သား၊သမီးတွေ ရှေ့မှာ မိဘတွေ ရန်လုံးဝမဖြစ်သင့်တဲ့ အကြောင်းအရင်း

Image:shutterstock/By Party people studio

အိမ်ထောင်ရေး ပြဿနာဆိုတာ မျိုးက တကယ်ဖြစ်လာရင် အဲ့ဒီ ကာယကံရှင် နှစ်ယောက်တည်းပဲ ထိခိုက် ခံစား ရတဲ့ အရာ မဟုတ်ပါဘူး။အိမ် ထောင်ရေး အပူမီးက သား၊သမီးတွေ နဲ့ တခြား မိသားစုဝင် တွေ ကိုပါ လောင်နိုင်ပါတယ်။ ရန် မဖြစ်တဲ့ လင်မယားဆိုတာ တော့ မရှိပါဘူး။ဒါပေမယ့် လင်မယား တွေ ရန် ဖြစ် ပြီဆိုရင် သားသမီး ရှေ့မှာ ရန် မဖြစ် ကြဖို့ ဆိုတဲ့ သ ဘောတူညီချက် တစ်ခု တော့ လင်မယားနှစ်ယောက်ကြားမှာ ထားထား သင့်ပါတယ်။အိမ် ထော င် ရေး မသာယာတဲ့ မိဘ တွေ ဆီမှာ  ကြီးပြင်းလာရတဲ့ က လေးတွေ ကို လေ့လာ ကြည့်တဲ့ အခါ မှာတော့ အခု လို မျိုး စိတ် ပိုင်းဆိုင်ရာ ပြဿနာ တွေကို သေရာပါ တဲ့ အထိ ထိခိုက် ခံစားရတတ်တယ်လို့ လေ့လာ မှု တစ်ခု မှာ  ဖော်ပြ ထား ပါတယ်။ဒီ အ ကြောင်းကိုတော့ Asia one မှာ ဖော်ပြထားတာပါ။

ရန်လို အကြမ်းဖက် ချင်စိတ်များ

Image:Pixabay/Free-Photos

လေ့လာမှုတစ်ခု အရ ဆိုရင်တော့ မိဘ နှစ်ပါး အိမ် ထောင် ရေးမသာယာတဲ့ မိသားစု က နေ ကြီးပြင်းလာရတဲ့ က လေးတွေ ဟာ တခြားက လေးတွေ ထက်ပိုပြီး ရန်လို စိတ်၊အကြမ်းဖက်ချင်စိတ် ပိုများတာကို တွေ့ ရပါတယ်။ က လေး က ငယ်တုန်းဆိုရင်တော့ မသိ သာ ပေမယ့် နောက်ပိုင်း အရွယ် ရောက် လို့ ဆယ် ကျော် သက်  လောက် ဆိုရင် ပိုပြီး ဒီလို အ ခြေ အ နေ မျိုးက သိသာ လာ ပါလိမ့်မယ်။အကြမ်းဖက်ချင်စိတ်၊ဂလန် ဂဆန် လုပ်တတ်တဲ့ စိတ် တွေ က လေးရဲ့ ရင်ထဲမှာ ကိန်း အောင်းလာတတ်ပါတယ်။မကြာသေးခင်ကမှ ပြသတဲ့ The World of Married ဇာတ်ကား ထဲမှာဆိုရင် မိဘ နှစ်ပါးရဲ့ အိမ် ထောင်ရေးမှာ မြေဇာပင် ဖြစ်လာရတဲ့ အခါ မှာ သားဖြစ်သူက အရင် က တခါ မှ မလုပ်ဘူးတဲ့ ပစ္စည်းခိုးတာတွေ ကို လုပ်လာတာကို ရိုက်ပြထားပါတယ်။ဒါက ဇာတ်လမ်းထဲမှာ တင်  ရှိတာ မျိုး မဟုတ်ပါဘူး။မိဘ နှစ်ပါး အိမ် ထောင် ရေး မသာယာရင် က လေးက စိတ် ထွက် ပေါက် အနေနဲ့   ဒီလို မ ကောင်းတဲ့ လုပ်ရပ် တွေ ကို လုပ်တတ်ကြပါတယ်။

READ
ခေတ်သစ်ကမ္ဘာထဲ ကံကောင်းလွန်းစွာ ပျောက်ကွယ်ခဲ့ပြီဖြစ်တဲ့အရာများ

စိတ်ခံစားချက် မတည်ငြိမ်ဘူး

ချစ်ခြင်း မေတ္တာနဲ့ ကြီးပြင်းလာရတဲ့ က လေး နဲ့ ချစ်ခြင်း မေတ္တာ မဲ့ နေတဲ့ မိသားစု က ကြီး ပြင်းလာ ရတဲ့ က လေး  ရဲ့ အမူအကျင့်နဲ့ စရိုက်တွေ က မတူပါဘူး။မိဘ တွေ က ရန်ခဏခဏ ဖြစ် နေတဲ့ မိသားစု မှာ နေလာရတဲ့ က လေး  တွေ မှာဆိုရင်တော့ သာယာတဲ့ မိသားစုမှာ ကြီးပြင်းလာရတဲ့ က လေးတွေ လို မဟုတ်ပဲ စိတ် ခံစားချက် မတည်ငြိမ် တာမျိုးတွေ ရှိတတ်ပါတယ်။တခုခုဆိုရင် စိတ်က ခံစားလွယ်တာ၊မတည်ငြိမ်တာ၊အငုံ့ စိတ် ၊ စိတ် မလုံခြုံမှု ကိုပါ ခံစားရ တတ်ပါတယ်။

ကိုယ့်ကိုယ်ကို ယုံကြည် တန်ဖိုးထားမှု အားနည်း

Image:shutterstock /By altanaka

မိဘ တွေက သူတို့ရဲ့ အိမ် ထောင်ရေး ရန်ပွဲ တွေ နဲ့ပဲ အချိန်ကုန် နေပြီး သား၊သမီး ရဲ့ စိတ် ခံစား ချက်ကို တ ခါ တ လေ မှာ မေ့ လျော့ ထားတတ်ပါတယ်။ဒီလို ရန်ပွဲ တွေ  ဖြစ် နေတဲ့ မိဘ နဲ့ နေလာရတဲ့ သား သမီး တွေ မှာဆို ရင် ကိုယ့် ကိုယ်ကို တန်ဖိုးထား ယုံကြည်တဲ့ စိတ်က ပျောက်ဆုံးလာတတ် ပါတယ်။နွေး ထွေးတဲ့ စောင့် ရှောက် မှု တွေ  ကို ပေးနေ ၊ထုတ်ပြ နေရမယ့် အစား မိဘ တွေက ဆူပူ အော်ဟစ်တာ၊ရိုက်နှက်တာ တွေ ကိုပဲ မြင် နေ ရမယ် ဆိုရင် အဲ့ ကလေး ရဲ့ စိတ်ထဲမှာ ကူကယ်ရာမဲ့ ခံစားချက် မျိုးဝင်လာတတ်ပါတယ်။ရှက်ရွံ့ တဲ့ စိတ်၊အပြစ်ရှိတဲ့ စိတ်၊ တန် ဖိုး မဲ့ တဲ့ စိတ် မျိုးတွေ က က လေးအတွက် သေရာပါ စိတ်ဒဏ်ရာ မျိုးတွေ အထိ ဖြစ်သွားနိုင်ပါတယ်။

READ
ဟယ်ရီပေါ်တာပရိသတ်နှစ်ဦး ဖန်တီးထားတဲ့ အလန်းစား Common Room

 ပညာ ရေးထိခိုက်

Image:shutterstock/By GP PIXSTOCK

ထိခိုက်မှုတွေ ထဲကမှ အသိသာအမြင်သာဆုံး တွေ ထဲက တစ်ခုပါ။မိဘ တွေ တဂျိမ်းဂျိမ်း နဲ့ သတ် ပွဲ ဖြစ် နေတဲ့  အိမ် မှာ နေနေရတဲ့ က လေးက သူ့ရဲ့ ပညာရေးကို ကောင်းကောင်း အာရုံစိုက် လို့ မရတဲ့ အ နေ အထားမျိုး တွေ ဖြစ် တတ်ပါတယ်။ဒါ ကြောင့် မိဘ တွေ ရန်ဖြစ်ပြီး အိမ် ထောင်ရေး မသာယာတာနဲ့ က လေးရဲ့ ပညာ ရေးကိုပါ သွားပြီး ထိခိုက် စေ နိုင်ပါတယ်။

ပျော်စရာ ကောင်းတဲ့ မိသားစု ဘ၀ လေး တွေ ပိုင်ဆိုင်နိုင်ပါစေ..။

#SHWEMOM

SHARE