ပရိသတ်ကြားမှာ အရမ်းကို ရေပန်းစားနေတဲ့ “မျှော်လင့်ချက်တို့ အဆုံးမသတ်နဲ့ “

Image:fb/U.S. Embassy Rangoon

လက်တလောမှာတော့ ပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစားနေတဲ့ သီချင်းလေးတစ်ပုဒ်ရှိပါတယ်။သီချင်း လေးကတော့ မူးယစ်ဆေးသုံးစွဲမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ကြောင့် ဒုက္ခရောက်ရတဲ့ အကြောင်းကို ပုံဖော်ထားတဲ့ သီချင်းလေးပါ။သီချင်းလေးရဲ့ နာမည်ကတော့ “မျှော်လင့်ချက်တို့ အဆုံးမသတ်နဲ့ ” ပါ။ဒီသီချင်းလေးကိုတော့ R  ဇာနည်၊ဂျီလတ်၊ဝေလ၊အောင်လ၊အောင်ထက်၊အားတီ၊ X BOXIN ၊၀ိုင်းစုခိုင်သိန်း၊နီနီခင်ဇော်၊မိစန္ဒီ၊ကေကေမိုး၊ဂျူဝယ်လ် တို့က သီဆိုထားကြတာပါ။

Image:fb/U.S. Embassy Rangoon
Image:fb/U.S. Embassy Rangoon

သီချင်းလေးကတော့ မူးယစ်ဆေးဆွဲပြီး ဒုက္ခရောက်နေရသူကို မူးယစ်နွံ့ ထဲကနေ ပြန်လည် ရုန်းထနိုင်ဖို့ အားပေး ထားတဲ့ သီချင်းလေးပါ။ဒီသီချင်းလေးကိုတော့ အမေရိကန် သံရုံးက Full Stop လူမှုအဖွဲ့ အစည်း၊ အနုပညာ(၁၂)ဦး တို့နဲ့ ပူးပေါင်း ထုတ်ခဲ့တာပါ။မြန်မာနိုင်ငံအတွင်းမှာ ပိုမိုကျန်းမာတဲ့ လူမှု အသိုက်အ၀န်းများ ဖြစ် ပေါ် စေရေး ကူညီဆောင်ရွက်ပေးနေတဲ့ လူမှုကွန်ရက်လှုပ်ရှားမှု တစ်ခုဖြစ်တဲ့ ၅၂၈ မူးယစ်ဆေးနဲ့ မိသားစု အဖွဲ့ က  မြှင့်တ င်ပေးထားတာပါ။အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီရဲ့ HIV/AIDS Flagship Project စီမံကိန်း၊528 Love ကနေ ပြီး မူးယစ်ဆေးသုံးစွဲမှု ရဲ့ နောက်ဆက်တွဲ နဲ့ ပတ်သက်ပြီး ကျန်းမာရေးနဲ့ ဆိုင်တဲ့ သတင်း အချက် အလက်တွေကို ပံ့ပိုးပေးနေသလို မူးယစ်ဆေး သွေးကြော ထိုးသွင်းသူတွေရဲ့ မိသားစု တွေ၊မိတ်ဆွေ တွေ အနနဲ့ သူတို့ရဲ့ လူမှု အသိုက်အ၀န်ူ အတွင်း ကူညီပေးနိုင်ဖို့ နည်းလမ်းတစ်ခုကို ရှာဖွေ ပေူနိုင်ဖို့ ကူညီပံ့ပိုးပေးနေပါတယ်။

READ
ပွဲတစ်ခုမှာ လိုက်ဖက်ညီစွာတွေ့ရတဲ့ စိုင်းစိုင်းနဲ့ ပိုးမမှီသာ

 

https://www.facebook.com/usembassy.rangoon/videos/494749561104434/

Source:U.S. Embassy Rangoon

SHARE