Bottle Cap Challenge ကို သူများတွေထက်တမူထူးအောင် လုပ်ပြလိုက်တဲ့ Donnie Yen

Donnie Yen 甄子丹

Bottle Cap Challenge ဟာ ရေထည့်ထားတဲ့ ပုလင်းမှာ ပုလင်းအဖုံးလေးကို တေ့ရုံလေးတေ့ထားရပါမယ်။ ပြီးတဲ့အခါမှာတော့ ခြေထောက်ကန်ချက်ကိုအသုံးပြုကာ အဖုံးပွင့်အောင်လုပ်ရတာပါ။ ဒီ challenge ကို လက်ဝှေ့ချန်ပီယံတွေကနေ အဆိုတောတွေ၊ ဒါရိုက်တာတွေနဲ့ ဟောလိဝုဒ်အက်ရှင်မင်းသားတွေပါ လုပ်ထားပြီးတဲ့အကြောင်းကို Shwemom မှ “အက်ရှင်မင်းသားတွေပါလုပ်လာကြတဲ့ Bottle Cap Challenge အကြောင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြထားခဲ့ပြီးပါပြီ။

@jasonstatham/Instagram

အဲဒီနောက်မှ Facebook မှာ Donnie Yen ရဲ့ account ကနေပြီး သူလည်း challenge မှာ ပါဝင်လာတဲ့ ဗီဒီယိုတစ်ခု တက်လာခဲ့ပါတယ်။ Donnie Yen ဆိုတာ ဟောင်ကောင်က အက်ရှင်မင်းသားကြီးတစ်လက်ဖြစ်ပြီး အထင်ကရရုပ်ရှင်ကားတွေအနေနဲ့ကတော့ Ip Man ၃ ကားလုံးဖြစ်ပါတယ်။ Ip Man 4 ကတော့ ဒီလထဲ ဟောင်ကောင်မှ စထွက်မယ်လို့ သိရပါတယ်။ ဒီအပြင် Rouge One: A Star Wars Story မှာလည်း ပါဝင်ခဲ့ဖူးပြီး Falsh Point တို့၊ Kung Fu Jungle, ၂၀၁၄ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ The Monkey King စတဲ့ နာမည်ကြီးရုပ်ရှင်တွေကိုလည်း ထူးထူးချွန်ချွန်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီးတစ်လက်ပါ။

READ
(၁၂)နှစ်ကြာပျောက်ဆုံးနေတဲ့လက်စွပ်ကို နှာချေရင်းအံ့အားသင့်ဖွယ်ပြန်တွေ့တဲ့မိန်းကလေး
Donnie Yen 甄子丹
Donnie Yen 甄子丹

Donnie Yen ဟာ သူများတွေ Bottle Cap Challenge လုပ်တာနဲ့မတူပါဘူး။ ဗီဒီယိုအစမှာကတည်းက လည်ပင်းမှာစည်းထားတဲ့ ပုဝါကို မျက်လုံးဖက်ကိုဆွဲယူလိုက်ရင်း မျက်လုံးကိုပိတ်လိုက်ခဲ့ပါတယ်။ ပြီးကာမှ ခန္ဓာကိုယ်ကို ပေါ့ပါးစွာနဲ့ တစ်ပတ်လှည့်ပြီး ကန်လိုက်ရာ ကန်လိုက်တဲ့ကန်ချက်ကြီးဟာ ပုလင်းအဖုံးကို ရစ်ကာရစ်ကာတဖြည်းဖြည်းပွင့်သွားခဲ့တာကို အနှေးပြကွက်နဲ့ မြင်ရတာ အားရစရာပါပဲ။

Donnie Yen ရဲ့ ပြောင်မြေက်လှတဲ့ challenge ကိုကြည့်ပြီးတဲ့ ပရိတ်သတ်တွေကတော့ တော်တော်လေးကို ချီးကျူးထောပနာပြုနေခဲ့ကြပါတယ်။ ကိုယ်ပိုင် Facebook မှာ တင်ထားခဲ့တဲ့ ဗီဒီယိုကတော့ reaction ပေါင်း 158K တောင်ရှိနေပြီး ပြန်လည် share လုပ်သူပေါင်း ၁၅၁,၉၃၂ တောင်ရှိနေခဲ့ကြပါတယ်။ ကဲ..ဗီဒီယိုလေးကို ကြည့်လိုက်ကြပါဦး။

Chirrut feeling the force + Ip man’s steady aim + no plastic bottle = the universe strongest 😆#bottlecapchallenge @sweetcil #donnieyen #甄子丹 #宇宙最強

Posted by Donnie Yen 甄子丹 on Wednesday, 3 July 2019

Penny

SHARE