အရက်ဆိုတာလည်း ညဖက်လေးသောက်ပါမှ အိပ်ချိန်နဲ့နီးတော့ တစ်ခါတည်းတန်းအိပ်လို့ရတယ်မဟုတ်လား။ ဒါပေမဲ့လည်း သင်ဟာ အကြောင်းတစ်ခုခုကြောင့် မနက်ဖက်သောက်ဖို့ ဖြစ်လာတဲ့အခါ အရမ်းမမူးဘဲ ကျန်းမာရေးလည်းမထိခိုက်အောင် ဘယ်လိုသောက်မလဲဆိုတာ ကြည့်လိုက်ကြရအောင်။
အရိပ်အာဝါသကိုရှာပါ
နေ့ခင်းဖက် နေပူပူကြီးထဲမှာ အရက်မသောက်ပါနဲ့။ သင့်ခန္ဓာကိုယ်ကို ရေဓာတ်ဆုံးရှုံးမှုအများဆုံးဖြစ်လာနိုင်ပြီး ရုတ်တရက်သွေးဆောင့်တက်တာတွေ၊ နှလုံးဖောက်တာ၊ လေဖြတ်တာတွေ ဖြစ်လာနိုင်ပါတယ်။

ရေဓာတ်ဖြည့်ပါ
အရက်သောက်ရင် ရေငတ်တာကို သတိထားမိလားမသိဘူး။ အထူးသဖြင့် ရာသီဥတုပူတဲ့အချိန်မျိုးမှာပေါ့။ ဒီလိုရေငတ်လာရင် သင့်ခန္ဓာကိုယ်ထဲ အဆိပ်တွေ တော်တော်လေးစုနေကြောင်း သတိပေးချက်ပဲဖြစ်ပါတယ်။ ဒါကြောင့် အရက်တစ်ခွက်ပြီးတစ်ခွက်ကြားမှာ ရေများများသောက်ပါ။ အပေါ့များများစွန့်လေ ကောင်းလေပါပဲတဲ့။
အရောင်ရွေးချယ်မှုမှန်ကန်ပါစေ
ဝိုင်၊ အရက်၊ ဘီယာစတာတွေမှာ နေ့ခင်းဖက်သောက်မယ်ဆိုရင် အရောင်ရင့်တာကို ရွေးချယ်ပါတဲ့။ ဘာကြောင့်ဆိုရင် အရက်တွေကို အရောင်ဆိုးထားတာဖြစ်တဲ့အတွက် အရောင်ရင့်လေ ဆိုးဆေးများလေ ဖြစ်တဲ့အတွက် တော်ရုံ ခဏလေးနဲ့သောက်ပြီး မမူးဘဲ ကြာကာမှ မူးလာပါလိမ့်မယ်။

ချိုတဲ့အရက်တွေမသောက်ပါနဲ့
အရသာချိုတဲ့အရက်တွေဟာ သောက်တုန်းပဲ အဝင်ကောင်းပေမယ့်လို့ နောက်ပိုင်း မူးလာရင် ဒါမှမဟုတ် အရက်နာကျတဲ့အခါမျိုးတွေမှာ မခံမရပ်နိုင်အောင် ဂျင်ဂျင်လည်မူးနေတာမျိုး၊ အော့အန်တာတွေအထိ ဆိုးဆိုးရွားရွားဖြစ်တတ်ပါတယ်။

Penny