တိုက်ခန်းတစ်ခန်းစာ တန်ဖိုးရှိတဲ့ မွေ့ယာကြီးကို ဝယ်ခဲ့တဲ့ Drake

Instagram- Drake

သာမန်မွေ့ယာကောင်းကောင်းတစ်ခုဆိုရင် အလွန်ဆုံးပေးရမှာ ၁ သိန်းနဲ့ ၅ သိန်းကြားသာရှိပါတယ်။ ဒီထက်ကောင်းတဲ့ luxury type တွေရှိပေမယ့်လို့ တော်ရုံသူဌေးတစ်ယောက်အနေနဲ့တော့ အိပ်ဖို့ မွေ့ယာကို ဘယ်သူမှ တိုက်ခန်းတစ်ခန်းစာတော ပေးဝယ်ကြမှာမဟုတ်ပါဘူး။

ဒါပေမဲ့ SCMP ဖော်ပြချက်အရ Drake ကတော့ တန်ဖိုးသိပ်ကိုကြီးမားလွန်းလှတဲ့ အိပ်ယာကြီးတစ်ခုကို ဝယ်ခဲ့ပါတယ်တဲ့လေ။

View this post on Instagram

To be the boss I’m awful nice

A post shared by champagnepapi (@champagnepapi) on

Ferris Rafauli ဆိုတာ ကမ္ဘာကျော်ဆုရ အိမ်ခန်းတွင်းဒီဇိုင်နာတစ်ဦးဖြစ်ပါတယ်။ သူဟာ ကမ္ဘာကျော်အဆိုတော် Drake ရဲ့ အိမ်တစ်အိမ်ကို တာဝန်ယူပြီး ဒီဇိုင်းအပြင်အဆင်အားလုံးကို ဖန်တီးပေးခဲ့ရပါတယ်တဲ့။ အိမ်ကတော့ Toronto မှာရှိနေတဲ့ စတုရန်းပေ ၅ သောင်းကျယ်ဝန်းတဲ့ အိမ်ကြီးတစ်အိမ်ပဲဖြစ်ပါတယ်။ အိမ်အပြင်အဆင်တွေအားလုံးနဲ့ ပရိဘောဂတွေပါ Ferris Rafauli က တာဝန်ယူရတဲ့အတွက်ကြောင့် သူ့အနေနဲ့ အလုပ်အပ်တဲ့ Drake နဲ့ လိုက်ဖက်ညီပြီး ငွေကြေးပိုင်းလည်း တတ်နိုင်မယ်လို့မျှော်လင့်တဲ့အတွက် အကောင်းဆုံးပရိဘောဂတစ်ခုကို မှာပေးခဲ့ပါတယ်တဲ့။ အဲဒါကတော့ အိပ်ယာပါပဲ။

ဆွီဒင်က Hästens စက်ရုံနဲ့ပူးပေါင်းပြီး The Grand Vividus ဆိုတဲ့မွေ့ယာကို မြင်းမြီးတွေ၊ သိုးမွှေးတွေ၊ ပိုးချည်တွေစတဲ့ တန်ဖိုးကြီးပါဝင်ပစ္စည်းတွေ အသုံးပြုပြီး မတူညီတဲ့ အလွှာ ၃ လွှာနဲ့ပြုလုပ်ထားပါတယ်။ အလေးချိန်ဟာ ၅၃၀ ကီလိုရှိနေပြီး မပျော့လည်းမပျော့လွန်း၊ မမာလည်းမမာလွန်းပဲ အိစက်ညက်ညောနေတာပဲတဲ့။  ဈေးနှုန်းကတော့ ဒေါ်လာ ၃၉၀,၀၀၀ ကျော်၊ ၄ သိန်းနီးပါးရှိလို့နေပါတယ်။

Penny

SHARE