လူစီးမခံပဲ အမြဲတမ်း ဥာဏ်နီဥာဏ်နက်နဲ့ ဒရာမာတွေချိုးပြတတ်တဲ့ မြင်းဆိုးလေး

facebook/Frasisco Zalasar

ဂျင်ဂန်းအမည်ရှိတဲ့ မြင်းတစ်ကောင်ဟာ မြင်းတွေထဲ တော်တော်ပါးရည်နပ်ရည်ရှိတဲ့မြင်းလို့ ဆိုနိုင်ပါတယ်။ သူက တခြားမြင်းတွေလိုမျိုး လူတွေကို သူ့ခန္ဓာကိုယ်ပေါ်တင်ပြီး လျှောက်ပြေးရတာ၊ ကြိမ်တံနဲ့နှင်ပြီး အမောင်းခံရတာတွေကို မကြိုက်ပါဘူး။ ဒါကြောင့် ဂျင်ဂန်းက သူ့အပေါ်ကို လူတစ်ယောက် တက်စီးဖို့လာပြီဆိုရင် သူက ကိုယ်ပေါ်ကနေ ခါချတတ်ပါတယ်။ လူကို လုံးဝ သူ့ကိုယ်ပေါ်အတက်မခံပါဘူး။ မသိရင် အခုပဲ သေတော့မလိုပုံမျိုးနဲ့ ချက်ခြင်း မြေပေါ်ကို လှဲချတတ်တဲ့ အဆိုးလေး ဂျင်ဂန်းပဲ ဖြစ်ပါတယ်။

facebook/Frasisco Zalasar
facebook/Frasisco Zalasar

တိရစ္ဆာန်တစ်ကောင်ဖြစ်ပေမယ့် အသိဥာဏ်ရှိပြီး ပါးနပ်လွန်းတဲ့ ဂျင်ဂန်းရဲ့ ဗီဒီယိုဖိုင်ကိုတော့ Frasisco Zalasar ဆိုသူက ဆိုရှယ်မီဒီယာပေါ်ကနေတဆင့် မျှဝေခဲ့တာ ဖြစ်ပါတယ်။ ဗီဒီယိုထဲမှာတော့ ဂျင်ဂန်းက သူ့အပေါ် ဘယ်လိုပဲတက်စီးဖို့ ကြိုးစားကြိုးစား လူစီးကို မခံတဲ့ ပုံရိပ်တွေကို တွေ့ရမှာပါ။ ပြီးတော့ သူက လူစီးမခံချင်လို့ဆိုပြီး စိတ်ဆိုးမာန်ဆိုးနဲ့ မာန်ဖီပြီး ဟီတာ၊ လူကို ကန်ကြောက်တာ၊ အန္တရာယ်ပြုတာတွေလည်း မရှိပါဘူး။ သူ့ဘာသာသူ သက်သက်သာသာပဲ မြေပေါ်ကို လှဲချလိုက်တာပါ။ သူ့အနားကနေ လူမထွက်သွားမချင်း လှဲနေရာကနေ လုံးဝပြန်မထတော့တဲ့ ငပျင်းလေးလည်း ဖြစ်ပါတယ်။

READ
မင်းသား Harry ရဲ့ဇနီးလောင်း Meghan Markle ရဲ့ လူသိနည်းတဲ့အချက်(၁၀)ချက်
facebook/Frasisco Zalasar

ဂျင်ဂန်းကိုတော့ ဆိုရှယ်မီဒီယာပေါ်က လူတွေက အရမ်းလည်လွန်းလို့ဆိုပြီး သဘောတွေကျနေပါတယ်။ အောက်မှာတော့ ဒရာမာတွေ ပိုင်ပိုင်နိုင်နိုင်ကြီးချိုးပြနေတဲ့ သရုပ်ဆောင်ကြီး ဂျင်ဂန်းကို boredpanda ကနေတဆင့် ဖော်ပြပေးလိုက်ပါတယ်နော်။

https://www.instagram.com/p/B3Crf3ung_E/?utm_source=ig_web_copy_link

El caballo que se hace el muerto para que no le montén 😂😂😂😂😂😂

Posted by Victor E Garcia Barron on Friday, October 4, 2019

လင်းလင်း (ShweMom)

SHARE