ကမ္ဘာပေါ်မှာ ဂြိုဟ်သားတွေ ရှိနေတယ်လို့ ဗြိတိန်ရဲ့ အာကာသသူရဲကောင်းဖွင့်ဟ

Twitter/ScienceMuseum

လက်ရှိအချိန်မှာ အသက်(၅၆)နှစ်ရှိနေပြီဖြစ်တဲ့ ဗြိတိန်အာကာသသူရဲကောင်း ဒေါက်တာ ဟယ်လင်ရှာမန်က ဂြိုဟ်သားတွေဟာ ကမ္ဘာပေါ်မှာ ရှိနေကြောင်း အတည်ပြုခဲ့ပါတယ်။ အဲဒီဂြိုဟ်သားတွေကို လူသားတွေက အလွယ်တကူ မြင်နိုင်မှာမဟုတ်ဘူးလို့ သူမက ပြောပါတယ်။ ဒေါက်တာဟယ်လင်ဟာ အသက်(၂၇)နှစ်အရွယ်မှာပဲ ဗြိတိန်လူုမျိုးတွေထဲမှာ အာကာသတွင်း ပထမဆုံးရောက်ရှိခဲ့သူ ဖြစ်ပါတယ်။

wikimedia commons

သူမဟာ အစားအသောက်ဆိုင်ရာ ဓာတုပညာရှင်တစ်ဦုးဖြစ်ပြီး (၁၉၉၁)ခုနှစ်မှာ ရုရှားတို့ လွှတ်တင်ထားတဲ့ Mir အာကာသစခန်းကို သွားရောက်ခွင့် ရရှိခဲ့သူပါ။ သူမဟာ အလုပ်လျှောက်သူ (၁၃၀၀၀)အနက် ထူးထူးခြားခြား ရွေးချယ်ခံခဲ့ရသြူုဖစ်ပါတယ်။ အလုပ်ကြော်ငြာကို ကားမောင်းနေတုန်းမှာ မထင်မှတ်ဘဲ ရေဒီယိုကနေ ကြားသိခဲ့ရတာ ဖြစ်ပါတယ်။

wikimedia commons

ရှက်ဖီးမြို့ဇာတိဖွား ဒေါက်တာဟယ်လင်က ဂြိုဟ်သားတွေ တကယ်ရှိကြောင်း ထောက်ခံခဲ့ပါတယ်။ သူမက “ ဂြိုဟ်သားတွေ တကယ်ရှိပါတယ် … ဒီကိစ္စနဲ့ပတ်သက်ပြီး နည်းလမ်း(၂)မျိုးဆိုတာ မရှိပါဘူး … စကြဝဠာထဲမှာ ကြယ်တွေ သန်းနဲ့ချီရှိပါတယ် .. ဒီတော့ မတူညီတဲ့ သက်ရှိပုံစံတွေ ရှိကို ရှိရပါမယ် … သူတို့ဟာ ရှင်တို့ ကျွန်မတို့လိုပဲ ကာဘွန်တွေ နိုက်ထရိုဂျင်တွေ ထုတ်လုပ်ကောင်း ထုတ်လုပ်နိုင်မယ် … ဒါမှမဟုတ် တူချင်မှလည်း တူမယ်ပေါ့ …”

“ နောက် ကျွန်မတို့ အနီးအနားမှာလည်း ရှိနေနိုင်တယ် … ဒါပေမယ့် မြင်ချင်မှ မြင်နိုင်မယ်ပေါ့ … ”လို့ Observer သိပ္ပံမဂ္ဂဇင်းမှာ ပြောခဲ့ပါတယ်။ ဒေါက်တာဟယ်လင်ဟာ ရုရှားအာကာသစခန်းမှာ (၈)နှစ်ကြာ ဆည်းပူးခွင့်ရခဲ့ပါတယ်။ သူမက လိင်ခွဲခြားဆက်ဆံတာကိုလည်း ဆန့်ကျင်သူဖြစ်ပြီး၊ ကျား-မ တန်းတူအခွင့်ရေးကို ထောက်ခံပါတယ်။

သူမကို “ အာကသတွင်း သွားနိုင်ခဲ့တဲ့ ဗြိတိန်ရဲ့ပထမဆုံး အမျိုးသမီ”လို့ ပြောတာထက် “လူပုဂ္ဂိုလ် Person ”အဖြစ်ပြောတာကို ပိုသဘောကျသူပါ။ ဒါပေမယ့် သူမဟာ မကြာမီမှာ အမေ့ပျောက်ခံ ဖြစ်သွားလိမ့်မယ်လို့ ပြောပါတယ်။ အကြောင်းကတော့ ဗြိတိန်လူမျိုး Tim Peake (Timothy Nigel Peake) ကလည်းအာကာသတွင်း သွားရောက်နိုင်ခဲ့ပါတယ်။

(၂၀၁၃)မှာ ဗြိတိန်အာကာသအေဂျင်စီက Tim ကို ယူကေရဲ့ပထမဆုံး တရားဝင် အာကာသယာဉ်မှူးအဖြစ် သတ်မှတ်ခဲ့တာကြောင့် ဒေါက်တာဟယ်လင်က သူမရဲ့စွမ်းဆောင်မှုတွေကို မကြာမီမှာ လူတွေ မေ့မေ့ပျောက်ပျောက် ဖြစ်သွားလိမ့်မယ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။  ဘာပဲဖြစ်ဖြစ် သူမဟာ သာမန်လူတွေ မနီးစပ်တဲ့ အာကာသတွင်းခရီးစဉ်ကို အောင်မြင်စွာ သွားရောက်နိုင်ခဲ့သူပါ။

လင်းသုတ

SHARE