အမေရိကန်ဒုသမ္မတ Kamala Harris ဟာ အမေရိကန်သမိုင်းမှာ ဒုတိယသမ္မတအဖြစ်တာဝန်ထမ်းဆောင်ရတဲ့ ပထမဆုံးလူမည်းတောင်အာရှအမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ သူမရဲ့ခင်ပွန်းသည် Doug Emhoff ဟာဆိုရင်တော့ ဒုသမ္မတရဲ့အမျိုးသားအဖြစ် ဦးဆုံး သမိုင်းမှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။ အင်္ဂါနေ့တုန်းက GQ က ထုတ်ဝေတဲ့သတင်းတစ်ခုမှာတော့ ဇနီးသည်ကိုပံ့ပိုးပေးနိုင်ဖို့အတွက် သူ့အလုပ်ကို စွန့်လွှတ်ခဲ့ကြောင်း Emhoff က ရေးသားထားခဲ့ပါတယ်။
View this post on Instagram
“ဖျော်ဖြေရေးကဏ္ဍက ရှေ့နေတစ်ယောက်အနေနဲ့ ကျွန်တော့်အလုပ်ကို ကျွန်တော်နောက်ဆုတ်ခဲ့ပါတယ်။ ဒါ ကျွန်တော်တို့နှစ်ယောက်စလုံး သဘောတူတဲ့ဆုံးဖြတ်ချက်ပါ။ ကျွန်တော်တို့နှစ်ယောက်စလုံးထက် ပိုကြီးကျယ်တဲ့အရာတစ်ခုအတွက်ပေါ့။”
View this post on Instagram
Joe Biden က သြဂုတ်လ ၂၀၂၀ ခုနှစ်မှာ သူ့ရဲ့ရွေးကောက်ပွဲဝင်လုပ်ဖော်ကိုင်ဖက်ဟာ Harris ဆိုပြီး ကြေညာကတည်းက Emhoff ဟာ ဇနီးဖြစ်သူရဲ့နိုင်ငံရေးရည်မှန်းချက်တွေကို အားပေးထောက်ပံ့ဖို့ သူ့ရဲ့ဥပဒေအလုပ်ကနေ ခွင့်ယူခဲ့တာဖြစ်ပါတယ်။ Biden နဲ့ Harris က ရွေးကောက်ပွဲမှာ အနိုင်ရရှိပြီးတဲ့အခါမှာတော့ Emhoff ဟာ လက်ရှိအလုပ်ကနေထွက်လိုက်ပါတော့တယ်။ အခုဆိုရင်တော့ သူဟာ ဒုသမ္မတရဲ့ခင်ပွန်းအနေနဲ့ နိုင်ငံ့တာဝန်တွေကို လုပ်ဆောင်နေပြီး Georgetown တက္ကသိုလ်မှာ နိုင်ငံတကာ ကျောင်းသားတွေအတွက် Entertainment law အခမဲ့ပို့ချ သင်ကြားပေးနေပါတယ်။
View this post on Instagram
အမျိုးသမီးရဲ့ နိုင်ငံရေးလုပ်ငန်းထဲ ခင်ပွန်းက ခြေစုံပစ်ဝင်ပြီး ကူညီတယ်ဆိုတာမျိုးက လက်တွေ့မှာတကယ်ရှားပါးပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာကြာအောင် အမျိုးသမီးတွေကပဲ နိုင်ငံရေးလောကထဲကျင်လည်နေရတဲ့ ခင်ပွန်းသည်တွေကို ပံ့ပိုးမှုတွေသာ ရှိခဲ့တာပါ။ Michelle Obama ဆိုရင်လည်း ဟားဗက်ဥပဒေဘွဲ့ရတစ်ဦးဖြစ်ပြီး ဥပဒေကုမ္ပဏီတစ်ခုမှာ Barack ရဲ့ဆရာဖြစ်ခဲ့ပါတယ်။
သူမဟာ University of Chicago Medical Center ရဲ့အမှုဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ Hillary Rodham Clinton ဆိုရင်လည်း National Law Journal အရ အမေရိကန်ရဲ့လွှမ်းမိုးမှုအရှိဆုံး ရှေ့နေအယောက်တစ်ရာထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ ဒါပေမဲ့ Michelle ရော Hillary ရော နှစ်ဦးစလုံးဟာ ခင်ပွန်းသည်တွေရဲ့နိုင်ငံရေးလှုပ်ရှားမှုကမ်ပိန်းတွေထဲမှာ ပါဝင်ကူညီဖို့အတွက် အလုပ်ကိုယ်စီထွက်ခဲ့ရတာ ဖြစ်ပါတယ်။ Emhoff ကတော့ သူ့အနေနဲ့ အမေရိကန်သမ္မတ သို့မဟုတ် ဒုသမ္မတရဲ့ပထမဆုံးအမျိုးသားကြင်ယာဖက်ဖြစ်ရတာကို ဂုဏ်ယူကြောင်းလည်း ပြောပြသွားခဲ့တာကို Insider သတင်းအရ သိရပါတယ်။
ShweMom