ဆေးရုံတက်ပြီး ခွဲစိတ်မှု ပြုလုပ်ရမယ့် ပရိသတ်တွေကို စိတ်မပူဖို့ အသိပေးခဲ့တဲ့ Dr. Dre

[email protected] drdre

Hiphop လောကရဲ့ အထင်ရှားဆုံးသော ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်တဲ့ Dr. Dre ကိုတော့ Hiphop သီချင်းတွေကို ရူးသွပ်တဲ့ လူမှန်သမျှ ကောင်းကောင်းကြီး သိရှိကြပြီး ဖြစ်မှာပါ။ Dr. Dre ဟာ နာမည်ကြီး အမေရိကန် Rapper တစယောက်ဖြစ်တဲ့အပြင် စီးပွားရေးနယ်ပယ်မှာပါ လူသိများတဲ့ လုပ်ငန်းရှင်တစ်ယောက် ဖြစ်ပါတယ်။ မကြာသေးခင်အချိန်က Dr. Dre တစ်ယောက် အရေးပေါ်ဆေးရုံတင်လိုက်ရတယ်ဆိုတဲ့ သတင်းကို တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ Dr. Dre တစ်ယောက် brain aneurysm လို့ ခေါ်တဲ့ ဦးနှောက်ပိုင်းဆိုင်ရာ ရောဂါတစ်ခုကြောင့် Los Angeles မြို့ရှိ Cedars Sinai Medical Center မှာ အရေးပေါ်ဆေးရုံတင်ခဲ့ရတယ်လို့ လူတစ်ချို့က ပြောကြသလို တစ်ချို့ကျပြန်တော့လည်း သွေးအားနည်းရောဂါကို ခံစားခဲ့ရတာကြောင့် ချက်ချင်း အရေးပေါ်ဆေးရုံတင်ပြီး ခွဲစိတ်ကုသမှု လုပ်ခဲ့ရပြန်တယ်လို့ ပြောခဲ့ကြပါတယ်။

 

 

View this post on Instagram

 

A post shared by Dr. Dre (@drdre)

ဒါပေမယ့် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့(၆.၁.၂၀၂၁)တုန်းက Dr. Dre ဟာ သူဆေးရုံတက်နေရတာ မှန်ပေမယ့် သက်သာလာပြီးဖြစ်ကြောင်း၊ မကြာခင်အချိန်အတွင်းမှာ ဆေးရုံကနေဆင်းရတော့မှာဖြစ်ကြောင်း သူ့ရဲ့ Instagram အကောင့်ကနေပြီးတော့ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ အသက် ၅၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Dr. Dre ဟာ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ Compton မြို့မှာ မွေးဖွားခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်မှာ The Chronic အမည်ရတဲ့ ပထမဦးဆုံး solo debut album ထွက်ရှိခဲ့ပြီး အဲဒီ album မထွက်ခင်ကတည်းက Dr. Dre ဟာ N.W.A (Niggaz Wit Attitudes) အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်ပါတယ်။

READ
ဂျင်းဖက်ရှင်နဲ့လန်းနေတဲ့ ပက်ထရစ်ရှာ

 

 

View this post on Instagram

 

A post shared by Dr. Dre (@drdre)

Dr. Dre ဟာ သူ့ရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာလည်း Grammy ဆု ခုနှစ်ကြိမ်တိုင်တိုင် ရရှိခဲ့ဖူးတဲ့အပြင် Snoop Dogg, Eminem, Kendrick Lamar အစရှိတဲ့ နာမည်ကြီးရက်ပ်ပါတွေကိုလည်း ပရိသတ်တွေနဲ့ ထိတွေ့ခွင့်ရောက်အောင် စင်ပေါ်တင်ပေးခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ခြားနာမည်ကြီး ရက်ပ်ပါတွေရဲ့ ဘဝတွေမှာပါ ဘယ်လိုပုံစံနဲ့ အကျိုးပြုခဲ့သလဲ သိချင်ရင်တော့ All Eyez On Me, Straight Outta Compton အစရှိတဲ့ ဇာတ်ကားတွေမှာပါ ကြည့်ရှု့နိုင်သလို Welcome to Death Row, The Westside, The Up in Smoke Tour အစရှိတဲ့ Documentary ဇာတ်ကားတွေမှာပါ ကြည့်ရှု့နိုင်မှာ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

A post shared by Dr. Dre (@drdre)

“ ကျွန်တော် ဆေးရုံတက်နေရတဲ့ အချိန်မှာ ဝိုင်းဝန်းစိတ်ပူပေးခဲ့ပြီး ဆုတောင်းပေးခဲ့ကြတဲ့ ကျွန်တော့်ရဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ပရိသတ်တွေကို ကျွန်တော်အနေနဲ့ တစ်ကယ့်ကို ကျေးဇူးတင်ပါတယ်။ အခုအချိန်မှာတော့ ဆေးရုံတက်နေရဆဲဖြစ်ပေမယ့် ကျွန်တော့်ကျန်းမာရေးက တော်တော်လေးကို ပြန်ကောင်းနေပါပြီ။ မကြာခင်အချိန်အတွင်း ဆေးရုံကနေ ပြန်ဆင်းပြီး အိမ်ပြန်နားရတော့မှာပါ။ အစစအရာရာ ဂရုစိုက် ကုသပေးခဲ့ကြတဲ့ ဆေးရုံက ကျွန်တော့်ရဲ့ medical team ကိုလည်း တစ်ကယ်ကျေးဇူးတင်ပါတယ်”လို့ Dr. Dre က သူ့ရဲ့ Instagram မှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် Dr. Dre ဟာ သူဘာကြောင့် ရုတ်တရက် အရေးပေါ်ဆေးရုံတက်ရသလဲဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပါဘူး။

READ
အောင်ဇဗ္ဗူဆရာတော် မွေးနေ့မင်္ဂလာအခမ်းအနားမှာ တွေ့ရတဲ့ ခင်ဝင့်ဝါ

ဒီလိုမျိုး Dr. Dre တစ်ယောက် ဆေးရုံတက်နေတယ်ဆိုတာကို သိသိချင်း Dr. Dre ရဲ့ နေအိမ်ကို သူခိုးတစ်ချို့က လာရောက်ဖောက်ထွင်းခဲ့ကြပါသေးတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့(၆.၁.၂၀၂၁) မနက် ၂ နာရီ အချိန်မှာ သူခိုးတစ်ချို့ဟာ Dr. Dre ရဲ့ နေအိမ်ကို ဖောက်ထွင်းဝင်ရောက်ခဲ့ပါတယ်။ ဒါပေမယ့် ကံကောင်းချင်တော့ ဒီလိုမျိုး ဖောက်ထွင်းဝင်ရောက်နေတာကို လုံခြုံရေးတွေက အချိန်မီတွေ့ရှိခဲ့ပြီး ရဲတပ်ဖွဲ့ကို ချက်ချင်းဆက်သွယ်အကြောင်းကြားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရဲတွေ အချိန်မီရောက်လာပြီး ဖောက်ထွင်းသူတွေကို ချက်ချင်းလက်ရဖမ်းဆီးရခဲ့မိကြောင်း သိရှိရပါတယ်။

Pyi Hein Kyaw

SHARE