($185)သန်းတန် ကိုယ်ပိုင်လေယာဉ်ကြီးကို ထုတ်ကြွားလိုက်တဲ့ Drake

Drake ကတော့ နာမည်ကြီးအဆိုတော် ရက်ပ်ပါတစ်ယောက်ပါ။Drake  ကတော့ အခုဆိုရင် Boeing 767 လေ ယာဉ်ကြီးတစ်စီးကို ပိုင်ဆိုင်သွားပါပြီ။သူ့ရဲ့ ကိုယ်ပိုင်လေယာဉ်ကြီးကိုတော့ မေလ (၁၀)ရက်နေ့က ထုတ်ကြွားလိုက် ပါတယ်။Instagram မှာ တင်ခဲ့တာပါ။လေယာဉ်ကြီးကတော့ OVO ဇီးကွက် သင်္ကေတပါရှိကာ ‘Air Drake.’   လို့ နာမည်ပေးထားပါတယ်။OVO  ဆိုတာကတော့ Drake ရဲ့ ကုမ္ပဏီ October’s Very Own နဲ့ record label OVO ကို ကိုယ်စားပြုတာပါ။လေယာဉ်ကြီးရဲ့ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ (၁၈၅)သန်းပါ။

Drake IG
Drake IG
Drake IG

အသက် (၃၂)နှစ်အရွယ် အဆိုတော် Drake က သူ့ရဲ့ လေယာဉ်ကြီး အတွင်းပိုင်းတွေကိုပါ သေသေချာချာကြီး ထုတ် ပြခဲ့တာပါ။အတွင်းပိုင်းမှာတော့ တကယ့်ကို အမိုက်စား ရွှေနဲ့အညိုရောင် ဆိုဖာတွေ နဲ့ ရွှေရောင် နံရံ တွေကို တွေ့ရ မှာ ပါ။လေယာဉ်ကြီးရဲ့ ပုံတွေကိုတော့ ..No rental, no timeshare, no co-owners,’ လို့ Caption ရေးပြီး ဂုဏ် ယူဝံ့ကြွားစွာ ထုတ်ကြွားထားတာပါ။

READ
အမေရိကန် Time မဂ္ဂဇင်းက ဖော်ပြလိုက်တဲ့ အကောင်းဆုံး ကေပေါ့ပ်အဖွဲ့ (၅)ဖွဲ့
Drake IG
Drake IG
Drake IG

“ဒီလူက ဒါကို တကယ်ဖြစ်လာအောင် လုပ်ပေးခဲ့တာ..” ဆိုပြီး ပြော ခဲ့ပါတယ်။Drake က တော့ ကနေဒါကုမ္ပဏီနဲ့ ပါတနာအဖြစ် လက်တွဲလိုက်ပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး နောက် ပိုင်းမှာ လေယာဉ်ကြီးကို Drake က ထုတ်ကြွားခဲ့တာပါ။’Drake ကို ကျတော်တို့ရဲ့ ambassador အဖြစ် လက်တွဲရတဲ့ အတွက် အရမ်းကို စိတ်လှုပ် ရှားမိကြောင်းနဲ့ သူ့ရဲ့ ထောက်ပံ့ပို့ဆောင်ရေးလိုအပ် ချက်တွေကို ကူညီဖြည့်ဆည်းပေးသွားမယ်လို့ …” လို့  CargoJet ရဲ့ ဥက္ကဌ နဲ့ CEO ဖြစ်သူ Ajay Virmani ကပြောပါတယ်။

 

View this post on Instagram

 

A post shared by champagnepapi (@champagnepapi) on

Source Dailymail

SHARE