ကလေးတွေကိုနမ်းခြင်းက ပြင်းထန်တဲ့ ဗိုင်းရပ်စ်တွေကူးစက်စေနိုင်တယ်လို့ဆို

Tania Kolinko/Shutterstock

ကလေးတွေကို နမ်းခြင်းဆိုတာ သာမန်အားဖြင့် ဘာမှ မပြောပလောက်တဲ့ ကိစ္စဖြစ်သော်လည်း ဆေးဘက်ဆိုင်ရာ ပညာရှင်တွေကတော့ သဘောမကျကြပါဘူး။ ဒေါက်တာတော်တော်များများကတော့ မွေးကင်းစကလေးတွေကို နမ်းခြင်းမပြုကြဖို့ ဗြောင်ကျကျ တားမြစ်ကြလေ့ရှိပါတယ်။ ဒီတားမြစ်မှုကို မလိုက်နာဘူးဆိုရင် ကိုယ်ပဲ နစ်နာနိုင်ပါတယ်။

ဒေါက်တာတွေရဲ့အဆိုအရ ကလေးတွေကို နမ်းတဲ့အခါ Respiratory syncytial virus (RSV) လို့ခေါ်တဲ့ ဗိုင်းရပ်စ် ကူုးစက်ခံရနိုင်ကြောင်း သိရပါတယ်။ ဒီ RCV Case ဟာ အခုအခါမှာ အတော်လေး မြင့်တက်နေပြီး၊ တစ်ခါတလေမှာ ရောဂါကို ခြေရာခံမရနိုင်ဘဲ၊ တစ်ခြား သာမန်အအေးမိတုပ်ကွေးနဲ့ မှားယွင်းတတ်ကြောင်း သိရပါတယ်။

LightField Studios / Shutterstock

အခုဆိုရင် RCV Case ဟာ တစ်နှစ်အောက်ကလေးတွေမှာ အဖြစ်များတဲ့ Bronchiolitis နဲ့ Pneumonia ဖြစ်စဉ်တွေနဲ့ တန်းတူရည်တူ ဖြစ်လာခဲ့ပြီလို့ သိရပါတယ်။ RSV ဟာ လူတိုင်းကို ကူးစက်စေနိုင်သော်လည်း အသက်(၆)လသာရှိသေးတဲ့ ကလေးတွေအတွက် အလွန်စိုးရိမ်ရတဲ့ အခြေအနေဖြစ်ကြောင်း ဆိုပါတယ်။

RSV ကူးစက်ခံရပြီဆိုရင် နှာရည်ယိုခြင်း၊ သလိပ်ကပ်ချောင်းဆိုးခြင်း၊ အဖျားတက်ခြင်း၊ ကသိကအောက်ဖြစ်ခြင်းတွေ ဖြစ်လေ့ရှိကြောင်း သိရပါတယ်။ RSV နဲ့ သာမန်အအေးမိခြင်းမှာ ကွာခြားချက်က RSV မှာ အသားရေနီရဲခြင်း ပိုပြီး၊ လေလမ်းကြောင်းမှာ ရောင်ရမ်းပိုတယ်လို့ သိရပါတယ်။ RSV ဟာ (၃)ပတ်အထိ ကြာရှည်တတ်ပြီး၊ ကလေးဟာ တစ်ပတ်ထက် ပိုပြီးဖျားနေရင်တော့ ဒေါက်တာနဲ့ အမြန်ဆုံးပြသဖို့ တိုက်တွန်းချင်ပါတယ်။

Lopolo/Shutterstock

လင်းသုတ

SHARE