Drone ကနေ ရိုက်ကူးမိခဲ့တဲ့ ရေလွှာလျှောစီးသမားတွေရဲ့ အောက်က ကြောက်မက်ဖွယ်မြင်ကွင်း

[email protected]

ရေလွှားလျောစီးတယ်ဆိုတာ ရုတ်တရက် ကြည့်လိုက်ရင်တော့ လွယ်တယ်လို့ ထင်ရပေမယ့် တစ်ကယ့်လက်တွေ့မှာ အင်မတန်ခက်ခဲသလို အသက်အန္တရာယ်လည်း များလွန်းလှပါတယ်။ လှိုင်းကြီးတဲ့နေရာတွေမှာပဲ စီးရတာဖြစ်တဲ့အတွက်ကြောင့် တစ်ခါတစ်ခါရေလွှာလျောစီးဖို့ကို ရေနက်ပိုင်းအထိသွားရပါတယ်။ အခန့်မသင့်ရင်လည်း ရေနက်ပိုင်းမှာရှိတဲ့ ရေသတ္တဝါတွေရဲ့ အန္တရယ်ပေးတာလည်း ခံရနိုင်ပါတယ်။ အခုလည်း တောင်အာဖရိကနိုင်ငံက ကမ်းခြေတစ်ခုရဲ့ ပင်လယ်ထဲမှာ ရေလွှာလျောစီးသမားတွေကို ဒရုန်းနဲ့ ဗီဒီယိုရိုက်ကူးနေတုန်း ရေလွှားလျောစီးတဲ့ လူတွေရဲ့ အောက်မှာ ငါးမန်းအဖြူကြီးတစ်ကောင်ရှိနေတာကို ကြောက်မက်ဖွယ်မြင်တွေ့ခဲ့ရကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ဗီဒီယိုထဲမှာ တွေ့ရတဲ့အတိုင်း ရေလွှာလျောစီးသမားတွေဟာ တောင်အာဖရိကနိုင်ငံ၊ Plettenberg Bay မြို့အနီးရှိ ကမ်းခြေမှာ သတ်မှတ်ထားတဲ့ နေရာကနေကျော်ထွက်ပြီး ရေလွှာလျောစီးဖို့ ပြုလုပ်နေတာဖြစ်ပါတယ်။ ဒီလိုသတ်မှတ်ထားတဲ့နေရာကို ကျော်ပြီး ရေလွှာလျောစီးဖို့လုပ်နေတဲ့ လူတစ်စုကို Sea Rescue South Africa(NSRI) အဖွဲ့အစည်းကနေပြီးတော့ သတိပေးဖို့အတွက် သူတို့ရေလွှာလျောစီးနေတာကို ဒရုန်းနဲ့ မှတ်တမ်းတင်ခဲ့ပါတယ်။

READ
ဈေးဝယ်သူတွေကို တအံ့တသြ ဖြစ်စေခဲ့တဲ့ နောက်ဆုံးပေါ် နားကပ်ဒီဇိုင်းသစ်
Pixabay-skeeze

အဲဒီလိုမှတ်တမ်းတင်နေတဲ့အချိန်မှာ မထင်မှတ်ထားတဲ့ မြင်ကွင်းတစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။ အဲဒါကတော့ ငါးမန်ဖြူကြီးတစ်ကောင်ဟာ အဲဒီရေလွှာလျောစီးတဲ့လူတွေအောက်မှာ ခေါက်တုံ့ခေါက်ပြန်သွားနေတာပါပဲ။ ကံကောင်းတာတစ်ခုကတော့ အဆိုပါငါးမန်းဖြူကြီးဟာ ဘယ်သူ့ကိုမှ အန္တရာယ်မပေးခဲ့တာပါပဲ။ ငါးမန်းတွေရဲ့ သဘာဝကိုက သွေးနံ့ရမှ ရန်မူတတ်တာဖြစ်တာကြောင့် အဆိုပါရေလွှာလျောစီးတဲ့လူတွေထဲက တစ်ယောက်ယောက်သာ မတော်တဆထိခိုက်မိပြီး သွေးထွက်သွားရင်တော့ သူတို့ရဲ့ ဘဝက မတွေးဝံ့စရာပါပဲ။

[email protected]

“ကျွန်တော်တို့ သတိပေးထားပါတယ်။ အဲဒီလိုအခြေအနေတွေ ကြိုမြင်ခဲ့လို့ အစကတည်းက နေရာတစ်ခုကို ရေလွှာလျောစီးသမားတွေကော၊ ရေကူးတဲ့လူတွေအတွက်ပါ သတ်မှတ်ပေးခဲ့တာပါ။ ဒီလိုအခြေအနေမျိုးမှာ တစ်ခုခုဖြစ်ရင် ကျွန်တော်တို့လည်း လာမကယ်နိုင်ပါဘူး။ အားလုံးစည်းကမ်းလိုက်နာဖို့ပဲ တောင်းဆိုချင်ပါတယ်” လို့ NSRI အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE