လူကြည့်များနေတဲ့ IP Man မင်းသားကြီး Donnie Yen ရဲ့ ကွန်ဖူး Challenge

[email protected]

လက်ရှိ COVID 19 ဖြစ်ပွားနေတဲ့အချိန် လူတွေဟာ အိမ်မှာနေပြီး ပျင်းရိနေကြမှာတော့ အမှန်ပါပဲ။ တစ်ချို့ကတော့ အိမ်မှာနေပြီး Tiktok, Facebook, Instagram အစရှိတဲ့ ဆိုရှယ်မီဒီယာအကောင့်တွေကနေပြီးတော့ Challenge တွေလုပ်ကာ ပျော်အောင်နေနေကြပါတယ်။ အခုလည်း IP Man မင်းသားကြီးဖြစ်တဲ့ Donnie Yan ကလည်း သူ့ရဲ့ စတန့်အဖွဲ့ကလူတွေနဲ့ ပေါင်းပြီး Challenge ဗီဒီယိုတစ်ခုလုပ်ခဲ့ကြောင်း Asia One သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

I’ve been an action director for over 30 years and blessed to have my dedicated, loyal and hard working stunt team with me for so many yrs. Our team (long and short term, worldwide) has probably reached over 100 action brothers and sisters. (Unfortunately couldn’t have everyone in our video) So proud to see many of them becoming world renowned action directors and top stunt action heroes behind the scenes. These guys don’t get enough credit. #donnieyenstunteam #bulletproof #forevergrateful #unsungheroes #甄家班

Posted by Donnie Yen 甄子丹 on Wednesday, May 20, 2020

ဗီဒီယိုထဲမှာတွေ့ရတဲ့အတိုင်း Donnie ကစပြီး တိုက်ကွက်တစ်ခုနဲ့ ပုံဖော်ပြီး တစ်ဖက်လူကို ထိုးလိုက်တဲ့ပုံစံနဲ့ သူ့စတန့်အဖွဲ့ကလူတွေကို လက်ဆင့်ကမ်းသွားခဲ့ပါတယ်။ ဗီဒီယိုအဆုံးသတ်မှာတော့ Donnie ကပဲ တိုက်ကွက်ကို အဆုံးသတ်လိုက်တဲ့ပုံစံနဲ့ ဒယ်အိုးနဲ့ ကာခဲ့ပါတယ်။ အဆိုပါဗီဒီယိုဟာ လက်ရှိမှာတော့ ဆိုရှယ်မီဒီယာပေါ်မှာ လူကြိုက်များနေပြီး Reaction ပေးသူ 53k ရှိကာ ကြည့်ရှု့သူ 754k ကျော်ခဲ့ပါတယ်။

“ ကျွန်တော့်ရဲ့ ဒီစတန့်အဖွဲ့ဟာ ကျွန်တော်နဲ့အတူတူ လက်တွဲလာခဲ့တာ နှစ်ပေါင်း ၃၀ ကျော်ရှိပါပြီ။ သူတို့တွေ အကုန်လုံးက ကျွန်တော့်ရဲ့ ညီအကိုတွေပါပဲ။ ဒါလူအကုန်မဟုတ်သေးပါဘူး။ ကမန်တော့်စတန့်အဖွဲ့မှာ လူအယောက် ၁၀၀ ကျော်ရှိပါတယ်။ ကျွန်တော့် ဇာတ်ကားတွေမှာ အောင်မြင်အောင်သရုပ်ဆောင်နိုင်ခဲ့တာ ဒီညီအကိုတွေရဲ့ ဖေးမကူညီမှုတွေကြောင့်ပါပဲ” လို့ Donnie က ပြောကြားခဲ့ပါတယ်။

READ
Official Page ဖွင့်လိုက်ပြီဖြစ်ကြောင်း အသိပေးလိုက်တဲ့ အွန်ဆိုင်း

https://www.instagram.com/p/B_sojQIJ0fo/

ဒီစတန့် Challenge ကတော့ ပထမဦးဆုံးမဟုတ်ပါဘူး။ ဒီ Donnie ရဲ့ စတန့်အဖွဲ့ရဲ့ ဗီဒီယိုအရှေ့မှာ စတန့်မင်းသမီး Zoe Bell ဦးဆောင်ခဲ့တဲ့ စတန့်ဗီဒီယို Challenge က ပထဦးဆုံးထွက်ရှိခဲ့တာပါ။ အဆိုပါ Challenge ဗီဒီယိုမှာတော့ Marvel Super Star မင်းသမီးတွေဖြစ်တဲ့ Scarlett Johansson နဲ့ Florence Pugh, Harley Quinn သရုပ်ဆောင် Margot Robbie, Chaelie’s Angels ထဲကမင်းသမီး Cameron Diaz နဲ့ Drew Barrymore, X-Men သရုပ်ဆောင်အမျိုးသမီးဖြစ်တဲ့ Halle Berry အစရှိတဲ့ နာမည်ကြီးမင်းသမီးပေါင်းများစွာ ပါဝင်ခဲ့ပါတယ်။

READ
"မင်းအတွက် ချစ်သက်လက်ဆောင်" လို့ပြောလာတဲ့ ညိမ်းသော်

Pyi Hein Kyaw

SHARE