သြစတြေးလျမီးဘေးအတွက် ကိုကိန်းရောင်းသူတွေတောင် ကူညီပေးနေကြ

Twitter / AUWC

သြစတြေးလျနိုင်ငံရဲ့ တောမီးကို ကူညီဖို့ဆိုပြီး နယ်ပယ်ပေါင်းစုံက လူတွေ တတ်နိုင်သလောက်ပါဝင်နေတာကို အားလုံး သိကြပြီး ဖြစ်မှာပါ။ အင်စတာဂရမ်မှာ ၀တ်လစ်စလစ်ပုံတွေနဲ့ တောမီးအတွက် အလှူခံနေတဲ့ မော်ဒယ်တွေ ၊ ရန်ပုံငွေတွေ ကောက်ခံနေကြတဲ့ အားကစားသမားတွေ ၊ အနုပညာရှင်တွေ များစွာရှိနေကြပြီး အဲဒီထဲမှာမှ တောမီးကို ကူညီဖို့အတွက် ထူးထူးဆန်းဆန်း ဈေးရောင်းသူ တစ်ယောက် ပေါ်ထွက်လာခဲ့ပါတယ်။

သူက သြစတြေးလျနိုင်ငံထဲမှာ နေထိုင်တဲ့ ကိုကိန်းရောင်းဝယ်သူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အလုပ်က တရားမ၀င် အလုပ်တစ်ခု ဖြစ်ပေမယ့်လည်း ရောင်းရငွေရဲ့ (၁၀)ရာခိုင်နှုန်းကို တောမီးအတွက် လှူမယ်ဆိုပြီး ၀ယ်ယူသူတွေဆီ မက်ဆေ့ခ်ျပို့ခဲ့တာပါ။

Daily Mail

Daily Mail သတင်းစာရဲ့ ဖော်ပြချက်အရ ၊ သြစတြေးလျနိုင်ငံတွင်းက ကိုကိန်းရောင်းဝယ်သူတစ်ယောက်ဟာ သူ့ရဲ့ဝယ်နေကြ ဖောက်သည်တွေဆီကို မက်ဆေ့ခ်ျတွေပို့ပေးခဲ့ပြီး သူတို့ဝယ်ယူမှုတိုင်းရဲ့ (၁၀)ရာခိုင်နှုန်းကို တောမီးအတွက် လှူဒါန်းသွားမယ်လို့ အသိပေးခဲ့တာပါ။

READ
PUPG မှာတွေ့ပြီးဖူးစာဆုံခဲ့ကြကာ လက်ထပ်ခဲ့ကြတဲ့ ရဲမေနဲ့စစ်သားတို့ရဲ့အချစ်ပုံပြင်

သူ့အနေနဲ့ တောမီးအတွက် စုစုပေါင်း ဘယ်လောက် လှူဒါန်းနိုင်ခဲ့တယ်ဆိုတာ မသိပေမယ့်လည်း အမှန်တကယ်လှူဒါန်းခဲ့တဲ့ အချက်အလက်တွေကို ထပ်မံပို့ပေးခဲ့သေးတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဒီအကြောင်းအရာဟာ တွစ်တာပေါ်မှာ ပျံ့နှံ့နေခဲ့တာဖြစ်ပြီး ဖတ်ရှုမိသူတွေဆီက မတူညီတဲ့ မှတ်ချက်မျိုးစုံကြားခဲ့ရတာပါ။

 

ဒီသတင်းကို ဖတ်မိသူတွေက မူးယစ်ဆေးရောင်းချသူရဲ့တာဝန်သိမှုကို ချီးကျူးခဲ့ကြပြီး တစ်ဖက်က တရားမ၀င်တဲ့ လုပ်ငန်းကို လုပ်ကိုင်နေတာတောင် တိုင်းပြည်ကို ကူညီဖို့ ပြန်ပြီး ကြိုးစားပေးနေခဲ့တယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

READ
သမီးရဲ့ဆံပင်အကုန်နီးပါးကျွတ်စေခဲ့တဲ့ ခေါင်းလျှော်ရည်ကိုတရားစွဲခဲ့တဲ့မိခင်

တချို့ကလည်း ဒီ ကိုကိန်းရောင်းသူအနေနဲ့ တောမီးကိုအကြောင်းပြပြီး သူ့ရဲ့ ပစ္စည်းကို ပိုမိုရောင်းချရဖို့ ကြိုးစားနေတာဖြစ်တယ်လို့ ၀င်ရောက်ရေးသားခဲ့ကြပါသေးတယ်။

Linn

SHARE