ခရီးသည်က အမှိုက်ပစ်တယ်ဆိုရင်ပင် ဒရိုင်ဘာကို ပေါင်(၁၅၀)အထိ ဒဏ်တပ်မယ့်ဗြိတိန်

Daily Telegraph

အမှိုက်သရိုက်ဟာ လူနေမှုပတ်ဝန်းကျင်ကို ညစ်ညမ်းစေပြီး မလိုအပ်ဘဲ ရောဂါပျံ့နှံ့မှုတွေ၊ သဘာဝအန္တရာယ်တွေကိုပါ လက်ယပ်ခေါ်သလို ဖြစ်စေနိုင်ပါတယ်။ စားကြွင်းစားကျန်အမှိုက်များ စည်းကမ်းမဲ့စွန့်ပစ်မှုကြောင့် ကြွက်များသောင်းကျန်းနိုင်ပြီး၊ လူတွေကို ကြွက်ကတစ်ဆင့် ပေးနိုင်တဲ့ရောဂါတွေဟာ အန္တရာယ်လည်း များလှပါတယ်။

Thérèse Coffey

အင်္ဂလန်တစ်ခွင်မှာတော့ မော်တော်ကားလမ်းမများဘေးမှာ အမှိုက်တွေ စည်းကမ်းမဲ့စွန့်ပစ်မှုတွေ ရှိနေလို့ နှစ်စဉ် အမှိုက်အိတ်ပေါင်း (၂)သိန်းကျော်ကို ရှင်းလင်းနေရပြီး၊ နိုင်ငံဘဏ္ဍာ ပေါင်သန်း (၇၀၀)လောက်အထိ ဖြုန်းတီးပစ်ရာ ရောက်နေတယ်လို့ သိရပါတယ်။

Activa Contracts

ဗြိတိန်ယာဉ်မောင်း (၇)ဦးလျှင် တစ်ဦးက အမှိုက်ကို လက်လွတ်စပယ် ပစ်မိကြောင်း ဝန်ခံထားပြီး ဒါတွေကို ထိရောက်စွာ ဟန့်တားဖို့ ဒဏ်ကြေးတွေလည်း တိုးမြင့်လိုက်ကာ၊ အများဆုံးအနေနဲ့ ပေါင်(၁၅၀)အထိ ပေးဆောင်စေမှာ ဖြစ်ပါတယ်။ ဒေသခံ မြို့တော်ကောင်စီတွေကလည်း ဒီဥဒေကို အတည်ပြုလိုက်ပြီး ဒရိုင်ဘာမှ မဟုတ်ဘဲ ခရီးသည်က အမှိုက်ပစ်တယ်ဆိုရင်တောင် အနည်းဆုံး ပေါင်(၈၀)ကနေ ပေါင် (၁၅၀)အထိ ဒဏ်တပ်တော့မှာပါ။

Gaorgiadis Lawyers

ဒီလို ဥပဒေပြင်ဆင်မှုကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး Thérèse Coffey က ထောက်ခံကြိုဆိုခဲ့ပြီး မကြာမီမှာ ဗြိတိန်တစ်ခွင်မှာ ယခင်ကထက်ပိုလှတဲ့ သဘာဝပတ်ဝန်းကျင်ကို မြင်တွေ့ရတော့မှာလို့ ထောက်ခံခဲ့ပါတယ်။ ဒီဥပဒေဟာ သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေးဥပဒေရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

READ
မီယာမီမြို့နဲ့ ကာရစ်ဘီယန်တစ်ကြောကို ကိုင်လှုပ်သွားခဲ့တဲ့ အင်အားပြင်း ငလျင်ကြီး

ယင်းဥပဒေထဲမှာ အမှိုက်စွန့်ပစ်မှုအပြင်၊ ပလက်စတစ် အပိုင်းအစတွေနဲ့ ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေ သုံးစွဲစွန့်ပစ်မှုကို ထိန်းချုပ်ဖို့၊ တားဆီးပိတ်ပင်ဖို့၊ ပလက်စတစ်အိတ် သုံးစွဲမှုကို တားဆီးဖို့စတဲ့ လှုပ်ရှားမှုတွေလည်း ပါဝင်လာမှာပါ။ လူတော်တော်များများကတော့ အမှိုက်ကို လွယ်လင့်တကူ ပစ်နေကြဆဲဖြစ်ပြီး မိမိတို့မှာ ဒီအတွက် တာဝန်မရှိဘူးလို့ ယူဆနေဆဲပါ။

နတ်စည်တော် (Shwemom)

source : thesun.co.uk

SHARE