သစ်သီးဖျော်ရည်သောက်သုံးခြင်းဟာ အရွယ်မတိုင်မီ သေဆုံးနိုင်ခြေများကြောင်းသိရ

သစ်သီးဖျော်ရည်သောက်သုံးတာဟာ အသက်ရှည်ကျန်းမာစွာနေထိုင်နိုင်ဖို့ နည်းလမ်းကောင်းတစ်ခုလို့ ယူဆဖွယ်ရာပါ။ လူတွေက သကြားအချိုရည်တွေနဲ့ ထုတ်လုပ်ထားတဲ့ အဖျော်တွေကို သောက်သုံးမယ့်အစား အသီးဖျော်ရည်တွေဟာ အန္တရာယ်ကင်းတယ်လို့ ယူဆလေ့ရှိပါတယ်။ ဒါပေမယ့် သိပ္ဗံပညာကတော့ အသီးဖျော်ရည်တွေကို အချိန်ကြာကြာသောက်လေလေ ကျန်းမာရေးကို အန္တရာယ်ဖြစ်နိုင်လေလေပါပဲလို့ ဆိုပါတယ်။ JAMA ဂျာနယ်က လေ့လာချက်အရတော့ (၁၀၀) ရာခိုင်နှူန်း အသီးစစ်စစ်နဲ့ ပြုလုပ်ထားတဲ့ ဖျော်ရည်တွေမှာတောင် အခြားအချိုများတဲ့ ကိုလာ၊ လစ်မနိတ်နဲ့ အခြားသကြားထည့်ထားတဲ့ သောက်စရာတွေလိုပဲ ကျန်းမာရေးကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း ဆိုပါတယ်။

အရွယ်ရောက်ပြီး အမေရိကန်ပေါင်း (၁၃,၄၀၀) ကျော်ကို လေ့လာပြီးနောက်မှာတော့ နေ့တိုင်း သစ်သီးဖျော်ရည်(၁၂) အောင်စကို သောက်လေ့ရှိသူတွေဟာ ပိုမိုစောစီးစွာ သေဆုံးရန်ရာခိုင်နှူန်း (၂၄) ရာခိုင်နှူန်း ရှိတယ်လို့ သိရပါတယ်။ ဒီသုံးသပ်ချက်ကိုတော့ သစ်သီးဖျော်ရည်တစ်ခုတည်းကြောင့်ချည်းမဟုတ်ပဲ အခြားအကြောင်းမျိုးစုံပါ ခြုံငုံပြီးမှ ကောက်ချက်ချထားတာ ဖြစ်ပါတယ်။ အထူးသဖြင့် သစ်သီးဖျော်ရည်ကို သောက်သုံးလိုက်တဲ့အခါ ခန္ဓာကိုယ်က သကြားကို ခြေဖျက်ရတဲ့ ဇီဝလုပ်ဆောင်ချက်ဟာ အအေးတစ်ဘူးကို သောက်ပြီးလို့ ခန္ဓာကိုယ်က သကြားကို ခြေချက်ရတဲ့ ဇီဝလုပ်ဆောင်ချက်နဲ့ အတူတူဖြစ်ကြောင်း JAMA ဂျာနယ်မှာ ဖော်ပြထားပါတယ်။

David Goehring / Flickr

သကြားတွေအများကြီးပါတဲ့ ဖျော်ရည် သို့မဟုတ် အချိုရည်ကိုသောက်သုံးလိုက်တဲ့အခါ အချိုတွေဟာ အသည်းဆီကို တဟုန်ထိုးပြေးဝင်သွားပါတယ်။ ဖျော်ရည်သောက်တာနဲ့ အသီးစားတာနဲ့တောင် မတူပါဘူး။ သစ်သီးစားလိုက်တဲ့အခါမှာတော့ အသီးထဲမှာပါတဲ့ အမျှင်ဓာတ်တွေပါ တစ်ခါတည်းစားသုံးမိတာ ဖြစ်တဲ့အတွက် ဗိုက်ပြည့်စေတဲ့အပြင် စိတ်ကျေနပ်မှူကိုပါ ရရှိစေပါတယ်။

သစ်သီးဖျော်ရည်တွေမှာတော့ အခြေခံအားဖြင့် သကြားအချိုဓာတ်နဲ့ ရေပဲပါပြီး ပရိုတိန်းဓာတ်လည်း မပါ၊ အဆီဓာတ်လည်း မပါတာကြောင့် ကိုယ်တွင်းဇီဝစနစ် ခြေဖျက်တဲ့ဖြစ်စဉ်အတွက် ကောင်းကျိုးမရှိပါဘူး။ ဖျော်ရည်တွေကို သောက်ပါများလာတဲ့အခါမှာတော့ ကိုယ်တွင်းအင်္ဂါတွေ ရောင်ယမ်းတာ၊ ဆီးချိုသွေးချိုရောဂါတွေ ၀င်လာနိုင်တာနဲ့ ၀မ်းဗိုက်အဆီစုတာတွေ ဖြစ်လာပါတယ်။ ဒါ့အပြင် ကိုယ်ထဲမှာ အချိုဓာတ်တွေများလာတဲ့အတွက် ကင်ဆာ၊ အသဲအဆီဖုံးခြင်း၊ သွားပျက်စီးခြင်း၊ ကိုယ်အလေးချိန်တိုးခြင်းနဲ့ နှလုံးပြဿနာတွေလည်း ဖြစ်ပွားလာနိုင်ပါတယ်။

အသီးဖျော်ရည်သက်သက်ကြီး သောက်မယ့်အစား အသီးတစ်ခုလုံးစားပေးခြင်း၊ ကော်ဖီ သို့မဟုတ် လက်ဖက်ရည်တစ်ခွက် သောက်သုံးပေးခြင်းက နှလုံးအတွက် ပိုကောင်းမွန်စေတယ်လို့ သိရပါတယ်။ သိပ္ဗံပညာရှင်တွေဟာ အသီးစားသုံးသူနဲ့ အသီးဖျော်ရည်သောက်သုံးသူတွေကို လေ့လာကြည့်ရာမှာ နေ့စဉ်အသီးဖျော်ရည်သောက်သုံးသူတွေမှာ ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေ() ရာခိုင်နှူန်း မြင့်တက်နေတာကို တွေ့ရပါတယ်။ ဒါပေမယ့် သစ်သီးကို ဒီအတိုင်းစားသုံးသူတွေမှာတော့ အခုလို ဆီးချိုရောဂါနဲ့ ပတ်သက်ဆက်နွယ်မှူရှိနေတဲ့ပုံမျိုး မတွေ့ရပါဘူး။

iStock

သစ်သီးစိတ်တွေမှာ အမျှင်ဓာတ်၊ အင်တီအောက်ဆီးဒန့်တွေပါဝင်ပြီး (၁၀၀) ရာခိုင်နှူန်း အသီးစစ်စစ်ဖျော်ရည်တွေထက် သကြား(၃၅) ရာခိုင်နှူန်း လျော့နည်းစွာ ပါဝင်ပါတယ်။ ဥပမာ ငှက်ပျောသီးတစ်လုံးဆိုရင် လူတစ်ယောက်အတွက် တစ်နေ့တာ အမျှင်ဓာတ်လိုအပ်ချက် (၂၀) ရာခိုင်နှူန်းပေးနိုင်ပါတယ်။ အသီးဖျော်ရည်တွေကို ကြိုက်တယ်ဆိုရင်တော့ တစ်နေ့ကို () အောင်စ အောက် လျော့နည်းပြီးသာ သောက်သုံးသင့်ပါတယ်။ တကယ်လို့ ရေကို ဒီတိုင်းသောက်ရတာ မကြိုက်ဘူးဆိုရင်လည်း လတ်ဆတ်တဲ့ အသီးအနှံလေးတွေကို ခဲထားပြီး ရေခဲတုံးနေရာမှာ အစားထိုးသောက်သုံးနိုင်ပါတယ်။

လင်းလင်း (ShweMom)

READ
မျက်စိအားကောင်းဖို့အတွက် စားသင့်တဲ့အစားအစာ (၅)မျိုး

Ref: insider, relish, dailymail

SHARE