အင်္ဂလန်နိုင်ငံက Essex ကောင်တီရဲတွေဟာ Braintree မြို့တစ်နေရာက ယာဉ်တစ်စီးပေါ်မှာ ချစ်စဖွယ်ခွေးလေးတစ်ကောင်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဖြစ်စဉ်ကတော့ ရဲတွေဟာ ယာဉ်တိုက်မှုတစ်ခုကို စုံစမ်းစစ်ဆေးရာကနေ ၄င်းခွေးလေးကိုတွေ့ရှိခဲ့ကြတာပါ။
ပြီးခဲ့တဲ့စနေနေ့ညမှာ ယာဉ်တိုက်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ ခွေးလေးရဲ့ပိုင်ရှင်က အုတ်နံရံကိုဝင်တိုက်ခဲ့တာဖြစ်ပြီး တိုက်ပြီးပြီးချင်းပဲ ခွေးလေးကို ကားထဲမှာထားခဲ့ကာ သူကတော့ ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးသွားတာ ဖြစ်ပါတယ်။ အောက်မှာတော့ သခင်ရဲ့ ညတွင်းချင်းစွန့်ပစ်တာကို ခံခဲ့ရတဲ့ အညိုရောင်ခွေးလေးကို တွေ့ရမှာပါ။
အနက်ရောက်ခုံပေါ်မှာထိုင်နေတဲ့ သူ့ကို ရဲတွေကဓာတ်ပုံရိုက်တဲ့အခါမှာလည်း ကင်မရာဘက်ဆီကို ညှိုးငယ်တဲ့မျက်နှာလေးနဲ့ကြည့်နေခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ်ဓာတ်ပုံတစ်ပုံကတော့ ယာဉ်တိုက်မှုကြောင့် ကားလမ်းမှာတွေ့မြင်ရတဲ့ အုတ်အကျိုးအစတွေပဲဖြစ်ပါတယ်။

ခွေးလေးကိုတော့ ရဲတွေက တိရစ္ဆာန်ဆရာဝန်ဆီခေါ်သွားပြီး ပြသပေးခဲ့ပါတယ်။ ခွေးလေးနဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာပေါ်က လူတွေကတော့ သနားကရုဏာသက်နေခဲ့တာပါ။ တစ်ချို့ကလည်း ခွေးလေးရဲ့ identity ကိုသိနိုင်တဲ့ ချစ်ပ်ပြားလေးပါလာဖို့ မျှော်လင့်နေသလို တစ်ချို့ကတော့ စာနာတတ်တဲ့သခင်ကောင်းနဲ့တွေ့နိုင်အောင် ဆုတောင်းပေးနေကြကြောင်း dailymail သတင်းစာမျက်နှာအရ သိရပါတယ်။
ShweMom