ကြည်နူးဖွယ်အပြုအမူကြောင့် လူကြည့်များနေတဲ့ ဒေါင်းဝေဒနာရှင်စုံတွဲရဲ့ ဗီဒီယိုဖိုင်လေး

facebook/Saris.Marie

လူနှစ်ယောက်ကြားထဲမှာ ပေါက်ဖွားလာတဲ့ ချစ်ခြင်းမေတ္တာကို ဘယ်လိုရောဂါဝေဒနာမျိုးကမှ ဟန့်တားနိုင်စွမ်းမရှိတာကို အောက်ပါဖြစ်ရပ်လေးကနေ ကြည်နူးဖွယ် မြင်နိုင်ပါတယ်။ ဖလော်ရီဒါနေ အသက်(၁၉) နှစ်အရွယ် ဒေးဗစ်မက်သယူးကိုဝမ်နဲ့ အသက်(၁၈) နှစ်အရွယ် ဆာရီစ်မာရီဂါဆီယာတို့ဟာ သာမန်လူတွေနည်းတူ ရရှိသင့်တဲ့ ဘ၀အတွေ့အကြုံတွေကို Down syndrome ကြောင့် အထိခိုက်မခံခဲ့ပါဘူး။

ဒေးဗစ်နဲ့ ဆာရီစ်ဟာ အထက်တန်း ကျောင်းသားကျောင်းသူတွေဖြစ်ပါတယ်။ ဒေးဗစ်က Seminole ဘောလုံးအသင်းထဲ ပါဝင်သလို ဆာရီစ်ကတော့ Lake Brantley ကျောင်းဖျော်ဖြေရေးပန်းပွားအက အသင်းကပါ။ သူတို့နှစ်ဦးဟာ အသက် (၃) နှစ်အရွယ်ကတည်းက တွေ့ဆုံခဲ့ကြတာ ဖြစ်ပြီး ဆယ်ကျော်သက်အရွယ် (၁၄-၁၅) နှစ်လောက်မှာတော့ သမီးရည်းစားတွေဖြစ်လာခဲ့ကြပါတယ်။

facebook/Saris.Marie

ခုတွေ့မြင်ရမယ့် ဗီဒီယိုဖိုင်လေးကတော့ ဒေးဗစ်က သူ့ကောင်မလေးကို သူတို့ကျောင်းက ကျောင်းကပွဲတစ်ခုမှာ အတူတွဲတက်ပေးဖို့ တောင်းဆိုတဲ့ ဗီဒီယိုလေးပါ။ ဒီနှစ်မှာတော့ ကာလရှည်ကြာ သူနဲ့ချစ်လာတဲ့ ကောင်မလေးကို ရုတ်တရက် အံ့သြသွားရအောင်ဆိုပြီး အထူးအစီအစဉ်လေးပြုလုပ်ပေးဖို့ ဒေးဗစ်က စိတ်ကူးရခဲ့ပါတယ်။ ဒေးဗစ်က ဆာရီစ်ရဲ့ကျောင်းကိုသွားပြီး သူမတို့ကျောင်းက ဘောလုံးပွဲမှာ ဆာရီစ်ပန်းပွားကနေတုန်း တစ်ကျောင်းလုံးရှေ့မှာ ကပွဲအတူလိုက်တက်ပေးဖို့ ကောင်မလေးကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

READ
ကလေးတွေစာသင်နိုင်ဖို့ ကိုယ်ပိုင်ကျောင်းတည်ထောင်ခဲ့တဲ့ လေးစားဖွယ်(၁၂) နှစ်သား

ဗီဒီယိုထဲမှာတော့ နှစ်ဦးစလုံးဟာ စိတ်လှုပ်ရှားနေကြသလို ပျော်လည်းပျော်နေကြတာကို တွေ့ရမှာပါ။ ဒေးဗစ်ကတော့ “Will you be my sunshine to homecoming?” လို့စာရေးသားထားတဲ့ ဘုတ်ပြားတစ်ခုအပြင် ပန်းစီးနဲ့ ဘောလုံးတွေကိုပါ ယူလာပါသေးတယ်။ ဆာရီစ်ခမျာ ရုတ်တရက် ဒေးဗစ်ကို မြင်လိုက်ရတော့ အံ့သြသွားပါတယ်။

facebook/Saris.Marie

ပြီးတော့ သူမကိုင်ထားတဲ့ အနီနဲ့အပြာ ပန်းပွားလေးတွေကို လွှတ်ချပြီး သူမရဲ့ကောင်လေးဆီ လှမ်းလာခဲ့ပါတယ်။ ဒေးဗစ်လှမ်းပေးတဲ့ အ၀ါရောင်နေကြာပန်းတွေနဲ့ကပ်ထားတဲ့ ဘုတ်ပြားကြီးကို သူမက ပျော်ရွှင်စွာ ယူလိုက်ပြီး ကပွဲလိုက်မယ်ဆိုတဲ့ အဖြေပြန်ပေးခဲ့ပါတယ်။ ချစ်စရာကောင်းပြီး အပြစ်ကင်းစင်လှတဲ့ သူတို့စုံတွဲလေးရဲ့ အပြုအမူဟာ ကြည့်ရှုသူတွေကိုပါ အပျော်ကူးစေတာကို Yahoo ကနေ ကိုးကားထားတဲ့ သတင်းအရ အောက်က ဗီဒီယိုလေးမှာ တွေ့ရမှာပဲ ဖြစ်ပါတယ်။

HOCO 2019 proposal #hoco2019 #imsoexcited #homecomingproposal #surprise #davidandsaris #sarismarie #downsyndromerocks #inclusion #lakebrantleyhigh #lbhscheer Seminole High School Sanford Lake Brantleyhttps://youtu.be/_bksLAeAXoY

Posted by Saris.Marie on Thursday, September 26, 2019

လင်းလင်း (ShweMom)

SHARE