Lil Wayne ရဲ့ အသက် ၃၈ နှစ်မြောက်မွေးနေ့ကို IG ကနေဂုဏ်ပြုခဲ့တဲ့ Drake

[email protected] champagnepapi

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်နေ့ကတော့ ကမ္ဘာကျော် Hip Hop အဆိုတော်တစ်ဦးဖြစ်တဲ့ Lil Wayne ရဲ့ အသက် ၃၈ နှစ်ပြည့်မွေးနေ့ပဲ ဖြစ်ပါတယ်။

ဒီနှစ်မှာတော့ တစ်ကမ္ဘာလုံး COVID 19 ကပ်ရောဂါနဲ့ ကြုံတွေ့နေရတဲ့ အချိန်ဖြစ်တာကြောင့် Lil Wayne ခမျာမှာလည်း သူ့ရဲ့ အသက် ၃၈ နှစ်ပြည့် မွေးနေ့ပွဲကို နေအိမ်မှာပဲနေရင်း ရိုးရိုးရှင်းရှင်း ဖြတ်သန်းခဲ့ပါတယ်။ အခုလည်း Drake ကနေပြီးတော့ Lil Wayne ရဲ့ အသက် ၃၈ နှစ်ပြည့်မွးနေ့ကို သူ့ရဲ့ Instagram အကောင့်ကနေပြီးတော့ပဲ ပို့စ်တစ်ခုတင်ပြီး ဆုတောင်းဂုဏ်ပြုခဲ့ကြောင်း Revolt.tv သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

 

View this post on Instagram

 

A post shared by champagnepapi (@champagnepapi) on

တစ်ကယ်တမ်းတော့ Drake ဆိုတာ Lil Wayne တစ်ယောက် စင်ပေါ်တင်ပေးခဲ့တာကြောင့် ဒီနေ့ဒီလိုမျိုးပုံစံနဲ့ ပရိသတ်တွေ တွေ့နေခွင့်ရခဲ့တာပဲ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်လောက်တုန်းက ကမ္ဘာလှည့်ကျင်းပခဲ့တဲ့ Drake Vs Lil Waynd Tour ပွဲတွေမှာဆိုရင်လည်း ဆရာတပည့်နှစ်ယောက် အတွဲညီညီနဲ့ ပရိသတ်တွေကို လုံးဝအမိုက်စားဖျော်ဖြေခဲ့ဖူးပါသေးတယ်။ အပေါ်မှာတွေ့ရတဲ့ Drake ရဲ့ ဘတ်ဒေးပို့စ်မှာဆိုရင်လည်း Drake ဘဝမှာ ဒီနေ့ဒီလိုအခြေအနေနဲ့ ရပ်တည်နိုင်ခဲ့တယ်ဆိုတာ Lil Wayne ကြောင့်ဖြစ်ကြောင်း၊ အစစအရာရာကို သင်ကြားပေးခဲ့လိုလည်း သူ့ရဲ့ ရင်ထဲမှာ အမြဲရှိနေတဲ့ ဆရာတစ်ယောက်ဖြစ်ကြောင်း ရေးသားပြီး Lil Wayne ရဲ့ မွေးနေ့ကို ဂုဏ်ပြုခဲ့ပါတယ်။

READ
Kylie ကို တစ်သက်မမေ့စရာ Surprise အကြီးကြီးပေးလိုက်တဲ့ Travis Scott

 

 

View this post on Instagram

 

A post shared by champagnepapi (@champagnepapi) on

“Lil Wayne ဆိုတာ ကျွန်တော့်အတွက် ထာဝရာဆရာပါပဲ။ သူ့အတွက်ဆိုရင် ကျွန်တော့်ဘာပဲလုပ်ပေးရ လုပ်ပေးရပါ။ ကျွန်တော့်အတွက် အရာရာကို သင်ကြားပြသေးပေးခဲ့ပြီး ဒီ Hip Hop လောကမှာ Drake လို့ လူသိများအောင် လုပ်ပေးခဲ့တဲ့ သူတစ်ယောက်ပါပဲ”လို့ Drake က ပြောကြားခဲ့ပါတယ်။

Drake ဟာ ဒီ ၂၀၂၀ ခုနှစ်မှာတော့ Laugh Now, Cry Later လို့ အမည်ရတဲ့ သီချင်းအသစ်တစ်ပုဒ် ထွက်ရှိခဲ့ပြီး ပရိသတ်တွေကို ပွဲဆူအောင် လုပ်နိုင်ခဲ့တဲ့ ရက်ပ်ပါတစ်ယောက်ပါပဲ။ မကြာခင်အချိန်အတွင်းမှာလည်း Certified Lover Boy လို့ အမည်ရတဲ့ သူ့ရဲ့ ၆ ချပ်မြောက် အယ်လ်ဘမ်ကို ထွက်ရှိတော့မှာ ဖြစ်ကြောင်း သိရပါတယ်။

READ
ရင်ဖိုစရာအလှလေးနဲ့ ဆေးကြော်ငြာခဲ့တဲ့ သင်ဇာဝင့်ကျော်

 

 

View this post on Instagram

 

A post shared by Lil Wayne (@liltunechi) on

Pyi Hein Kyaw

SHARE