အဖေများနေ့မှာ သားဖြစ်သူနဲ့ အခြားအနုပညာရှင်တွေကိုပါ ဂုဏ်ပြုခဲ့တဲ့ Drake

[email protected]

ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့ဟာ အဖေများနေ့ဆိုတာကတော့ လူတော်တော်များများ သိကြမှာပါ။ ဆိုရှယ်မီဒီယာအသုံးပြုသူတော်တော်များများကလည်း အဲဒီနေ့မှာ သူတို့ရဲ့ ဖခင်တွေနဲ့ တွဲရိုက်ထားတဲ့ပုံတွေကို ဆိုရှယ်မီဒီယာပေါ်တင်ပြီး သူတို့ရဲ့ ဖခင်တွေအတွက် ကျေးဇူးတင်စကားတွေ၊ ဆုတောင်းစကားအမျိုးအမျိုးတွေကို ရေးသားပြီး ဂုဏ်ပြုလေ့ ရှိပါတယ်။ အခုလည်း နာမည်ကြီးရက်ပ်ပါတစ်ဦးဖြစ်တဲ့ Drake ကလည်း အဖေများနေ့မှာ သူ့သားလေးနဲ့ သူ့ရဲ့ အဖေအပြင် သူ့ကို ဒီနေ့ဒီနေရာရောက်အောင် မြေတောင်မြှောက်ပေးခဲ့တဲ့ အခြားအနုပညာရှင်တော်တော်များများကိုလည်း ချီးကျူးဂုဏ်ပြုခဲ့ကြောင်း etonline သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

https://www.instagram.com/p/CBsM1RclgFL/?utm_source=ig_embed

ပထမဦးဆုံးအနေနဲ့ Drake ဟာ အသက် (၂)နှစ်အရွယ်သာရှိသေးတဲ့ သူ့ရဲ့ သားကလေး Adonis ရဲ့ ပုံလေးကို သူ့ရဲ့ Instagram အကောင့်မှတင်ပြီး “Happ Fathers Day to all the real g’z handling business” ဆိုတဲ့ caption နဲ့ ပို့စ်တင်ခဲ့ပါတယ်။ Adonis လေးကတော့ နာမည်ကြီးပြင်သစ် အပြာမယ်တစ်ဦးဖြစ်တဲ့ Sophie Brussaux နဲ့ အဆိုတော် Drake တို့ရဲ့ တစ်ဦးတည်းသော သားကလေးဖြစ်ပါတယ်။ Adonis လေးဟာ ပုံထဲမှာ ညအိပ်ဝတ်စုံလေးနဲ့ အိပ်မှုံစုံမွှားကလေးဖြစ်နေတာကို ချစ်စဖွယ်တွေ့ရှိရပါတယ်။

READ
ပါးချိုင့်လေးကြောင့် ကောင်မလေးတွေ ကြွေနေတဲ့ Kim Min-Kyu

https://www.instagram.com/p/B-XXb2AFy6g/

ဒါ့အပြင် Drake ဟာ သူ့ရဲ့ ဖခင် Dennis Graham ကိုလည်း အဖေများနေ့မှာ ချီးကျူးဂုဏ်ပြုခဲ့သလို သူ့ရဲ့ ဒုတိယဖခင်လို့ ပြောရမယ့် Lil Wayne, Snoop Dog နဲ့ အမေရိကန်နာမည်ကြီး ဘတ်စကတ်ဘောကစားသမား LeBron James တို့ကိုလည်း အဖေများနေ့မှာ ပျော်ရွှင်စေဖို့နဲ့ သူ့အတွက် အနားမှာ အချိန်တိုင်း ဖခင်တစ်ယောက်လို၊ အကိုတစ်ယောက်အလို အားပေးကူညီခဲ့လို့ ကျေးဇူးတင်ကြောင်း Drake ရဲ့ Instagram မှာ ပို့စ်တင်ခဲ့ပါတယ်။

Instagram-@champagnepapi
Instagram-@champagnepapi

“အဖေများနေ့မှ မဟုတ်ပါဘူး။ နေ့ရက်တိုင်း၊ အချိန်တိုင်း ကျွန်တော့်အပေါ် အဖေလို၊ အကိုလို ကောင်းခဲ့တဲ့လူတွေကို ကျွန်တော့် စိတ်ထဲမှာ အမြဲသတိရမိပါတယ်။ ပြီးတော့ ကျွန်တော့်သားလေးကို ကျွန်တော် တော်တော်ချစ်တယ်ဗျ။ တစ်ခါတစ်လေ ကျွန်တော့်အလုပ်တွေရှုပ်ပြီး သူ့ကိုဂရုမစိုက်နိုင်တဲ့အချိန်တွေရှိရင် တစ်ကယ်ကို စိတ်မကောင်းပါဘူး။ အခုလို အိမ်မှာပဲနေနေရတဲ့ အချိန်တွေမှာ Adonis လေးနဲ့ အချိန်တွေ ဖြုန်းနေရတာ ကျွန်တော့်အတွက် ဘဝမှာ အပျော်ဆုံးအချိန်တွေပါပဲ” လို့ Drake က ပြောကြားခဲ့ပါတယ်။

READ
စင်မြင့်ထက်မှာ ပြောလိုက်တဲ့စကားအပေါ် ဒါရိုက်တာစင်ရော်မောင်မောင် ပြန်ဖြေရှင်း
[email protected]
[email protected]

Pyi Hein Kyaw

SHARE