အားကစားလုပ်သူများဖို့ သောက်သုံးသင့်တဲ့အရသာရှိအပြည့်နဲ့အအေး ၅ မျိုး

Serhii Bobyk/Shutterstock

ကိုယ်ကာယအားကစားလိုက်စားသူများဟာ လေ့ကျင့်ခန်းတစ်ခါတစ်ခါလုပ်ပြီးတိုင်း ခန္ဓာကိုယ်ကို ပြန်လည်အားဖြည့်ပေးဖို့ လိုအပ်ပြီး ပင်ပမ်းနေတဲ့စိတ်တွေကိုလည်း ပြန်လည်လန်းဆန်းစေအောင် လေ့ကျင့်ခန်းလုပ်ပြီးတိုင်း အရည်တစ်ခုမဟုတ်တစ်ခု သောက်ပေးသင့်ပါတယ်။ သောက်စရာအရည်မျိုးမျိုးရှိတဲ့အထဲကမှ ပညာရှင်တွေညွှန်းထားကြတဲ့ အအေး ၅ မျိုးအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) အုန်းရည်

ပိုတက်ဆီယမ်၊ သဘာဝအချိုဓာတ်နဲ့ ရေဓာတ်ပြည့်ဝစွာပါဝင်တဲ့ အုန်းရည်ကတော့ ကုန်ခမ်းသွားတဲ့စွမ်းအားတွေကို ပြန်လည်ပြည့်တင်းလာအောင် ကူညီပေးပြီး ဆုံးရှုံးသွားတဲ့ ရေဓာတ်ကိုလည်း ပြန်ပြည့်စေပါတယ်။

Valentina_G/Shutterstock

(၂) လိမ္မော်ရည်

လိမ္မော်သီးကို ကိုယ်တိုင်ညှစ်သောက်ဖို့ အချိန်မရှိသူတွေအနေနဲ့ကတော့ ကုန်တိုက်တွေမှာရောင်းတဲ့ စက္ကူဗူးနဲ့လိမ္မော်ရည်လေးတွေကို သောက်ပေးလို့ရပါတယ်။ ကယ်ဆီယမ်နဲ့ ဗီတာမင်ဒီပေါကြွယ်ဝတဲ့အပြင်ကိုမှ electrolytes နဲ့ antioxidants တွေလည်း ပေါကြွယ်ဝတဲ့အတွက် အားကစားလုပ်ပြီးကာစ သွေးဖိအားတိုးခြင်းကိုကာကွယ်ပေးပြီး စိတ်ကြည်လင်လန်းဆန်းမှာပါ။

Nitr/Shutterstock

(၃) နို့ချောကလတ်

ဆုံးရှုံးသွားတဲ့ carbohydrate တွေကို ပြန်လည်ဖြစ်ပေါ်စေပြီး ပင်ပမ်းနေတဲ့ ကြွက်သားတွေအတွက် နို့ချောကလတ်ဖျော်ရညဟာ အကောင်းဆုံးပါပဲတဲ့။ နို့ချောကလတ်မဟုတ်လည်း အဆီမပါတဲ့နွားနို့ကို သောက်သုံးပေးနိုင်ပြီး ရေသောက်တာထက်ပိုထိရောက်စေမှာပါ။

Elena Veselova/Shutterstock

(၄) Sports drinks တွေ

ရောင်းတဲ့ energy drink တွေကို ပြောတာမဟုတ်ဘဲ ကိုယ်တိုင်လုပ်ထားတဲ့ sports drinks တွေကို ဆိုလိုတာပါ။ အုန်းရည်၊ ပျားရည်၊ ဆားအနည်းငယ်နဲ့ သံပုယိုသီးတစ်လုံးဒါမှမဟုတ် လိမ္မော်ရည်စစ်စစ်တို့ကို အချိုးကျဖျော်လိုက်မယ်ဆိုရင်တော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ sports drink ကို ရရှိမှာဖြစ်ပါတယ်။

READ
ဆီအုန်း(စားအုန်းဆီ)က သင့်ကျန်းမာရေးကို ဘယ်လိုထိခိုက်စေနိုင်သလဲ ?
Makistock/Shutterstock

(၅) ဓာတ်ဆားရည်များ

ဈေးကွက်ထဲပေါ်နေတဲ့ ဓာတ်ဆားရည်အမျိုးမျိုးကိုလည်း အားကစားလုပ်ပြီး အနားယူချိန်မှာ သောက်သုံးပေးတာနဲ့ ချွေးထွက်ခြင်းကြောင့် ဆုံးရှုံးသွားတဲ့ ရေဓာတ်တေ ပြန်လည်ပြည့်တင်းပြီး စိတ်အာရုံလန်းဆန်းစေမှာပဲဖြစ်ပါတယ်။

Elizaveta Galitckaia/Shutterstock

ဒီလိုအအေးတွေ ဘာမှမသောက်ဖြစ်ဘူးဆိုရင်တောင်မှ အားကစားလုပ်ပြီးတိုင်း ရေတစ်ခွက်လောက်တော့ သောက်ပေးသင့်ပါတယ်နော်။

Africa Studio/Shutterstock

Penny

 

SHARE