သီချင်းဖွင့်ပြီးကားမောင်းခြင်းဖြင့် မထင်ထားဘဲရရှိလာနိုင်တဲ့ ကောင်းကျိုးတစ်ခု

Pixabay-Free-Photos

ကားမောင်းတာဟာ တကယ်တော့ တော်တော်လေးကို အာရုံနောက်ရတဲ့အလုပ်တစ်ခုပါ။ ကားမောင်းမကျွမ်းကျင်ရင်လည်းတစ်မျိုး၊ ကျွမ်းကျင်ပြန်တော့လည်း လမ်းပိတ်တာတွေ၊ ကိုယ့်စိတ်နဲ့အဆင်မပြေတဲ့ ကားမောင်းပုံမျိုးနဲ့ ကြုံတွေ့လာတဲ့အခါမျိုးတွေ ဖြစ်တတ်ကြတယ်မဟုတ်လာား။ နောက် ကားမောင်းပြီဆိုတာနဲ့ အာရုံကအပြည့်စိက်ထားရတယ်မဟုတ်လား။

Pixabay- free-photos

စိတ်ဖိစီးမှုမှန်သမျှဟာ ဦးနှောက်ကနေ နှလုံးဆီကို တိုက်ရိုက်အပို့ခံရတာဖြစ်တဲ့အတွက် ဖိအားအားလုံးဟာ နှလုံးကပဲ အကုန်ခါးစီးခံရတာပါ။ ကားကလည်း မဖြစ်နေမောင်းရမယ်၊ ကျန်းမာရေးအတွက်ဆိုးကျိုးဖြစ်စေမယ့် နှလုံးမှာ ဖိအာားသွားဖြစ်ခြင်းကို ဘယ်လိုကျွန်တော်တို့ ဘယ်လိုဖြေရှင်းကြမလဲ။

ဒီအတွက် နည်းလမ်းတစ်ခုကို Medical News Today မှာ ဖတ်ခဲ့ရပါတယ်။ အဲဒါကတော့ သီချင်းနားထောင်ပါတဲ့။

Pixabay-Pexels

ကားမောင်းနေစဉ်သီချင်းနားထောင်ခြင်းဟာ နှလုံးသွေးကြောမှာ သွားဖြေစ်တတ်တဲ့ စိတ်ဖိဆီးမှုကို လျော့ကျစေပါတယ်တဲ့။ စစ်တမ်းအရတော့ ကားမောင်းရင်း သီချင်းနားထောင်တတ်တဲ့အရွယ်တွေဖြစ်တဲ့ ၁၈ နှစ်မှ ၂၃ နှစ်ကြား လူငယ်တွေကတော့ အသက်ကြီးပိုင်းကားမောင်းသူတွေနဲ့ ယှဉ်ရင် စိတ်ဖိဆီးမှုဆိုတာ မဖြစ်သလောက်ပါပဲတဲ့လေ။

READ
ခရမ်းချဉ်သီးရဲ့ မှားယွင်းနေတဲ့အချက်တစ်ခုကို ရှာတွေ့ခဲ့ကြတဲ့သိပ္ပံပညာရှင်များ

သီချင်းအမျိုးအစားကတော့ ကားမောင်းသူရဲ့စိတ်ကြိုက်ဖြစ်ဖို့တော့ လိုအပ်ပါလိမ့်မယ်။ သူစိတ်ကြိုက်ဖြစ်မှလည်း စိတ်ပါဝင်စားစွာ နားထောင်မှာမဟုတ်လား။ ဒါကြောင့် နေ့စဉ်ကားမောင်းရမယ် ဒါမှမဟုတ် အချိန်အကြာကြီး ကားမောင်းရမယ့် ခရီးမျိုး ရှိနေပြီဆိုရင်တော့ သီချင်းလေးဖွင့်ပြီး သာသာယာယာပဲ ကားမောင်းကြပါလို့။

Penny

SHARE