ဓာတ်ပုံဆရာ ၁ ယောက် ပန်းချီဆရာ ၁၆ ယောက်တို့ ပူးပေါင်လုပ်ကိုင်ခဲ့တဲ့ Challenge

Mathieu Stern ဆိုတဲ့ ပေါ့ထရိတ် ဓာတ်ပုံဆရာတစ်ယောက်ဟာ ဗင်းတစ်ခ်ျ လန်းစ်တွေ၊ DIY လန်းစ်တွေနဲ့ တခြား ထူးထူးခြားခြား နည်းပညာတွေနဲ့ ပေါင်းစပ်ပြီး ပေါထရိတ် ရိပ်ပုံတွေကို ဖန်တီးနေပါတယ်။ ၄င်း ဓာတ်ပုံဆရာက ကမ္ဘာပေါ်မှာ နောက်ထပ် အမြင်တစ်မျိုးနဲ့ မြင်တွေ့ရမယ့် ပုံရိပ်တွေကို ဖန်တီးချင်ခဲ့တယ်။ သူက Youtuber တစ်ယောက်လည်းဖြစ်ပြီး သူရဲ့ စမ်းသပ်မှုတွေ၊ ရှာဖွေတွေ့ရှိမှုတွေကို ရှင်းပြထုတ်ဖော်တဲ့ ဗီဒီယိုတွေကိုလည်း ဖန်တီးတင်ဆက်လျက်ရှိနေပါတယ်။

သူက ဓာတ်ပုံဆရာမဟုတ်တဲ့ တခြားသော အနုပညာရှင်တွေနဲ့ အလုပ်တွဲလုပ်ဖို့ကို တကယ် စိတ်အားထက်သန်တဲ့သူဖြစ်တယ်။ လွန်ခဲ့တဲ့ လအနည်းငယ်လောက်တဲ့ Mathieu ဟာ အင်စတာဂရမ် အသုံးပြုရင်း #DrawThisInYourStyle ဆိုတဲ့ hashtag နဲ့ အနုပညာရှင်တွေ တစ်ယောက် လက်ရာ တစ်ယောက် ကိုယ့် စတိုင်လ်နဲ့ ကိုယ်ပြန်ဖန်တီးကြတဲ့ challenge တစ်ခုကို တွေ့သွားခဲ့တယ်။

READ
မတော်တဆဖြစ်ရပ်တွေကြောင့် အနုပညာမြောက်ပန်းချီကားတစ်ချပ်လို့ ထင်ရမယ့်ပုံရိပ်များ

#1

simsekhi

သူမြင်တွေ့ရတဲ့ ပန်းချီဆရာတွေရဲ့ အနုပညာ အရည်အသွေးအပေါ် အံသြမှင်သက်ခဲ့ရပြီး အဲ့ဒီ့ အနုပညာရှင်တွေနဲ့ဘယ်လို အလုပ်တွဲလုပ်နိုင်မလဲဆိုတာနဲ့ ပတ်သက်လို့ စုံစမ်းမှုတွေ စတင်ပြုလုပ်ခဲ့တယ်။

Mathieu ဟာ ပန်းချီဆရာတစ်ယောက်ကို စတင်ဆက်သွယ်ခဲ့ပြီး သူရဲ့ ပေါ့ထရိတ်တွေထဲက တစ်ပုံ သူတို့များ ပြန်ဆွဲချင်မလား မေးမြန်ခဲ့တယ်။ သူအကြိုက်ဆုံး အနုပညာရှင်တွေကို စုစည်းပြီး YouTube ဗီဒီယို တစ်ခုဖန်တီးမယ့် အကြောင်းတွေကိုလည်း အဲ့ဒီ့ ပန်းချီဆရာမဆိုသူကို ပြောပြခဲ့တယ်။

ပန်းချီဆရာမကလည်း သဘောတူခဲ့ပြီး ပြန်ရောက်လာတဲ့ ရလဒ်က သူ့ကို တကယ် အံသြဘနန်းဖြစ်စေခဲ့တယ်။ အဲ့ဒီ့နောက်ပိုင်းစပြီး အင်စတာဂရမ်ပေါ်က သူအနေနဲ့ သဘောကျတဲ့ အနုပညာရှင်တွေကို ဆက်သွယ်ပါတော့တယ်။ တစ်လကြာပြီးတဲ့နောက်မှာတော့ ပူးပေါင်းသူ ၁၆ ယောက်အထိ ရရှိခဲ့ပြီး သူတို့ရဲ့ လုပ်ဆောင်ပုံတွေကိုလည်း ဗီဒီယိုမှတ်တမ်းတင်နိုင်ခဲ့တယ်။

READ
ပန်းသရဖူလေးတွေနဲ့ လှပခမ်းနားစွာတွေ့ရတဲ့ ချစ်စဖွယ်တိရစ္ဆာန်လေးများ

#DrawThisInYourStyle challenge က တကယ်ကိုပေါ် ပျော်ရွှင်ဖွယ်ရာကောင်းပါတယ်။ အခုလို ထူးခြားတဲ့ အနုပညာရှင်တွေနဲ့ အမိုက်စား စပ်တူအလုပ်တစ်ခုကို  လုပ်ရတဲ့အတွက်ကြောင့် ၀မ်းမြောက်ဂုဏ်ယူကြောင်း Mathieu Stern က ပြောပါတယ်။ သူရဲ့ မတူညီတဲ့ အနုပညာရှင် ၁၆ ယောက်ကို ပေါင်းစည်းပေးထားတဲ့ ဗီဒီယိုကို ကြည့်ရှုနိုင်အောင် တစ်ပါတည်း ဖော်ပြပေးလိုက်ပါတယ်။

#2

memeruizcruz

#3

miniprawart

#4

soapdraws

#5

artoflore_

#6

https://www.instagram.com/alisvart/?hl=en

#7

lolonuno

#8

mangamie

#9

hialycat

#10

paperflan

#11

margana_mgn

#12

msshanh

#13

emengel_art

#14

to_major_tom

#15

yilok_draws

#16

naomoonz

Matthew (ShweMOM)

SHARE