ဂီတဘက်မှာလည်း ပါရမီရင့်သန်တာကို ထုတ်ပြခဲ့တဲ့ IP Man ကြီး

Donnie Yen ကို IP Man ရုပ်ရှင်တွေနဲ့ပဲ မြန်မာပရိတ်သတ်တွေက သိပြီးကြတာမဟုတ်ပါဘူး။ တခြားနည်းနဲ့လည်း သိကြပါတယ်… ဘယ်လိုလဲတော့ အကျယ်တ၀င့် မရှင်းပြတော့ပါဘူးနော်။

View this post on Instagram

The world needs love not war. 廣告都教小朋友,遇到危險要即刻話唔好,仲要大聲嗌救命… 但係佢地喺戰場呼喊嘅聲音又有冇人聽到? 她是拉瑪,只是一個5歲的小孩子,卻被戰火牽連而導致額頭受傷,她很想向戰爭說「唔好」… 很多像拉瑪生於戰區的小朋友,更患有嚴重營養不良和其他疾病,急需醫療物資和治療,卻因為生於戰區,生於一個連醫院和學校都會被轟炸的國度,生於一個連人道救援都會被拒諸門外的地方… 你願意和孩子們一起,向戰爭說「唔好」嗎?請留一個🤚🏻🔥 給兒童們說「唔好」,讓世界聽到他們大聲嗌救命的聲音。 停戰,童希望 #savethechildrenhk #savethechildren #100thAnniversary #OnceInALifetime #stopthewaronchildren @savethechildrenhk #香港救助兒童會 #停戰童希望 #唔好

A post shared by Donnie Yen 甄子丹 (@donnieyenofficial) on

တော်တော်များများက Donnie Yen ကို သိပ်တော်တဲ့ ကိုယ်ခံပညာရှင်နဲ့ မင်းသား အဖြစ်သာ သိကြပါတယ်။ ၄င်းဟာ ဂီတဘက်မှာလည်း တကယ်ကို ထူးချွန်တဲ့သူ တစ်ယောက်ဆိုတဲ့ အချက်ကိုတော့ သိပ်မသိကြဘူး။

အသက် ၅၅ နှစ်အရွယ်ရှိပြီးဖြစ်တဲ့ Ip Man ကြယ်ပွင့်က သူရဲ့ အင်စတာဂရမ် နောက်ဆုံးပိုစ့်မှာ စန္ဒရားတီးတာမှာရော အဆိုပိုင်းမှာပါ ပါရမီထူးတာကို ပြသခဲ့ပါတယ်။ Yen ဟာ Elton John ရဲ့ “Your Song” သီချင်းကို စန္ဒရားနဲ့ တီးခတ်ပြီး သီဆိုခဲ့တာပါ။

သူရဲ့ တီးခတ် သီဆိုနေပုံကို သမီးဖြစ်သူက ရိုက်ကူးမှတ်တမ်းတင်ထားခဲ့တာဖြစ်ပါတယ်။ သူ တီးခတ်တဲ့ စန္ဒရားဟာ သူအသက် ၁၅ နှစ်အရွယ် အတီးသင်တုန်းက စန္ဒရားဖြစ်ပြီး Boston မြို့ကလာတာလို့ သိရပါတယ်။

READ
US မြေအောက်ရထားတွေပေါ်မှာ တွေ့ရသမျှ ထူးထူးဆန်းဆန်း လူသားများ

Yen ရဲ့ ဖခင် Klysle Yen ဟာ ဂီတ သမားတစ်ယောက်ပါ။ တယောနဲ့ အာဟူလို့ ခေါ်တဲ့ ရိုးရာကြိုးတပ် တူရိယာ တီးခတ်တတ်သူတစ်ယောက်လို့ သိရတယ်။ မိခင်ဖြစ်သူ Bow-sim Mark ဆိုလည်း martial arts ဆရာမတစ်ယောက်ဖြစ်တဲ့အပြင် ဆိုပရာနို(အမြင့်သံ) ဆိုတဲ့ အမျိုးသမီးဖြစ်တယ်။ ဒီတော့ Yen ဟာ ငယ်ငယ်ကတည်းက ဂီတနဲ့ မစိမ်းခဲ့ဘူး။

လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုလောက်ကလည်း Yen ဟာ ပိုလန် ဂီတပညာရှင် Frederic Chopin ရဲ့ သီချင်းကို ပြန်လည်တီးခတ်ပြခဲ့ပါတယ်။

Matthew (ShweMOM)

SHARE