာရီဝက်လောက်ကြားသွားတယ်၊ သူပဲတော်တော်များများ ပြောသွားတယ်၊ သူက ဥတုရာသီ ပြောင်းလဲမှုအပေါ် တကယ်အလေးထားနေပြီး ဒါ သိပ်ကြီးကျယ်တဲ့ကိစ္စပဲလို့ တွေးမိကြောင်း သူ့အနေနဲ့လည်း မင်းသားကို ထောက်ခံကြောင်း အနာဂတ် မျိုးဆက်တွေအတွက် အရေးပါတဲ့ ကိစ္စဖြစ်ကြောင်း ထရမ့်က ပြီးခဲ့တဲ့ အပတ် အင်တာဗျူမှာ ပြောသွားခဲ့ပါတယ်။

Matthew (ShweMOM)

 

SHARE