ဦးနှောက်ဖောက်ပြန်ချို့ယွင်းမှုကို ထက်ဝက်လျှော့ချပေးနိုင်မယ့် လိမ္မော်ရည်အစွမ်း

လိမ္မော်ရည်ဟာ ဦးနှောက်မှတ်ဥာဏ်ဖောက်ပြန်ချို့ယွင်းတာကို သိသိသာသာကြီး လျော့ကျစေတယ်လို့ လေ့လာမှုတစ်ရပ်က ဆိုပါတယ်။ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်စားသုံးမှုဟာ ဦးနှောက်အပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိနေလဲဆိုတာ အမျိုးသားပေါင်း (၂၈,၀၀၀) ကို ဆယ်စုနှစ်နှစ်ခုကြာ စစ်ဆေးပြီးနောက် တွေ့လာရတဲ့ ရလဒ်ဖြစ်ပါတယ်။

သိရတာက လိမ္မော်ရည်ဖန်ခွက်သေးတစ်ခွက်ခန့် သောက်တဲ့ အမျိုးသားတွေဟာ လိမ္မော်ရည်မသောက်တဲ့သူတွေထက် မှတ်သားနိုင်ခြင်းစွမ်းရည် (၄၇) ရာခိုင်နှူန်းလောက် ပိုကောင်းနေတာကိုပါ။ တစ်ကမ္ဘာလုံးအနေနဲ့ ဆိုရင် ဦးနှောက်မှတ်ဥာဏ်ဖောက်ပြန်ချို့ယွင်းတဲ့ ဝေဒနာရှင်ပေါင်း (၄၆.) သန်းရှိပါတယ်။ အင်္ဂလန်မှာ (၈၅၀,၀၀၀) နဲ့ အမေရိကန်မှာဆိုရင်ပဲ () သန်းလောက် ရှိနေပါပြီ။

pexels

မှတ်ဥာဏ်လစ်နေတာ၊ ရေရေရာရာ မတွေးတောနိုင်ဘဲ မှတ်ဥာဏ်ရှူပ်ထွေးနေတာတွေဟာ ဦးနှောက်ချို့ယွင်းခြင်းဝေဒနာရဲ့ ရှေ့ပြေးလက္ခဏာတွေပါ။ မှတ်ဥာဏ်ချို့ယွင်းဖောက်ပြန်တာကို ကုသဖို့ အခုထိဆေးမရှိသေးပါဘူး။ ဒါပေမယ့် အခုတွေ့ရတဲ့ စမ်းသပ်ချက်မှာတော့ သမမျှတတဲ့ အစားအသောက်တွေကတဆင့် ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ပိုကောင်းမွန်အောင် လုပ်နိုင်တယ်ဆိုတာပါ။

ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေမှာ ဗီတာမင်နဲ့ အာဟာရဓာတ်တွေအပြင် ဓာတ်တိုးပစ္စည်းတွေလည်း ကြွယ်ဝစွာ ပါဝင်လို့ ဦးနှောက်လုပ်ဆောင်ရည်ကို အများကြီးအကူအညီဖြစ်စေပါတယ်။ မလိုလားအပ်တဲ့ ဦးနှောက်တွင်း မော်လီကျူးဖွဲ့စည်းပုံတွေ မဖြစ်အောင် တားဆီးပေးပြီး ဦးနှောက်သွေးလည်ပတ်မှူကိုလည်း ကောင်းမွန်စေပါတယ်။ Neurology ဂျာနယ်မှာတွေ့ရတဲ့ သုတေသတစ်ခုမှာတော့ လိမ္မော်ရည်က သိမှူပိုင်းဆိုင်ရာ မှတ်ဥာဏ်ကို လွှမ်းမိုးတယ်ဆိုပြီး ပြောထားပါတယ်။

ပြောထားတာက နေ့တိုင်း လိမ္မော်ရည်သောက်လေ့ရှိတဲ့ အမျိုးသားတွေဟာ ဦးနှောက်မှတ်ဥာဏ် ချို့ယွင်းနိုင်ခြေ (.) ရာခိုင်နှူန်းပဲ ရှိပေမယ့် တစ်လမှာ တစ်ကြိမ်တောင် လိမ္မော်ရည်မသောက်တဲ့ အမျိုးသားတွေကတော့ ရောဂါဖြစ်ပွားနိုင်ခြေ (.) ရာခိုင်နှူန်းရှိတယ်လို့ ဆိုပါတယ်။ များသောအားဖြင့် အသီးဖျော်ရည်တွေမှာ သကြားဓာတ် ကယ်လိုရီတွေ မြင့်မားတာကြောင့် တစ်နေ့ကို ဖန်ခွက်သေးတစ်ခွက် () အောင်စထက်တော့ ပိုမသောက်သုံးသင့်ဘူးလို့တော့ သိရပါတယ်။ ဒါကြောင့် မှတ်ဥာဏ်စွမ်းရည် ကောင်းမွန်စေဖို့နဲ့ အသက်ကြီးလာတဲ့အခါ သတိမေ့လျော့တာ၊ မှတ်ဥာဏ်ချို့ယွင်းတာတွေ လျော့ပါးအောင်လို့ မကြာခဏ သဘာဝလိမ္မော်ရည်ဖျော်ရည်ကို သောက်သုံးသင့်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

pexels

လင်းလင်း (ShweMom)

READ
ပီကေဝါးခြင်းအလေ့အထဟာ စိတ်ဖိဆီးမှုကိုအနိုင်ယူနိုင်ကြောင်း သုတေသီများ အတည်ပြု

Ref: Dailymail

SHARE