အများပြည်သူစီးတဲ့ဘတ်စ်ကားပေါ်မှာ သစ်ပင်တွေ စိုက်ထားတဲ့ ထူးထူးခြားခြားကားဒရိုင်ဘာ

အိန္ဒိယနိုင်ငံတောင်ပိုင်း၊ ဘန်ဂါလာရူမှာရှိတဲ့ ဘတ်စ်ကားမောင်းသမားတစ်ယောက်ကတော့ တကယ့်ကို ထူးခြားတဲ့သူပါ။ သူက ဘိုင်လာဆန်ဒရာမြို့ကနေ ရက်စ်ဝန်သပါမြို့ဆီကို ပြေးဆွဲတဲ့ ဘတ်စ်ကားကို နေ့စဉ်မောင်းသူဖြစ်ပြီး သူ့ရဲ့ကားပေါ်မှာ စိုက်ထားတဲ့သစ်ပင်တွေက သူ့ကို ထူးခြားသူတစ်ယောက် ဖြစ်စေခဲ့တာပါ။

နာရာယန်နက်ပါ လို့ခေါ်တဲ့ ကားမောင်းသမားကြီးက ပြီးခဲ့တဲ့ (၄)နှစ်ကစလို့ ကားထဲမှာ သစ်ပင်တွေ စိုက်ခဲ့တာဖြစ်ပြီး အခုဆိုရင် သူ့ရဲ့ကားထဲမှာ ကိုယ်ပိုင်စိုက်ခင်းလေးလိုတောင် ဖြစ်နေပါပြီ။ ဒီသစ်ပင်တွေက နေရာတော်တော်ယူတယ်ဆိုပေမယ့် သူရဲ့ကားလိုင်းပိုင်ရှင်တွေက တားမြစ်ခြင်းမပြုသလို ၊ သူ့ရဲ့အလုပ်အတွက် ပိုပြီးတော့တောင် ချီးကျူးခံခဲ့ရပါတယ်။

ANI

သူ့ရဲ့ကားပေါ်မှာ သစ်ပင်အသေးလေးတွေနဲ့ ပန်းအိုးတွေရှိနေပြီး ခရီးသည်တွေအတွက် လုပ်ထားတဲ့ ထိုင်ခုံတချို့မှာတောင် ပန်းအိုးတွေကို တင်ထားခဲ့ရပါတယ်။

သူ့ရည်ရွယ်ချက်ကတော့ လူတွေ ပိုပြီး သစ်ပင်စိုက်ချင်လာအောင် နှိုးဆော်ဖို့နဲ့ ကမ္ဘာကြီးရဲ့ဂေဟစနစ်ကို တစ်ဖက်တစ်လမ်းက ကူညီဖို့ပါတဲ့။ ဒီရည်ရွယ်ချက်ကို ANI သတင်းစာနဲ့ အင်တာဗျူးမှာ နာရာ က ပြောခဲ့တာပါ။

READ
ကစားကွင်းထဲလျှပ်စစ်မီးပြတ်တောက်မှုကြောင့် အပျော်ရဟတ်စီးရင်းဒုက္ခတွေ့ခဲ့ရသူများ
Twitter

ကားထဲမှာ သစ်ပင်လေး (၁၄)ပင်လောက်သာ ရှိပေမယ့် ဒီအပင်တွေကြောင့် အေးမြမှုကိုခံစားရတယ်လို့ နာရာက ဆိုခဲ့ပြီး နေ့တိုင်းရေလောင်းပေးရတာကတော့ ရိုးနေပါပြီ လို့ ပြောခဲ့ပါတယ်။

နာရာ လိုပဲ အိန္ဒိယနိုင်ငံ၊ ကိုလ်ကတ္တားမြို့က အငှားယာဉ်မောင်း(မြန်မာအခေါ် တုပ်တုပ်) မောင်းနှင်သူ တစ်ဦးကလည်း သူ့ရဲ့ယာဉ်လေးပေါ်မှာ စိုက်ခင်းတစ်ခု ဖန်တီးထားခဲ့ပြီး ဆိုရှယ်မီဒီယာတွေပေါ်မှာ နာမည်ကြီးခဲ့ပါသေးတယ်။

ANI

Linn

Source : ANI

SHARE