(၆)လအရွယ်ကလေးငယ်လေးကို အစာစကျွေးရင် သတိထားရမယ့်အချက်များ

ကလေးငယ်တွေကို အစားစကျွေးရတာ မိခင်တိုင်းအတွက် ခက်ခဲတဲ့အလုပ်တစ်ခုပါပဲ။ သင့်ကလေးက အစာစားဖို့ကို ငြင်းဆန်နေရင် စိတ်ရှည်ပြီး ကလေးစားလာတဲ့အထိ စောင့်ကျွေးပေးသင့်ပါတယ်။ ကလေးတွေက အရသာအသစ်ကို အခုမှ စစားဖူးတာဆိုတော့ ငြင်းဆန်နေမှာပါ။ ဒါကို သူတို့မစားလည်း စားလာအောင် ခဏခဏ ကျွေးပေးရပါမယ်။

(၁) အစာကို (၆)လပြည့်တော့မှ ကျွေးပေးပါ

ကမ္ဘာကျန်းမာရေး အဖွဲ့အစည်းဖြစ်တဲ့ (WHO)နဲ့ American Academy of  Pediatrics (AAP) တို့ရဲ့ သုံးသပ်ချက်အရကတော့ ကလေးတွေကို (၆)လပြည့်ပြီးတော့မှ အဖက်ပါတဲ့ အစာတွေ စကျွေးသင့်ပါတယ်။ ကလေးတွေ (၆)လပြည့်ပြီဆိုမှ ကောင်းကောင်းထိုင်တတ်သလို အစားကို ကောင်းကောင်းဝါးနိုင်၊ မြိုနိုင်တာပဲဖြစ်ပါတယ်။ ဒါပေမယ့် သင့်ကလေးက အဖက်စားဖို့ အဆင်သင့်ဖြစ်နေပြီဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။

(၂) အရသာအမျိုးမျိုး ကျွေးကြည့်ပါ

AAP အဖွဲ့အစည်းကတော့ ကလေးငယ်လေးတွေအတွက် ကျွေးသင့်တဲ့ အစားအစာတွေကို လမ်းကြောင်းပေးထားပါတယ်။ ကလေးငယ်ကို အဖက်စကျွေးတော့မယ်ဆိုရင် အရသာအစုံကို ကျွေးကြည့်ပါ။ အသီးဆိုရင်လည်း သင့်ကလေးနဲ့တည်မယ့် အသီးလေးတွေကို ချေချေပြီး ကျွေးပေးပါ။

READ
ရေယုံအတွက် အိမ်မှာပဲ သက်တောင့်သက်သာကုလို့ရတဲ့နည်းလမ်းကောင်းများ

(၃) ဓာတ်မတည့်တဲ့ အစားအသောက်တွေကို စမ်းကျွေးကြည့်ပါ 

သင့်တို့မိသားစုမျိုးရိုးမှာ အစားအသောက်နဲ့ဓာတ်မတည့်တာတွေ မရှိဘူးဆိုရင် သင့်ကလေးကို အစုံကျွေးပေးပါ။ တကယ်လို့ သင့်တို့မိသားစုမျိုးရိုးမှာ တချို့အစားအသောက်နဲ့ ဓာတ်မတည့်တာတွေ ရှိနေရင် သင့်ကလေးကို နည်းနည်းချင်းစီကျွေးပေးကြည့်ပါ။ လိုအပ်ရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှ ကျွေးပေးပါ။

(၄) သင့်ကလေးက အရမ်းမစားဘူးဆိုရင် စိတ်မပူပါနဲ့

အစာ စစစားချင်းမှာတော့ ကလေးတွေကို (၈)အောင်စလောက် စားမှာကို မမျှော်လင့်ပါနဲ့။ သင်က ကလေးငယ်ကို ပထမဆုံး အစာစကျွေးမယ်ဆိုရင်တော့ နည်းနည်းတော့ စိတ်ရှည်ရပါမယ်။ ကလေးငယ်တွေက ဇွန်းကို တွန်းတွန်းချမိမှာဖြစ်သလို အစာကိုလည်း ထွေးထွေးထုတ်တတ်တာကြောင့်ပါ။

(၅) အစာ ခဏခဏ ကျွေးပေးပါ။ 

WHO အဖွဲ့အစည်းရဲ့ ညွန်းကြားချက်အရ (၆ လ-၈ လ)ကလေးတွေကို တစ်ရက် (၃)နပ်လောက် ကျွေးပေးသင့်ပြီး (၉လ-၂၄လ) အရွယ်ကလေးတွေကို တစ်ရက် (၃နပ်-၄နပ်) လောက်ကျွေးပေးသင့်ပါတယ်။ (၁၂လ)အရွယ်ကလေးတွေကိုတော့ Snacks အပါအ၀င် (၄)နပ်လောက် ကျွေးပေးသင့်ပါတယ်။

READ
ငရုပ်သီးရဲ့ အံ့ဖွယ်ကောင်းကျိုး(၅)မျိုး
Hannwe Soe (Shwemom)
SHARE