မူးယစ်ဆေးဝါး သယ်ဆောင်မှုနဲ့ ထောင်ကျနေတဲ့ ကြောင်လေး ၊ ထောင်ဖောက်ပြေး

Pixabay-male96

ကြောင်တစ်ကောင်က မူးယစ်ဆေးဝါးသယ်ဆောင်မှုနဲ့ ထောင်ကျခဲ့တယ်ဆိုရင် ဘယ်သူမှယုံနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒါဟာ Sri Lanka နိုင်ငံမှာ တစ်ကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ပါ။ ဒါပေမယ့် အဲဒီကြောင်လေးဟာ  ရဲအဖမ်းခံရပြီး ၂၄ နာရီတောင် မပြည့်သေးတဲ့အချိန်မှာပဲ အဆိုပါထောင်ကနေ ဖောက်ထွင်းလွတ်မြောက်သွားခဲ့ပြီး ရဲတပ်ဖွဲကို မျက်ခြေဖြတ်နိုင်ခဲ့ကြောင်း Straits Times သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Pixabay-ThomasWolter

ပြီးခဲ့တဲ့ စနေနေ့(၁.၈.၂၀၂၀)တုန်းက Sri Lanka နိုင်ငံ၊ Colombo မြို့ရှိ နာမည်ကြီး အကျဉ်းထောင်ဖြစ်တဲ့ Welikada Prison မှာ ကြောင်တစ်ကောင်ကို ဖမ်းဆီးရရှိခဲ့မိပါတယ်။ အကြောင်းကတော့ အဆိုပါကြောင်ဟာ မူးယစ်ဆေးဝါးတစ်ချို့နဲ့ တရားမဝင်ပစ္စည်းတွေကို ထောင်ထဲသို့ ပို့ဆောင်ပေးနေလို့ပဲ ဖြစ်ပါတယ်။ အဆိုပါကြောင်ကလေးရဲ့ လည်ပတ်ထဲမှာ ဘိန်းဖြူ ၂ ဂရမ် ပါရှိတဲ့ အထုပ်ကလေးနဲ့ Sim Card ၂ ကဒ်ကို ရှာဖွေတွေ့ရှိခဲ့လို့ပဲ ဖြစ်ပါတယ်။

READ
ဖခင်ကိုသေဆုံးစေတဲ့ အိမ်မီးရှို့မှုအပြီး အပြင်ကနေ တဟားဟား ရယ်နေခဲ့တဲ့ သမီးအရင်း

ဒီလိုနဲ့ အဆိုပါကြောင်ကလေးကို ရဲတပ်ဖွဲ့ ဖမ်းဆီးခဲ့ပြီး ထောင်ထဲပဲ ထည့်ထားခဲ့ပါတယ်။ ဒါပေမယ့် နောက်တစ်နေ့ မနက်ရောက်တဲ့အချိန်မှာတော့ အဆိုပါကြောင်ကလေးကို အကျဉ်းထောင်ထဲမှာ မတွေ့ရှိခဲ့ပါဘူး။ ထောင်ဝါဒါများရဲ့ ပြောပြချက်အရဆိုရင်တော့ အဆိုကြောင်ကလေးဟာ အကျဉ်းထောင်ကို ဖောက်ထွင်းလွတ်မြောက်သွားပုံရကြောင်း သိရှိရပါတယ်။

Google

ဒီလိုတိရစ္ဆာန်တွေကို လေ့ကျင့်ပေးပြီး ထောင်ထဲကို တရားမဝင်မူးယစ်ဆေးဝါးတွေ သယ်ဆောင်တာကတော့ ဒါဟာ ပထမဦးဆုံးအကြိမ်မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ဇူလိုင် ၂၀၂၀ ခုနှစ်မှာ သေဆုံးသွားပြီဖြစ်တဲ့ Sri Lanka နိုင်ငံရဲ့ မူးယစ်ရာဇာဖြစ်သူ Angoda Lokka ဆိုရင်လည်း လေ့ကျင့်ထားတဲ့ သိမ်းငှက်တစ်ကောင်ကို အသုံးချပြီး ထောင်ထဲကို တရားမဝင်မူးယစ်ဆေးဝါးတွေ ပို့ဖူးကြောင်း သိရှိရပါတယ်။

Pyi Hein Kyaw

SHARE