Donut မုန့်တွေနဲ့ ပတ်သတ်ပြီး လူသိနည်းတဲ့ စိတ်ဝင်စားဖွယ် အချက်(၄)ချက်

Freepik- racool_studio

ဒိုးနပ်မကြိုက်တဲ့လူ မရှိဘူးထင်ပါတယ်နော်။ ဒိုးနပ်မုန့်တွေဟာ ထွင်ရင်ထွင်သလိုမျိုး အရသာပေါင်းစုံနဲ့ ရနိုင်ပြီးတော့ ကလေးကအစ လူကြီးအဆုံး သဘောကျကြရတဲ့ မုန့်တွေဖြစ်ပါတယ်။ စားလို့ကောင်းပြီး ချစ်ဖို့ကောင်းလှတဲ့ ဒိုးနပ်မုန့်တွေရဲ့ နောက်ကွယ်မှာ လူသိနည်းသေးတဲ့ ထူးထူးခြားခြား အချက်တွေ ရှိနေတယ်ဆိုတာ သင်သိပါသလား။ ဘာတွေများဖြစ်လဲ ကြည့်လိုက်ရအောင်။

Freepik- anusorn_nakdee

ဆီနင့်နေတဲ့ ကိတ်မုန့်တွေ

တကယ်တော့ ဒိုးနပ်မုန့်ဆိုတာ ဆီတွေအများကြီးနဲ့ ကြော်ထားတဲ့ ကိတ်မုန့်တွေပါပဲ။ များသောအားဖြင့် ဝက်ဆီတွေနဲ့ ကြော်တာများပါတယ်။ ကိတ်မုန့်ကမှ ဂျုံနယ်ပြီး ဆီမပါဘဲ ဖုတ်လိုက်တဲ့အတွက် ဒိုးနပ်တွေလောက်တော့ ကယ်လိုရီတွေ များမနေပါဘူး။ ချိုလည်းချိုတယ်၊ ဆီတွေထဲလည်း နှစ်ပြီး ကြော်ထားတဲ့ ဒိုးနပ်မုန့်တွေကတော့ တကယ်တမ်း ပြန်စဉ်စားကြည့်မယ်ဆိုရင် ကျန်းမာရေးနဲ့ မညီညွတ်သလို ဖြစ်နေလို့ အများကြီး မစားသင့်ပါဘူး။

ဒိုးနပ်ကွင်းတွေရဲ့ အလယ်ကအပေါက်လေးတွေက ဘာအတွက်လဲ

READ
ဘာဆက်လုပ်ရမှန်းမသိတော့ပဲ လက်ရှိဘ၀ကို စိတ်ပျက်နေသူများ သိသင့်တဲ့အချက်(၅)ချက်

အဲဒီ အပေါက်လေးတွေဟာ အလှအတွက် သက်သက ထည့်ထားတာမျိုးမဟုတ်ပါဘူး။ တကယ်တော့ ဟိုးအရင် ဒိုးနပ်စပြီးလုပ်ခဲ့တဲ့ Hanson Gregory ရဲ့မိခင်က သားဖြစ်သူ Hanson Gregory အနေနဲ့ သင်္ဘောလက်ကိုင်လှည့်ရင်း လက်မအားတဲ့အခါ ဒိုးနပ်ကွင်းကို လက်က ကိုင်ထားစရာမလိုပဲနဲ့ စွတ်ထားလို့ရအောင်ဆိုပြီးတော့ လုပ်ခဲ့တာပါတဲ့။ ဒီအပြင် အလယ်မှာ အပေါက်ပါတဲ့ ဒိုးနပ်ကွင်းတွေဟာ ပိုပြီး ညီညီညာညာ အကျက်မြန်တဲ့အတွက် စားကောင်းပါတယ်တဲ့။

Freepik- racool_studio

ကမ္ဘာစစ်ပြီးဆုံးမှုအတွက် အောင်ပွဲခံအစားအသောက်

ဒိုးနပ်မုန့်ရဲ့ သမိုင်းကတော့ အသေးပါဘူး။ ပထမကမ္ဘာစစ်တုန်းက စစ်ပွဲကြီးလည်း ပြီးဆုံးပြီလို့ ကြေလည်းကြေငြာပြီးရော အနောက်နိုင်ငံတွေက ရိက္ခာစုဆောင်းရေးတပ်တွေဟာ ရှေ့တန်းက သူရဲကောင်းတွေကို ဒိုးနပ်မုန့်တွေနဲ့ အဝကို ဧည့်ခံခဲ့တာပါ။ နောက် ဒုတိယကမ္ဘာစစ်ပြီးတော့လည်း အလားတူပါပဲတဲ့။ အဲဒီနောက်ပိုင်း အမေရိကန်နဲ့ ဥရောပနိုင်ငံတစ်ချို့မှာ ဒိုးနပ်မုန့်ဆိုင်တွေ တဟုန်ထိုးကို ဖွင့်လာခဲ့ကြတော့တာပါ။

READ
လေပေါ်မှာ ပျံဝဲနေတဲ့ သဘောင်္ဓာတ်ပုံကြောင့် လူတွေ အသည်းအသန်ငြင်းပွဲကြီး ဖြစ်ခဲ့ရ

ဒိုးနပ်ရဲ့ ကယ်လိုရီပါဝင်မှု

ကယ်လိုရီများတဲ့ အစားအစာတွေဟာ လူ့ခန္ဓာကိုယ်ကို အဝလွန်စေတာ၊ နှလုံးရောဂါ၊ အဆီဖုန်းတဲ့ ပြဿနာနဲ့ ကင်ဆာရောဂါစတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒိုးနပ်မုန့်မှာပါတဲ့ ကယ်လိုရီတွေဟာ ရိုးရိုး သကြားအုပ်ထားတဲ့ ဒိုးနပ်ကွင်းတောင်မှပဲ ကယ်လိုရီ ၁၉၀ ရှိနေပါတယ်။သကြားကတော့ ၁၀ ဂရမ်နဲ့ မပြည့်ဝဆီကတော့ ၅ ဂရမ်အသီသီးပါဝင်လျက်ရှိပါတယ်။ ချောကလတ်ဒိုးနပ်တစ်ခုဆိုရင် ကယ်လိုရီ ၄၀၀ လောက်ရှိနေပါတယ်။

Freepik- racool_studio

penny

SHARE