တစ်မြို့လုံးကို တစ်လတိတိ စားစရာတွေ အခမဲ့ ထောက်ပံ့မယ့် Dr.Dre နဲ့ Jimmy Iovine

[email protected] [email protected]

လက်ရှိ COVID 19 ကပ်ရောဂါဖြစ်ပွားနေတဲ့အချိန်မှာ လူအများစုရဲ့ စားဝတ်နေရေးတွေဟာ တော်တော်ဒုက္ခရောက်ရပါတယ်။ လူချမ်းသာတွေနဲ့ သာမန်လူတန်းစားတွေအဖို့ စားရေးသောက်ရေးဟာ စိတ်မပူရပေမယ့် အောကါခြေလူတန်းစားတွေအတွက် စားရေးသောက်ရေးဟာ တော်တော် အဆင်မပြေပါဘူး။ အထူးသဖြင့် တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ လက်လုပ်လက်စားတွေအတွက်ကတော့ အဆိုးဆုံးပါပဲ။

[email protected]

ဒီလိုအချိန်မှာ အပြင်ထွက်ခွင့်ကိုလည်း နိုင်ငံတော်တော်များများရဲ့ အစိုးရတွေက တားမြစ်ထားတဲ့အတွက်ကြောင့် အောက်ခြေလူတန်းစားတွေမှာ ကိုယ့်ရဲ့ စားရေးသောက်ရေးကို အဆင်ပြေသလိုပဲ ဖြေရှင်းနေရပါတယ်။ အခုလည်း Hip Hop Legend တစ်ဦးဖြစ်တဲ့ Dr. Dre နဲ့ Interscope Records ရဲ့ Co-founder တစ်ဦးဖြစ်တဲ့ Jimmy Iovine တို့နှစ်ဦး ပူးပေါင်းပြီးတော့ Compton မြို့သူမြို့သားများရဲ့ စားရေးသောက်ရေးကို တစ်လတိတိဖြေရှင်းပေးခဲ့ကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

အမေရိကန်နိုင်ငံ၊ California ပြည်နယ်ရှိ Compton မြို့ ဆိုတာကလည်း သာမန်မြို့တစ်မြို့မဟုတ်ပါဘူး။ တစ်ခေတ်တစ်ခါက နာမည်ကြီး Rapper အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ N.W.A (Niggaz Wit Attitudes) အဖွဲ့ထွန်းကားခဲ့တဲ့ နယ်မြေတစ်ခုပါ။ ဒီလိုနယ်မြေမှာ ထွန်းကားခဲ့တာလဲ သူတို့အဖွဲ့တစ်ဖွဲ့တစ်ဖွဲ့တည်း မဟုတ်ပါဘူး။ Kendrick Lamar, Eazy-E, YG, Tyga အစရှိတဲ့ နာမည်ကြီး Rapper တွေအာလုံး ဒီမြို့ကပဲ မွေးဖွားခဲ့တဲ့အပြင် Dr.Dre လို လူကိုယ်တိုင်ပါ ဒီလို မြို့ကနေ ကြီးပြင်းလာတာ ဖြစ်ပါတယ်။ အခုလို အောင်မြင်နေတဲ့အချိန်မှာ ကိုယ်မြို့ကို ပြန်ကြည့်တတ်တဲ့ Dr.Dre ကတော့ တော်တော်လေးစားဖို့ကောင်းတယ်လို့ သတ်မှတ်ရပါမယ်။

View this post on Instagram

Daddy Daughter Day at our new house @trulyoung

A post shared by Dr. Dre (@drdre) on

“ ဒီလိုအချိန်မျိုးက အစားအသောက်ကို ဂရုစိုက်ရမယ်။ လူတစ်ယောက် ကိုယ်ခံအားကောင်းဖို့က ကိုယ်စားတဲ့ အစားအစာပေါ် အများကြီးမူတည်ပါတယ်။ ဒါ့ကြောင့် ဒီလိုအချိန်မျိုးမှာ ကိုယ်ခံအားကောင်းတဲ့ အစားအစာတွေကို သေသေချာချာစားဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့်လဲ ကျွန်တော့်ကို မွေးဖွားခဲ့တဲ့ ဒီမြို့လေးကို ဒီလိုနည်းနဲ့ ပြန်ကြည့်ရှု့တာပါ” လို့ Dr.Dre က ပြောကြားခဲ့ပါတယ်။

READ
(၂၀၁၉)ခုနှစ်အတွက် သူအကြိုက်ဆုံးရုပ်ရှင်နဲ့ တီဗီစီးရီးတွေကို ထုတ်ပြန်ခဲ့တဲ့ အိုဘားမား

Pyi Hein Kyaw

SHARE