တိုကျိုမြို့မှာ မကြာခင် ဖွင့်လှစ်တော့မယ့် ကားနဲ့ဝင်လို့ရတဲ့ သရဲအိမ်အကြောင်း

Drive-in Haunted House official website

ကပ်ရောဂါကြီးကတော့ တစ်ကမ္ဘာလုံးက အခြေအနေတွေကို တဖြေးဖြေးချင်းပြောင်းလဲပစ်နေတာပါ။ အခုလည်း သရဲအိမ်ဓလေ့ကို ပြောင်းလဲလိုက်ပြန်ပါပြီ။

သရဲအိမ်ဆိုတာ တိုကျိုမှာတော့ အရုပ်သရဲတွေနဲ့တင်မဟုတ်ဘဲနဲ့ လူတွေကိုယ်တိုင် မိတ်ကပ်တွေ၊ အဝတ်အစားတွေကို သေချာပြင်ဆင်ပြီးတော့ ခြောက်လှန့်တဲ့ ပုံစံမျိုးမလို့ အရုပ်တွေထက် ပိုကြောက်ဖို့ကောင်းနေလှပါတယ်။ ဒါပေမဲ့လည်း တစ်ဦးနဲ့တစ်ဦး ၆ ပေခွာရမယ်ဆိုတဲ့ ကျန်းမာရေးစည်းကမ်းချက်ကြောင့် ဂျပန် သရဲအိမ်ကုမ္ပဏီတစ်ခုကတော့ စိတ်ကူးသစ်လေးတစ်ခုကို တီထွင်လိုက်ခဲ့ပါတယ်။

အဲဒါကတော့ ကားနဲ့ဝင်လို့ရမယ့် သရဲအိမ်ပါပဲ။ အရင်တုန်းကလို လမ်းလျှောက်ပြီး သရဲအိမ်ထဲဝင်ရမှာမဟုတ်ဘဲနဲ့ ကိုယ်ပိုင်ကားနဲ့ အထဲကိုဝင်ရမှာပဲဖြစ်ပါတယ်တဲ့။ Kowagarasetai ကုမ္ပဏီရဲ့ စိတ်ကူးကတော့ ကမ္ဘာမှာပထမဆုံးပါပဲ။ Higashi Azabu မှာ ဒီသရဲအိမ်ကို ဖွင့်လှစ်သွားမှာပါ။

Drive-in Haunted House official website
Drive-in Haunted House official website

ဂျပန်မှာ ယုံတမ်းပုံပြင်တစ်ပုဒ်ရှိပါတယ်တဲ့။ လူသူကင်းရှင်းတဲ့ ကားပါကင်တစ်ခုမှာ တစ်ယောက်တည်းရှိနေချိန် ကားပေါ်မှာနေပြီး ကားဟွန်း ၃ ခေါက်တီးလိုက်မယ်ဆိုရင် ဆိုးရွားတဲ့ကိစ္စတစ်ခု ဖြစ်နိုင်ချေရှိတယ်ဆိုပြီးတော့ပါ။ ဒီဇာတ်လမ်းကို အခြေခံထားပြီး သရဲ့အိမ်ကိုလည်းစီစဉ်ထားတာဖြစ်ပါတယ်တဲ့။ ဒါကြောင့် သရဲအိမ်လာမယ့်ကားတွေဟာ ဂိုထောင်ထဲကို တန်းဝင်ရမှာဖြစ်ပြီး ပါကင်ထိုးထားရမှာပါ။

READ
ညဘက် အိပ်ရာမ၀င်ခင် မပြုလုပ်သင့်တဲ့ အပြုအမှုများ
Drive-in Haunted House official website

ဈေးနှုန်းကတော့ ကားတစ်စီးကို ယန်း ၈၀၀၀ ပေးရမှာဖြစ်ပြီး ပထမဆုံးတစ်သုတ်ကိုတော့ ဇူလိုင်လ ၄ ရက်နေ့မှာစီစဉ်ပေးသွားမှာဖြစ်ပြီး ကိုယ်ပိုင်ကားမရှိတဲ့လူတွေကတော့ ဇူလိုင်လ ၅ ရက်နေ့မှာ ကုမ္ပဏီက ကားတွေစီစဉ်ပေးသွားမှာပါတဲ့။ သူတို့ဝင်ကြေးကတော့ ကားကြေး ယန်း ၁၀၀၀ ထပ်ပေးရမှာပါ။

 

Drive-in Haunted House official website

Penny

SHARE