(၂၅) နှစ်ကြာ ပေါင်းသင်းလာတဲ့ ဇနီးသည်နဲ့ ကွာရှင်းတော့မယ့် Dr.Dre

[email protected]

Dr.Dre လို့ပြောလိုက်တာနဲ့ Hiphop လောကက လူတွေ အကုန်လုံးနီးပါး သိကြတဲ့ Old Skool ရက်ပ်ပါကြီးတစ်ယောက်ဆိုလဲ မမှားပါဘူး။ သီချင်းဆို၊ သီချင်းရေး၊ Beat တွေ ဖန်တီး၊ Produer လုပ် စသဖြင့် ဂီတနဲ့ ပတ်သတ်ရင် ဘက်ပေါင်းစုံမှာ အောင်မြင်မှုရနေတဲ့ ရက်ပါကြီးကို နှစ်ပေါင်း ၂၀ ကျော် ပေါင်းသင်းနေထိုင်လာတဲ့ ဇနီးသည်က ကွာရှင်းခွင့်တောင်းခံခဲ့ကြောင်း Fox News သတင်းဌနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

View this post on Instagram

HAPPY C-DAY @snoopdogg

A post shared by Dr. Dre (@drdre) on

အသက် ၅၅ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ Dr.Dre နဲ့ အသက် ၅၀ အရွယ်ရှိပြီဖြစ်တဲ့ ဇနီးသည် Nicole Young တို့ဟာ လက်ထပ်ပေါင်းသင်းလာတဲ့ နှစ်ပေါင်း ၂၅ နှစ်ရှိခဲ့ပြီ ဖြစ်ပါတယ်။ ပြီးတော့ သူတို့နှစ်ယောက်လုံးဟာ အချစ်ဦးတွေဖြစ်ကြပြီး (၁၉၉၆) ခုနှစ်၊ မေလ ၂၅ ရက်နေ့ကစပြီး လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ ငယ်ချစ်ဖြစ်တာနဲ့အညီ တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်၊ အရမ်းကြင်နာတယ်လို့ ပရိသတ်တွေက သတ်မှတ်ကျသလို အနုပညာရှင်တော်တော်များများ အားကျရတဲ့ စုံတွဲတစ်တွဲလဲ ဖြစ်ပါတယ်။

View this post on Instagram

Married 21 years!!! The Defiant Ones!!!

A post shared by Dr. Dre (@drdre) on

လက်ရှိအချိန်မှာတော့ Young ဘက်ကနေ ကွာရှင်းခွင့်ကို တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့တာဖြစ်ပြီး ဘာအကြောင်းအရင်းကြောင့် ကွာရှင်းလဲဆိုတာကို နှစ်ဖက်စလုံးကနေ တရားဝင်ထုတ်ဖော်ပြောကြားထားခြင်း မရှိပါဘူး။ အသက် ၂၃ နှစ်အရွယ် Truice လို့ အမည်ရတဲ့ သားတစ်ယောက်နဲ့ အသက် ၁၉ နှစ်အရွယ် Truly အမည်ရှိ သမီးတစ်ယောက်ရှိပေမယ့် သားသမီးတွေက အရွယ်ရောက်ပြီးသား ဖြစ်တာကြောင့် Dre အနေနဲ့ ကွာရှင်းခွင့်ကို လက်ခံခဲ့ရင်လည်း ကလေးထောက်ပံ့ကြေးတွေ ပေးစရာမလိုအပ်ကြောင်း Young ဘက်ကနေ ပြောကြားခဲ့ပါတယ်။

View this post on Instagram

22nd Anniversary! Headed to see Hamilton.

A post shared by Dr. Dre (@drdre) on

Young ကိုယ်တိုင်က အောင်မြင်တဲ့ ရှေ့နေတစ်ဦးဖြစ်ပြီး လက်ရှိမှာလဲ Dr.Dre နဲ့ ကွာရှင်းဖို့ကို နာမည်ကြီးရှေ့နေ Samantha Spector ကို ပါ ငှားရမ်းထားကြောင်း သိရပါတယ်။ Samantha ဟာ အနုပညာရှင်တွေ ကွာရှင်းတဲ့ ကိစ္စတွေ အကျိုးဆောင်တဲ့ နေရာမှာ နာမည်ကျော် ရှေ့နေတစ်ယောက်ပါ။ Dre ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း အလုပ်မတရားခိုင်းမှုနဲ့ အိမ်အစေခံနှစ်ယောက်ရဲ့ တရားစွဲဆိုခြင်းကို ခံထားရပါသေးတယ်။

READ
အမျိုးသားတစ်ဦးကိုဓားထောက်ပြီး အဓမ္မကျင့်ခဲ့သည့်မိန်းကလေး ထောင်ဒဏ်ကျဖို့ရှိနေ

https://www.instagram.com/p/CB8B14DDxC3/?utm_source=ig_embed

Pyi Hein Kyaw

SHARE