မတော်တဆဖြစ်ရာကနေ ကိုယ်ဝတ်ထားတဲ့ အ၀တ်အစားတွေကို မီးစွဲလောင်သွားတာမျိုး ဖြစ်နိုင်တယ်ဆိုတာ သင် လက်ခံတယ်မဟုတ်လား။ ရုပ်ရှင်တွေထဲမှာဆို မကြာခဏ မြင်နေရတာပဲလေ။ လူတစ်ယောက် အ၀တ်အစားတွေမှာ မီးစွဲလောင်သွားပြီးမှာ တစ်ကိုယ်လုံးလောင်သွားတာမျိုး။ အဲလို မြင်ကွင်းတွေ မြင်ရဖန်များလာတော့ အ၀တ်အစားတွေမှာ မီးလောင်ပြီဆိုရင် တစ်ကိုယ်လုံးကို အလွယ်လေး မီးစွဲသွားနိုင်တယ်လို့ ထင်မိတတ်ကြတယ်။

တကယ်တော့ ခန္ဓာကိုယ်မှာ ၀တ်ထားတဲ့ အ၀တ်အထည်တွေမှာ မီးလောင်ရင် လက် ကို သုံးပြီး အလွယ်တကူ မီးငြိမ်းလို့ရပါတယ်။ အင်ဒိုနီးရှားစစ်တပ်အတွင်းမှာ ရိုက်ကူးထားတဲ့ သရုပ်ပြ ဗီဒီယို တစ်ခုထဲမှာ အ၀တ်အထည်တွေကို မီးလောင်ရင် ဘယ်လို ငြိမ်းသတ်ရမလဲဆိုတာ ပြသထားတာဖြစ်ပြီး လုပ်ပုံလေးက တကယ်ပဲ လွယ်ကူလှပါတယ်။
အ၀တ်အထည်တွေကို မီးလောင်နေတဲ့အခါ လူတွေက ပိုပြီးလောင်ကျွမ်းလာမှာကို စိတ်ပူတဲ့အတွက် လက်နဲ့ မြန်မြန်ခါပြီး ငြိမ်းသတ်တတ်ကြပါတယ်။ တကယ်တော့ အဲဒီ နည်းလမ်းက အလုပ်မဖြစ်ပါဘူး။

အောက်မှာ ဖော်ပြထားတဲ့ ဗီဒီယိုဖိုင်ကို ကြည့်ရင် မီးလောင်နေတဲ့နေရာရဲ့အပေါ်ဖက်၊ ဒါမှမဟုတ် အောက်ဖက်ကို လက်နဲ့ တင်းတင်းဆုပ်ကိုင်လိုက်ပါ။ အဲဒီနောက် လက်ကို မီးလောင်နေတဲ့ နေရာဆီ ဖြတ်ပြီး ဆွဲလိုက်မယ်ဆိုရင် မီးက လွယ်လွယ်လေးနဲ့ ငြိမ်းသတ်သွားမှာပါ။
အရမ်းပါးလွန်းတဲ့ တချို့အ၀တ်အစားတွေဆိုရင်တော့ မီးက လွယ်လွယ်ပဲ လောင်ကျွမ်းသွားမှာဖြစ်ပေမယ့် အသားထူတဲ့အ၀တ်တွေကို မီးလောင်ခဲ့ရင် ဒီလိုနည်းနဲ့ ဖြေရှင်းလို့ရတယ်ဆိုတဲ့အကြောင်း သရုပ်ပြသူတွေက ရှင်းလင်းသွားခဲ့ပါတယ်။
Linn