ဇူလိုင်လ ၂၇ ရက်နေ့ကတော့ မင်းသားကြီး Donnie Yen ရဲ့ ၅၇ နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။ ၅၇ နှစ်ပြည့်လို့ ဆိုပေမယ့်လည်း သူ့ရဲ့ ရုပ်ရည်ကတော့ အသက်နဲ့ မလိုက်အောင် နုပျိုနေတာကို တွေ့ရမှာပါ။ ဒီနှစ်မှာ ကျရောက်တဲ့ သူ့ရဲ့ မွေးနေ့ကို ချစ်ခင်ရတဲ့ မိတ်ဆွေတွေနဲ့အတူ ဆင်နွှဲခဲ့ပါတယ်။
https://www.instagram.com/p/CCZWjRyDgdx/?utm_source=ig_web_copy_link
မင်းသား Donnie Yen ကလည်း ဂျက်လီနဲ့ မွေးနှစ်တူပြီး ၁၉၆၃ ခုနှစ်မှာ မွေးဖွားခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် ဂျက်လီကတော့ သူ့ထက် ၄ လ ပိုပြီး အသက်ကြီးပါတယ်။ အမေဖြစ်သူကလည်း ထိုက်ချိ ကွန်ဖူးပညာရှင် တစ်ယောက် ဖြစ်တာကြောင့် အသက် ၉ နှစ်တည်းက တရုတ်ကွန်ဖူးကို စတင်သင်ကြားခဲ့ရတဲ့သူကတော့ အခုအချိန်မှာ တိုက်ခိုက်ရေးနည်းလမ်းတွေကို ကျွမ်းကျင်တဲ့ ထိပ်တန်းအက်ရှင်မင်းသား တစ်ယောက် ဖြစ်ပါတယ်။
https://www.instagram.com/p/CBw7Y0hjO7X/?utm_source=ig_web_copy_link
၂၀၀၈ မှာ IP Man ရိုက်ကူးခဲ့ပြီးတဲ့နောက်မှာတော့ နိုင်ငံတကာ ပရိသတ်တွေကို IP Man အဖြစ် လူသိများခဲ့ပါတယ်။ မကြာသေးခင်က ရုံတင်ပြဖို့ အစီအစဉ် ရှိခဲ့တဲ့ Mulan ရုပ်ရှင်မှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူ့ရဲ့ ၅၇ နှစ် မွေးနေ့မှာ မွေးနေ့ကိတ်တွေ အများအပြား ရရှိခဲ့ပြီး သူ့ရဲ့ ပုံစံလေးတွေကို ပုံဖော်ထားကြသလို သူ့ရဲ့ ရုပ်ရှင်ကားတွေကို ပုံဖော်ထားတဲ့ ကိတ်မုန့်တွေလည်း ရှိပါတယ်။
သူကတော့ အခုလို မွေးနေ့ကို သတိတရ ရှိပေးတဲ့သူတွေအကုန်လုံးကို ကျေးဇူးတင်ကြောင်းကို သူ့ရဲ့ IG မှာ ရေးသားထားခဲ့ပါတယ်။
Kham