Tequila သောက်ခြင်းသည် ၀ိတ်ကျပြီး ဆီးချိုရောဂါကို ကြိုတင် ကာကွယ်ပေးနိုင်

လူသိများ ထင်ရှားတဲ့ အမေရိကန် ဓာတုဗေပညာရှင်များ အဖွဲ့အစည်း (American Chemical Society အတိုကောက် ACS)ဟာ သူတို့ရဲ့ နောက်ဆုံးပေါ် ရှာဖွေတွေ့ရှိချက်တစ်ခုကို ကြေညာခဲ့ပါတယ်။ ဒါကတော့ ဘားဆိုင်တွေမှာ ကောက်တေးဖျော်ရည်စပ်ဖို့ အသုံးပြုတဲ့  Tequila ကို သောက်ရင် ၀ိတ်ကျပြီး ဆီးချိုရောဂါကို ကြိုတင်ကာကွယ်ပေးနိုင်တဲ့အကြောင်းပါ။

istockphoto

Tequila ကို ချက်ရင် အသုံးပြုရတဲ့ Agavins အပင်ထဲက သကြားတစ်မျိုးဟာ သွေးထဲက သကြားဓာတ် ပါဝင်နှုန်းကို လျှော့ချပေးပါတယ်။ လျှော့ချပေးတဲ့ သကြားဓာတ်ပမာဏနဲ့ လူတွေပေါ် အကျိုးသက်ရောက်မှုကို ဘယ်သူကမှ သုတေသန လုပ်ခဲ့တာမရှိသေးတဲ့အတွက် ACS က ဓာတုဗေဒသုတေသီတွေဟာ ပြီးခဲ့တဲ့ (၂၀၁၇)ခုနှစ် တစ်နှစ်လုံး Agavins အပင်အကြောင်းကို စနစ်တကျ လေ့လာခဲ့ပါတယ်။

Foodnavigator

ACS ဟာ Agavins အပင်ရဲ့ အကျိုးသက်ရောက်မှုတွေကို အရင်ဆုံး ကြွက်တွေနဲ့ သုတေသနလုပ် စမ်းသပ်ခဲ့တာပါ။ ကြွက်တွေကို အုပ်စု A နဲ့ B နှစ်စု ခွဲလိုက်ပါတယ်။ အုပ်စု A က ကြွက်တွေကို တိုက်တဲ့ရေထဲမှာ Agavins အပင်ရဲ့ အရည်ထည့်ပေးထားပြီး အုပ်စု B က ကြွက်တွေကိုတော့ ရိုးရိုးရေပဲ တိုက်ပါတယ်။

READ
ကြိုးစားစရာမလိုပဲ အမြန်ဆုံး ပိန်သွားစေမယ့် အလေ့အထကောင်းများ

အကြိမ်ကြိမ် စမ်းသပ်ပြီးတဲ့ နောက်မှာတော့ အုပ်စု A က ကြွက်တွေဟာ အစာကို လိုအပ်တဲ့အာဟာရ ပမာဏလောက်ပဲ စားတာတွေ့ရပြီး သွေးထဲက သကြားပါဝင်နှုန်းဟာ အုပ်စု B က ကြွက်တွေထက် လျော့နည်းလို့ နေပါတယ်။ အဲဒီလို ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ အုပ်စု A က ကြွက်တွေဟာ GLP-1 လို့ခေါ်တဲ့ ဟောမုန်းဓာတ် တစ်မျိုးကို ထုတ်လုပ်နိုင်လို့ပါ။ အဲဒီ GLP-1 ဟာ အစာ စားချင်စိတ်ကို လျှော့ချပေးသလို သွေးထဲက သကြားဓာတ်ကိုလည်း တိုးမလာအောင် ထိန်းချုပ်ပေးပါတယ်။

Thespurce

နောက်တစ်ဆင့်အနေနဲ့ ACS ဟာ အထက်ပါ သုတေသနနည်းစနစ်အတိုင်း လူတွေကို စမ်းသပ်ခဲ့ပါတယ်။ ထူးခြားစွာပဲ Agavins အပင်ရဲ့ အရည်ပါတဲ့ ရေကို သောက်သုံးတဲ့လူတွေဟာ GLP-1 ဟောမုန်းကို ပိုမိုထုတ်လုပ်နိုင်တာကြောင့် အစာကို လိုတာထက် ပိုစားချင်စိတ်မရှိတော့ဘဲ သွေးထဲက သကြားဓာတ်ပါဝင်နှုန်း လျော့နည်းနေပါတယ်။ စမ်းသပ်ချက် ရလဒ်တွေကို သေချာအောင် စစ်ဆေးပြီးမှသာ ACS ဟာ သူ တို့ရဲ့ ရှာဖွေတွေ့ရှိချက်အသစ်ကို ကြေညာခဲ့တာပါ။

READ
ညဘက် လန့်လန့်နိုးတဲ့ အချိန်ပေါ်မူတည်ပြီး သင်ကြုံတွေ့နေရနိုင်တဲ့ ကျန်းမာရေးပြဿနာများ

Tequila ဟာ အယ်လ်ကိုဟောပါတဲ့ အရက်တစ်မျိုးဖြစ်တာကြောင့် တန်ဆေးလွန်ဘေးဆိုတဲ့ စကားအတိုင်း သောက်သုံးသူတွေအနေနဲ့ ကိုယ့်ရဲ့ရေချိန်မှန်ရုံလေး မှီဝဲမှသာ GLP-1 ကြောင့် ကျန်းမာရေုးအတွက် အကျိုးပြုမှာဖြစ်ပြီး အမူးလွန်အောင် သောက်ရင်တော့ ဘာမှအကျိုးထူးမှာ မဟုတ်ကြောင်း တစ်ဆက်တည်း သတိပေးခဲ့ပါတယ်။

Source : Elle

ZARNI

SHARE