ရုပ်ရှင်ကားသစ်မှာ တရုတ်-မက္ကဆီကိုမူးယစ်ရာဇာအဖြစ် သရုပ်ဆောင်မယ့် Donnie Yen

[email protected]

IP Man ဇာတ်ကားတွေရဲ့ နမည်ကြီးမင်းသားတစ်ဦးဖြစ်တဲ့ ဝါရင်သရုပ်ဆောင်ကြီး Donnie Yen ကိုတော့ ရုပ်ရှင်ပရိသတ်တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ သူရိုက်ခဲ့တဲ့ အက်ရှင်ဇာတ်ကားတော်တော်များများမှာလည်း တိုက်ပုံခိုက်ပုံတွေဟာ တော်တော်မိုက်ပြီး တစ်ကယ့် ပြင်ပလောကမှာလည်း အသတ်အပုတ်တွေ၊ သိုင်းပညာတွေပါ ဘက်စုံတော်တဲ့ မင်းသားကြီးတစ်ယောက်ဆိုလည်း မမှားပါဘူး။

https://www.instagram.com/p/CBw7Y0hjO7X/

အခုလည်း Starlight Media က ရိုက်ကူးမယ့် Golden Empire ဇာတ်ကားကြီးမှာ Donnie ကို တရုတ်-မက္ကဆီကို မူးယစ်ရာဇာခေါင်းဆောင် တစ်ဦးအဖြစ်နဲ့ တွေ့ရတော့မှာဖြစ်ကြောင်း Deadline သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ ဒီဇာတ်ကားတစ်ကားလုံးမှာ ထူးခြားတာကတော့ အင်္ဂလိပ်လိုပဲပြောပြီး သရုပ်ဆောင်ကြမှာဖြစ်ကြောင်း သိရပါတယ်။ Dannie ကို ၂၀၁၇ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ Chasing the Dragon ဇာတ်ကားထဲမှာသာ Gangster တစ်ယောက်အနေနဲ့ ပထမဦးဆုံးတွေ့ရှိခဲ့ရပြီး အဲဒီဇာတ်ကားထဲက Gangster ထက် ပိုမိုက်တဲ့ Gangster ပုံစံကို မကြာခင်ရိုက်ကူးမယ့် Golden Empire ဇာတ်ကားထဲမှာ Dannie ကို တွေ့ရှိရမှာပဲ ဖြစ်ပါတယ်။

ဒီဇာတ်ကားထဲမှာ Dannie ကို မက္ကဆီကို အစိုးရနဲ့ အမေရိကန်အစိုးရတို့က အလိုရှိဆုံး မူးယစ်ရာဇာအဖြစ် တွေ့မြင်ရမှာဖြစ်သလို Dannie ကိုယ်တိုင်ကလည်း ဒီဇာတ်ရုပ်ကို သရုပ်ဆောင်ဖို့အတွက် တော်တော်စိတ်လှုပ်ရှားနေကြောင်း သိရပါတယ်။ “ကျွန်တော် ရိုက်ခဲ့တဲ့ ဇာတ်ကားတော်တော်များများက သိုင်းကားတွေများတော့ ဒီလိုမျိုးဇာတ်ရုပ်မှာ သရုပ်ဆောင်ဖို့အတွက် တော်တော်စိတ်လှုပ်ရှားနေပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ပရိသတ်တွေအတွက် ကျွန်တော့်ဇာတ်ကောင်က အသစ်အဆန်းဖြစ်ပြီး စိတ်ကျေနပ်မှုပေးနိုင်အောင် ကျွန်တော်ကြိုးစားပြီး သရုပ်ဆောင်ပါ့မယ်”လို့ Donnie Yen က ပြောကြားခဲ့ပါတယ်။

“ဒီဇာတ်ကားစရိုက်ဖို့ စဉ်းစားကတည်းက ကျွန်တော်မျက်လုံးထဲမှာ မူးယစ်ရာဇာအဖြစ် သရုပ်ဆောင်ဖို့ Donnie ကိုပဲ ပြေးမြင်မိတာပါ။ ဘာကြောင့်လဲဆိုတော့ သူ့ပရိသတ်တော်တော်များများက သူ့ကို Gangster ပုံစံနဲ့ Chasing the Dragon ဇာတ်ကားထဲမှာပဲ မြင်ဖူးကြတာလေ။ အဲဒါကြောင့်မို့လို့ ဒီဇာတ်ကားမှာ သရုပ်ဆောင်ဖို့ Donnie ကို ရွေးခဲ့တာပါ။ ပြီးတော့ ဒီဇာတ်ကားကြောင့် အနောက်နိုင်ငံက သူ့ပရိသတ်တွေပိုတိုးလာမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” လို့ Starlight Media ရဲ့ CEO ဖြစ်သူ Peter Luo က ပြောကြားခဲ့ပါတယ်။

READ
ဆောင်းဟေကို..ကို အရင်တည်းက လေးစားဂုဏ်ယူခဲ့ရတယ်ဆိုတဲ့ ဆောင်ဂျွန်ကီ

https://www.instagram.com/p/CCZWQo5j0ud/

Pyi Hein Kyaw

SHARE